ပါရီ၊ ဇန်နဝါရီ
၂
ဟန်လင်းအောင်
ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ
ဗလီတစ်ခုရှေ့တွင် လုံခြုံရေးစောင့်ကြပ်နေသော ပြစ်သစ်စစ်သားများကို လူတစ်ယောက်က ကားဖြင့်အတင်းဝင်တိုက်မှု
ဖြစ်ပွားခဲ့သည်။
ဗလန့်စ်မြို့တွင်ဖြစ်ပွားခြင်းဖြစ်သည်။
ကားနဲ့အတင်းဝင်တိုက်မှုကြောင့် အစောင့်စစ်သားလေးဦးအနက် တစ်ဦးဒဏ်ရာရခဲ့သည်။ စစ်သားများသည်
ကားဒရိုင်ဗာကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။ လက်မောင်းနှင့် ခြေထောက်ကိုသာ ပစ်ခတ်ခြင်းဖြစ်သောကြောင့်
ကားမောင်းသူသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
နိုဝင်ဘာလ
၁၃ ပါရီအကြမ်းဖက်ခံရမှုနောက်ပိုင်း ပြစ်သစ်နိုင်ငံတစ်ဝန်း လုံခြုံရေးများ အထူးတင်းကျပ်ထားသည်။
ကားဖြင့်အတင်းဝင်တိုက်သူ၏ ရည်ရွယ်ချက်ကို မသိရသေး။ ကားမောင်းသူသည် စစ်သားများကို နှစ်ကြိမ်တိုင်
ဝင်တိုက်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ပထမတစ်ကြိမ်ဝင်တိုက်ပြီးနောက် နောက်ပြန်ဆုတ်လာပြီး
ထပ်တိုက်ဖို့ ကြိုးစားခြင်းဖြစ်သည်။ ဒုတိယအကြိမ်တွင် စစ်သားများသည် ယာဉ်မောင်းသူကို
အသက်မသေလောက်သောနေရာများကိုရွေးပစ်ကာ အရှင်ဖမ်းနိုင်ခဲ့သည်။
ဒရိုင်ဘာသည်
အသက်(၂၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဗလန့်စ်မြို့ကနေ တစ်နာရီလောက်ကားမောင်းလျှင်ရောက်နိုင်သော
လိုင်ယွန်မြို့တွင် နေထိုင်သူဖြစ်သည်။ လွင့်လာသော ကျည်ဆံပဲ့တစ်ခုသည် လမ်းဘေးကလျှောက်လာသော
သက်ကြီးရွယ်အိုတစ်ဦး၏ ခြေသလုံးကို ထိမှန်ခဲ့သည်။
စစ်သားလေးဦးသည်
အရမ်းကာရော မပစ်ခတ်ဘဲ ထိန်းချုပ်ပစ်ခတ်ကာ ဒရိုင်ဘာကို အရှင်ဖမ်းဆီးနိုင်ခဲ့သဖြင့်
ချီးကျူးမိပါကြောင်းဖြင့် ကာကွယ်ရေးဝန်ကြီး ယန်း ဗက်စ် လီ ဒရိုင်ယန်နှင့် ပြည်ထဲရေးဝန်ကြီး
ဘားနဒ်ကာဇန်ဗီတို့က ပြောသည်။
ပြင်သစ်နိုင်ငံတစ်ဝန်း
လုံခြုံရေးစိုးရိမ်ရမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ တစ်သောင်းခန့် ဖြန့်ခွဲတပ်ချထားသည်။
3.1.2016-
မန္တလေးအလင်း သတင်းစာ

No comments:
Post a Comment