အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ရမည်းသင်းမြို့နယ်
စာအမှတ်။ ။ ၀၀၁(မဘသ)၁၆
ရက်စွဲ။ ။ ဇန္နဝါရီလ(၄)ရက်၊ ၂၀၁၆-ခု
ဦးထွန်းထွန်းဝင်း
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း
ရမည်းသင်းမဲဆန္ဒနယ်
အကြောင်းအရာ။ ။ အကြောင်းကြားစာပေးပို့ခြင်း။
၁။ ၂၀၁၅ ခု
ရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးထွန်းထွန်းဝင်းနှင့်
အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးအောင်မျိုးဦးတို့သည်
ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများအပေါ် ကန့်ကွက်လွှာတင်သွင်းရာ၌
ရမည်းသင်းမြို့နယ်တွင်ကျင်းပခဲ့သော
အမျိုးစောင့်ဥပဒေအောင်ပွဲအားလည်းကောင်း၊ ရမည်းသင်းမြို့နယ် မဘသ သံဃာတော်များအားလည်းကောင်း၊
အများပြည်သူအထင်အမြင်လွဲစေမည့်စကားလုံးများ၊ ဂုဏ်သိက္ခာကိုပုတ်ခတ်သည့်စကားလုံးများဖြင့်
ရေးသားဖော်ပြခြင်းနှင့်ပတ်သက်၍ ရမည်းသင်းမဘသသံဃာတော်များ (၁.၁.၂၀၁၆)နေ့တွင် စည်းဝေးတော်မူကြပါသည်။
၂။ ရမည်းသင်း
မဘသသံဃာတော်များအစည်းအဝေးမှ အောက်ပါအတိုင်း ဆွေးနွေးညှိနှိုင်းဆုံးဖြတ်တော်မူကြပါသည်။
(က) ဦးထွန်းထွန်းဝင်းနှင့်
ဦးအောင်မျိုးဦးတို့၏ ရေးသားတင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရေးသားသူ ကာယကံရှင်များ၊
ရွေးကောက်ပွဲကော်မရှင်၊ (NLD)ပါတီဥက္ကဋ္ဌ စသူတို့ထံ ပြန်လည်ဖြေရှင်းရေးသား၍ ပေးပို့ရန်။
(ခ) ဦးထွန်းထွန်းဝင်းနှင့်
ဦးအောင်မျိုးဦးတို့ထံ အသိပေးစာလက်ခံရရှိပြီးနောက် (၁၅)ရက်အတွင်း ရမည်းသင်းမဘသသံဃာတော်များထံ
လာရောက်ဝန်ချတောင်းပန်ကန်တော့စေရေး အသိပေးစာပေးပို့ရန်။
(ဂ) ဝန်ချတောင်းပန်ခြင်းပြုလျှင်
မဘသသံဃာတော်များက သည်းခံခွင့်လွှတ်တော်မူကြရန်နှင့် ဝန်ချတောင်းပန်ခြင်းမပြုပါက နိုင်ငံတော်၏
တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်တော်မူကြပါသည်။
၃။ သို့ပါ၍
ဒကာဦးထွန်းထွန်းဝင်းနှင့် ဒကာဦးအောင်မျိုးဦးတို့သည် မဘသသံဃာတော်များ ပင့်ဆောင်ထားနိုင်ရေး
အနည်းဆုံး (၂)ရက် ကြိုတင်လျှောက်ထားပါရန် အသိပေးအပ်ပါသည်။
ဘဒ္ဒန္တစန္ဒောဘသ
ဥက္ကဋ္ဌဆရာတော်
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့
ရမည်းသင်းမြို့။
ဘဒ္ဒန္တတိက္ခသာရ
အတွင်းရေးမှူးဆရာတော်
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့
ရမည်းသင်းမြို့။






No comments:
Post a Comment