Tuesday, January 5, 2016

“ဆွီဒင်သတင်းသမားနှင့် အမေးအဖြေ”


19.11.2015 ရက်နေ့ မွန်းလွဲပိုင်း ဓမ္မသဟာယကျောင်းမှာ လာရောက်မေးလျှောက်ပါတယ်။ မစ္စတာ မာတင်က အလွတ်တန်းသတင်းထောက်တစ်ဦးပါ။ ဆွီဒင်သတင်းစာတွေမှာ ရေးသားကြောင်း သိရပါတယ်။

မဘသပန်းတိုင်၊ ရခိုင် မိတ္ထီလာ အရေးအခင်း၊ ရခိုင်အရေးအခင်းအတွက် အဖြေ၊ ရိုဟင်ဂျာ နာမည်တု၊ ရွှေဝါရောင်နိဒါန်း၊ အမျိုးစောင့်ဥပဒေအဖျက်ခံရသော် စတာတွေ မေးပါတယ်။
မောင်တော ဂျီဟဒ် ဗီဒီယိုဖိုင်လေး ပြပြီး ရှင်းပြပေးလိုက်ပါတယ်။

မူဆလင်ကတော့ ဟိန္ဒူတွေကိုလည်း မုဒိမ်းကျင့်တာပဲ၊ ခရစ်ယာန်တွေကိုလည်း မုဒိမ်းကျင့်တာပဲ၊ ဗုဒ္ဓဘာသာတွေကိုလည်း မုဒိမ်းကျင့်တာပဲ။
မြန်မာတို့ ခရစ်ယာန်တို့ ဟိန္ဒူတို့ကတော့ မူဆလင်အမျိုးသမီးကို မုဒိမ်းကျင့်တဲ့အမှု တစ်မှုမှမရှိဘူး။
မြန်မာချင်းချင်း ကျင့်တာတွေတော့ ရှိကြပါတယ်။

တိုင်းပြည်အတွက် ကြောက်စရာအကောင်းဆုံးအိပ်မက်ဆိုးကတော့ ဂျီဟဒ်အန္တရာယ်ပဲ။ လူမျိုး ဘာသာသာသနာ နိုင်ငံကို အန္တရာယ်ပြုမည့် မူဆလင်တွေဆင်နွှဲဖို့ကြံစည်နေတဲ့ ဂျီဟဒ်စစ်ပွဲပါ။

ရခိုင်ပြည်ရဲ့ အဖြေ- အဓိကကတော့ RSO တွေကို ကမ္ဘာကြီးက မတရားအသင်းအဖြစ် ကြေညာပေးဖို့ပဲ။ နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မူဆလင်တွေကို သွေးခွဲပေးနေတဲ့ RSO အဖွဲ့ကို ဘယ်နိုင်ငံမှလက်မခံဘဲ ရှင်းလင်းပစ်ရမယ်။ အစိုးရကလည်း RSO တွေက ဘင်္ဂလီတွေကို ဆက်သွယ်လို့မရအောင် တားဆီးပစ်ရမယ်။

ဘင်္ဂလီတွေ ဒီနိုင်ငံမှာမနေသင့်ဘူး၊ ထွက်သွားရမယ်လို့ တစ်ခါမှ မပြောဖူးဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာ နာမည်အတုဖြစ်ကြောင်းတော့ အမြဲပြောတယ်။ အင်္ဂလားဒေ့ရှ်ကနေ မြန်မာပြည်ကို ခိုးဝင်လာတဲ့အခါ ခိုးဝင်တွေမှန်းမသိအောင် ရိုဟင်ဂျာဆိုပြီး ဖန်တီးလိုက်ကြတာပါ။ အင်္ဂလိပ်ခေတ်က မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာလူမျိုးစာရင်း မရှိခဲ့ဘူး။

ရွှေဝါရောင်တော်လှန်ရေးဟာ ဦးဇင်းရေးလိုက်တဲ့ ဆောင်းပါးတစ်ပုဒ်က စတာပါ။ နိုင်ငံရေးသမားတွေက မရိုးသားလို့ ပြည်သူလူထုကို ချမပြတာပါ။ သူများတွေက ကဗျာတစ်ပုဒ်တည်းနှင့် ဆုတွေအများကြီးရကြတယ်။ ဦးဇင်းကျတော့ စာတမ်းကြီးတစ်စောင်လုံးရေးတာတောင် မရဘူး။
အဲဒီစာတမ်းကို ဦးဇင်းကရေးတယ်။ NLD က တစ်ဆင့်ပြန်ကူးတယ်။ ဒီစာတမ်းကို လက်ခံယူသွားပြီး AAPP ပို့တာက ၈၈ မှ ကိုမြအေး။ ဘုန်းကြီးရယ်၊ NLD ရယ်၊ မူဆလင်ရယ် ပေါင်းပြီး နိုင်ငံရေးလုပ်ခဲ့တာ။ ဦးဇင်းနှင့် NLD က ထောင်ထဲမှာ။ ကိုမြအေးက လွတ်လာတာ မကြာသေးဘူး။
AAPP က အဲဒါကို ကိုင်ပြီးတော့ ရွှေဝါရောင်ကို ဖန်တီးသွားတာ။

NLD ကို မဲမပေးနဲ့လို့ ဟောတယ်ဆိုပြီး နိုင်ငံရေးသမားတွေက ဝါဒလိုက်ဖြန့်နေတာပါ။ NLD ကို မဲမပေးနဲ့လို့လည်း မပြောဘူး။ ကြံ့ခိုင်ရေးကို မဲပေးပါလို့လည်း မပြောဖူးဘူး။

နောက်အစိုးရက အမျိုးစောင့်ဥပဒေကိုဖျက်မယ်ဆိုရင်တော့ သူတို့ကို အိမ်ပြန်ပို့ဖို့ အဆင်သင့်ပဲ။ အမျိုးစောင့်ဥပဒေကို ထိလာရင်တော့ အိမ်ပြန်ပို့မည့်သူတွေက အများကြီးပဲ။
ရွှေဝါရောင်တော်လှန်ရေးကာလထက် အင်အားကောင်းတဲ့ သံဃာ့လှိုင်းလုံးကြီး တွေ့သွားရမှာပါ။
သိပ်သိချင်နေရင် စမ်းကြည့်လိုက်လေ။


နောက်ဆို ကမ္ဘာကြီးက မူဆလင်မှန်သမျှကို မျက်လုံးဒေါက်ထောက်ကြည့်ကြတော့မှာပါ။ မူဆလင်အစွန်းရောက်တွေ အကြမ်းဖက်သမားတွေကြောင့် ဒီလိုဖြစ်သွားရတာပါ။ သူတို့ကိုလည်း သံသယဖြစ်တဲ့ ပြည်သူတွေရဲ့အပြစ် အဟုတ်ပါဘူး။ 


No comments:

Post a Comment