Friday, November 25, 2016

“အာစရိယ ပူဇော်ပွဲ”

“အာစရိယ ပူဇော်ပွဲ”
=============
တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက်၊ 24.11.2016 ကြာသပတေးနေ့ မနက် ၆း၀၀ နာရီ မန္တလေး အောင်မြေသာစံမြို့နယ်၊ အလ္လကပ္ပကျောင်းတိုက် ရတနာဂုဏ်ရည်ကျောင်းမှာ ကျင်းပပါတယ်။
မြတ်စိတ်ထားပရဟိတ လူမှုကူညီရေးအသင်းက ဖွင့်လှစ်သော တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကျောင်း ကျောင်းသူကျောင်းသားများ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲပါ။

အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့်အတူ မန်း မဘသ ၀ိုင်းတော်သားများ ကြွရောက်ချီးမြှောက်ကြပါတယ်။

မြတ်စိတ်ထားပရဟိတ လူမှုကူညီရေးအသင်း၏ ပညာဒါန သင်တန်းကျောင်းမှာ ဆရာဆရာမ ၂၁ ဦးရှိပြီး ကျောင်းသူကျောင်းသားက ၂၀ ဦးရှိပါတယ်။ ပထမ အစမ်းစာမေးပွဲမှာ ဘာသာစုံအောင်သူ ၈ ဦးရှိကြောင်းသိရပါတယ်။

ဖွင့်လှစ်တာ ၃ နှစ်ပြည့်ခဲ့သော်လည်း အာစရိယပူဇော်ပွဲကိုတော့ ဒီနှစ်မှ စတင် ပြုလုပ်ဖြစ်သွားတာပါ။














No comments:

Post a Comment