6.11.2015
မနက်ပိုင်းမှာ လာရောက်တွေ့ဆုံပါတယ်။ ဓမ္မသဟာယကျောင်းမှာပဲ တွေ့ဆုံဖြေကြားပါတယ်။
ZDF သတင်းဌာနက
ရုပ်သံ (TV) သတင်းဌာနပါ။ ဂျာမန်မှာပဲ ဂျာမန်ဘာသာဖြင့် ထုတ်လွှင့်ပါတယ်။
ဒေါ်စုပုံကြီးတွေ့လို့
ဒေါ်စုပုံရှေ့မှာပဲ ဗျူးချင်တယ်ဆိုလို့ ခွင့်ပြုလိုက်ပါတယ်။ စာရေးသူရဲ့ကျောင်းရှေ့မှာ
ချိတ်ဆွဲထားတဲ့ ပြည်တွင်းပြည်ပ မူဆလင်သောင်းကျန်းပုံတွေကိုကြည့်ပြီး မေးခွန်းတွေလည်း
မေးကြပါတယ်။ စာချနေပုံလည်း မှတ်တမ်းတင်သွားပါတယ်။
ဒေါ်စုနှင့်ပတ်သက်ပြီး
အမြင်ပြောင်းလဲသွားပုံ၊ ရွှေဝါရောင်ကာလနှင့် မတူညီတော့ပုံ၊ ဒေါ်စု ရွေကောက်ပွဲနိုင်ခဲ့သော်၊
ရွေကောက်ပွဲနှင့် မဘသမူဝါဒ စတဲ့ နိုင်ငံရေးကများများ အမျိုးသားရေးက နည်းနည်းပဲ မေးလျှောက်ပါတယ်။
မူဆလင်တွေကို
ထိန်းချုပ်ဖို့ မရည်ရွယ်ပါဘူး။ သူတို့တွေ လိမ္မာယဉ်ကျေးဖို့ပဲ လိုလားတာပါ။ ဟိန္ဒူတွေလို
နေတတ်ထိုင်တတ်ပြီဆိုရင် ပန်းတိုင်ရောက်ပြီလို့ ဆိုရမှာပါ။
ရိုဟင်ဂျာအရေး
ဘင်္ဂလီအရေးက ပြည်တွင်းအရေးထက် ပိုအရေးကြီးသွားပြီ။ နိုင်ငံတစ်ခုလုံး ဆုံးရှုံးရမည့်အန္တရာယ်ကြီး
ဖြစ်လာတော့ သံဃာတွေက အစိုးရနှင့်ပူပေါင်းပြီးတော့ တိုင်းပြည်ကို ဝိုင်းပြီးကယ်တင်ကြတာပေါ့။
ပါတီတွေကတော့ အစိုးရအကြပ်အတည်းဖြစ်လေ ကြိုက်လေဆိုတော့ ရိုဟင်ဂျာ ဘင်္ဂလီအရေးမှာ ပါတီတွေက
မပါခဲ့တော့ဘူး။
ဒေါ်စုနှင့်
လုပ်ငန်းတွဲမလုပ်တော့ပေမယ့် ရင်ထဲမှာတော့ မေတ္တာအပြည့်ရှိတယ်။ ဒေါ်စုရဲ့ ပေးဆပ်မှုနှင့်
သတ္တိ ဗျတ္တိတွေကို လေးစားလို့ ဒီဓာတ်ပုံတွေ ချိတ်ဆွဲထားတာပါ။
ဒေါ်စုတို့
အပြတ်အသတ်အနိုင်ရခဲ့ရင် ဒီအစိုးရက ရွေကောက်ပွဲရလဒ်ကို လက်ရခံမယ် ကြည်ကြည်ဖြူဖြူနှင့်
လွှဲပြောင်းပေးရမယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနှင့်လည်း ဒီအဖြေကို လက်ခံရမယ်။
NLD အနိုင်ရခဲ့ရင်
သူတို့ရဲ့ခြေလှမ်းတွေ ပြင်မှရမယ်။ ခြေလှမ်းတွေမပြင်ဘဲနဲ့ နည်းဗျူဟာတွေမပြောင်းဘဲနဲ့
ဆက်ပြီးသွားနေမယ်ဆိုရင်တော့ လွှတ်တော်တွင်းလည်း မတည်ငြိမ်နိုင်ဘူး။ နိုင်ငံတစ်ခုလုံးလည်း
မတည်ငြိမ်နိုင်ဘူး။ စစ်တပ်ကလည်း အမှားစောင့်ပြီး အာဏာသိမ်နိုင်တယ်။
ထိုင်းနိုင်ငံမှာ
အဝါတက်တော့ အဝါကပြင်၊ အနီတက်တော့ အနီကပြင်တော့ အဝါနှင့်အနီကြားမှာ ထိုင်းစစ်တပ်က ခဏခဏ
အာဏာသိမ်းပစ်လိုက်သလို အခြေခံဥပဒေကို ဇွတ်ပြင်မယ်ဆိုရင် လွှတ်တော်အတွင်း မတည်ငြိမ်နိုင်တော့ဘူး။
၅၉(စ) ပြင်ချင်တဲ့သူနှင့်
မပြင်ချင်တဲ့သူတွေ ထိပ်တိုက်တွေ့ကြတဲ့အခါ ရှပ်နီ ရှပ်ဝါတွေလို တိုက်ပွဲကပြင်းထန်သွားမှာ။
အဲဒါဆိုရင်တော့ သေချာပေါက် အာဏာပြန်အသိမ်းခံရမှာ။
လွှတ်တော်ထဲမှာ
ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ လမ်းမပေါ်မှာ ရုန်းရင်ဆန်ခတ်ဖြစ်တယ်ဆိုရင်တော့ သေချာပေါက် စစ်တပ်က
အမှားတွေ့သွားပါပြီ။ အဲဒီအမှားကိုပဲ စစ်တပ်က လိုချင်တာပါ။
No comments:
Post a Comment