“၀ဋံသကာနှင့် အဘိဝံသ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ”
==================================
နေ့ ၁၂း၀၀ နာရီမှာ အခမ်းအနားစတင်ပါတယ်။
အခမ်းအနားအပြီးမှာ လှူဖွယ်ဝတ္ထုများ လောင်းလှူကြပါတယ်။
တစ်နိုင်ငံလုံး အဘိဝံသဘွဲ့ရသူ ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများလည်း ကြွရောက်ကြပါတယ်။
ဗန်းမော်ဆရာတော်ကြီး၊ သိန်းသန်းဆရာတော်ကြီး၊ မိုးတားဆရာတော်ကြီး၊ သဒ္ဓမ္မနယူပဒေသဆရာတော်ကြီး၊ ၀ိဇိတာရုံဆရာတော်ကြီးများ စုံလင်ပါတယ်။
ရဟန်းပျိုများလည်း စုံလင်ကြပါတယ်။
ဝဋံသကာ ရွှေတံဆိပ်ဆုရ(၉)ပါးတွင် ဗန်းမော်ဆရာတော်ကြီးနှင့် အောင်ချမ်းသာဆရာတော်နှစ်ပါး ကြွရောက်ပြီး ဗိုလ်ကြီးကျော်နိုင်(ကစ္စာယနဘိဝံသ)နှင့် ဦးသောင်းလွင်(အရှင်သုမန BA ၀ဋံသကာ) လူပျံတော်နှစ်ဦး တက်ရောက်ကြပါတယ်။ ကျန်ဝဋံသကာငါးပါးတွင် မင်းကွန်းဆရာတော်ကြီးနှင့် အခြားဆရာတော်များ ပျံလွန်တော်မူခဲ့ကြပြီး ဆရာကြီးဦးရွှေအောင်နှင့် အခြားလူပျံတော်များ ကွယ်လွန်သွားကြပါပြီ။
ရှားရှားပါးပါး ၀ဋံသကာရွှေတံဆိပ်ဆုရ ဆရာတော်နှစ်ပါးနှင့် ဆရာကြီးနှစ်ဦးသာ သက်ရှိထင်ရှား ရှိနေသေးတာဖြစ်ပါတယ်။
ပရိယတ္တိသာသနဟိတအသင်းကြီး(ခေါ်) သကျသီဟအသင်းကြီးက နှစ်ပေါင်း (၁၁၀)အတွင်း မွေးထုတ်ပေးလိုက်သော အဘိဝံသဘွဲ့ရ ဆရာတော်ပေါင်း(၃၉၈)ပါးရှိပါပြီ။ ၄င်းအသင်းကြီးသည် မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၅×၈၅လမ်းထောင့်၊ ဦးလှသိန်းဗိမာန်မှာ တည်ရှိပါသည်။
အခန်းအနားကိုလည်း ဦးလှသိန်းဗိမာန်မှာပင် ကျင်းပပါသည်။ ယနေ့အခမ်းအနား၌ ၀ဋံသကာ ရွှေတံဆိပ်ဆုရ ဆရာတော်နှစ်ပါးနှင့် အဘိဝံသဘွဲ့ရ ဆရာတော်များအား ဖူးတွေ့ရသည်မှာ တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်ထူး ကုသိုလ်မြတ်ပင်ဖြစ်ပါသည်။
No comments:
Post a Comment