Friday, November 25, 2016

“မျိုးချစ်ကြယ်တစ်ပွင့် ရက်လည်ဆွမ်း”

“မျိုးချစ်ကြယ်တစ်ပွင့် ရက်လည်ဆွမ်း”
===========================
ဦးမောင်မောင်(ခ) ဦးအောင်ဝင်းစိုး အသက်(၄၆)နှစ် ကွယ်လွန်ခဲ့တာ ဒီနေ့ဆိုရင် ရက်လည်ပါပြီ။
ရက်လည်ဆွမ်းအဖြစ် မြောက်ဒဂုံနေအိမ်မှာ ဆွမ်းကပ်ပါတယ်။

၂၀ ရက်နေ့မှစ၍ ယနေ့ထိနေ့စဉ် နေအိမ်မှာ ဆွမ်းကပ်ပြီး ရေစက်ချတရားနာပါတယ်။
မရမ်းကုန်းမြေပုံဆရာတော်ကြီး အမှူးရှိသော ဆရာတော်သံဃာတော်များ နေ့စဉ်ကြွရောက်ချီးမြှောက်ပါတယ်။

ဇနီး မအိနှင့် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရှိပါတယ်။ အစ်ကိုအရင်းတစ်ယောက်နှင့် မိခင်ကြီးတို့က မြောက်ဒဂုံမြို့နယ်မှာပဲ အခြားရပ်ကွက်မှာ နေထိုင်ကြပါတယ်။ အစ်ကိုကြီးဖြစ်သူက ဆွမ်းကပ်ဖို့အတွက် အစစအရာရာ စီမံပေးတာပါ။

ဦးမောင်မောင်၏ မိတ်ဆွေများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။













No comments:

Post a Comment