Friday, December 18, 2015

''လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် ဒို့နဂါးနီ'' သီချင်းစာသားကို ဆောင်ပုဒ်အဖြစ် ကိုင်စွဲထားသော ..... နဂါးနီစုဘူးအသင်း


လူနည်းစု အရင်းရှင် (၁)
၁၄-၈-၂ဝ၁၂ ရက်နေ့က ဖြစ်သည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ မေတ္တာလမ်းသွယ်ပေါ်မှာ အမျိုးသမီး နှစ်ယောက် လုံးထွေး သတ်ပုတ်ကြသည်။
အောက်မှာလဲနေသော အမျိုးသမီးကို အပေါ်မှ ခွထိုင်ပြီး သတ်ပုတ်နေသော အမျိုးသမီး၏ခင်ပွန်းက အုတ်ခဲကျိုးဖြင့် ကိုင်ရိုက်ချလိုက်သည်။ အမျိုးသမီးချင်း ဖြစ်သည်ကို ဖျန်ဖြေမှုမပြုဘဲ အမျိုးသားက တပ်ကူဝင်၍ တိုက်ခိုက်ခြင်း ဖြစ်၏။ သွေးထွက်သံယိုဖြစ်ရာမှ ရပ်ကွက်လူကြီး ရောက်လာ၍ ပွဲရပ်သွားသည်။

ထုံးစံအတိုင်းပင် ခံရသူက ရွှေမြန်မာ ဆင်းရဲသူမ။ ကျူးလွန်သူက မွတ်စလင် လင်မယား။
အနိုင်ကျင့်ခံရသူ မခင်စောကြူ (၃၄)နှစ်၏ မိခင် ဒေါ်ပေါက်ရီက အနိုင်ကျင့်သူ ကုလားလင်မယားထံ အတိုးနှင့် ငွေချေးယူ ထား၏။ မတန်တဆပေးရသော အတိုးဖြစ်၏။ ၎င်းကို ဆီတိုးဟု ခေါ်သည်။

ငွေ (၇ဝဝဝဝ)ကျပ် ချေးယူထားရာ နေ့စဉ် (၃၅ဝဝ)ကျပ် အတိုးပေးရသည်။ ထိုသို့ပေးလာခဲ့သည်မှာ (၇)လပင် ပြည့်ခဲ့ပြီ။ စုစုပေါင်း (၇၃၅ဝဝဝ)ကျပ် ဆပ်ပြီးပြီ ဖြစ်သော်လည်း မူလချေးငွေ (၇ဝဝဝဝ)နှင့် အတိုး (၃၅ဝဝ) တစ်ပေါင်းတည်း မပေးနိုင်သေးသောကြောင့် အကြွေးမကြေဟု ဆိုသည်။ (၇၃၅ဝဝ) တစ်လုံးတစ်ခဲတည်း မပေးသမျှ တစ်သက်လုံး နေ့စဉ် (၃၅ဝဝ)ကျပ် ပေးဆပ်နေရမည့် ငွေချေးစနစ်တည်း။

အမျိုးတွေကို သူစိမ်းတွေက ခေါင်းပုံဖြတ်  အမြတ်ကြီးစား  ကုပ်သွေးစုတ် အဆီထုတ် နေကြသည်ကို မရှုနိုင်မကြည့်ရက်သော်လည်း စာရေးသူမှာ မဲဇာလွန်တောရမှ ပြန်ရောက်လာကာစဖြစ်၍ အတိုင်းအတာ တစ်ခုမျှသာ ကူညီနိုင်ခဲ့၏။

လူနည်းစု အရင်းရှင် (၂)
၂၆-၇-၂ဝ၁၃ နေ့မှာလည်း အမျိုးသမီးလေးတစ်ယောက် ကျောင်းရောက်လာပြန်သည်။ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်က ဖြစ်၏။
အသက် ၂၃ နှစ်အရွယ် (ကလေးတစ်ယောက်မိခင်) မဝင်းဇာနည်အောင် အမည်ရှိ ပန်းရံမလေး ဖြစ်၏။ ငွေငါးထောင်ကျပ် ချေးယူထား၍ ရက်သတ္တတစ်ပတ်လျှင် အတိုးငွေ တစ်ထောင်ကျပ်စီ ပေးဆပ်ရသည်။ ငါးပတ်တိတိ အတိုးငွေ မဆပ်နိုင်သည့်အခါ ၎င်းအတိုးငွေငါးထောင်ကို အရင်းငွေအဖြစ် ထပ်မံသတ်မှတ်ကာ တစ်ပတ်လျှင် အတိုးငွေ နှစ်ထောင်ကျပ်စီ ပေးဆပ်ရပြန်သည်။ ၎င်းအတိုးငွေ နှစ်ထောင်ကျပ် မပေးဆပ်နိုင်ဘဲ သုံးပတ် ပျက်ကွက်သွားသောကြောင့် မွတ်စလင် အမျိုးသမီးက ၂၆-၇-၂ဝ၁၃ မှာ မဝင်းဇာနည်အောင်အား ပါးရိုက်လိုက်၏။ မွတ်စလင် အမျိုးသားက ၂၉-၇-၂ဝ၁၃ ရက်နေ့မှာ ထပ်မံ ပါးရိုက်လိုက်ပြန်၏။ ၁-၈-၂ဝ၁၃ ရက်နေ့မှာ ချွေးမဖြစ်သူက ထပ်မံ ပါးရိုက်လိုက်ပြန်၏။ တစ်ချက် နှစ်ချက်တည်း ရိုက်ခြင်း မဟုတ်ဘဲ တစ်ဆယ့်လေးငါးချက် ဆက်တိုက်ရိုက်ခြင်း ဖြစ်၏။ လက်ဝါးနှင့် ရိုက်ခြင်းမဟုတ်ဘဲ မိန်းမစီးဖိနပ်ဖြင့် ရိုက်ခြင်း ဖြစ်၏။ ရင်သွေးငယ်လေးကို ပွေ့ချီထားရင်း အရိုက်ခံရခြင်း ဖြစ်၏။

စုံစမ်းကြည့်ရာ တစ်ရပ်ကွက်လုံးနီးပါး အရိုက်ခံနေကြရ၏။ မြေသယ်လုပ်သား၊ ပန်းရောင်းသူ၊ ပန်းရံလုပ်သူများ အရိုက်ခံနေရခြင်း ဖြစ်၏။ အရိုက်ခံရသူများတွင် အဖွားကြီးများလည်း ပါဝင်၏။ အမျိုးသားများလည်း ပါဝင်၏။ အချို့ အမျိုးသမီးငယ်လေးများဆိုလျှင် မွတ်စလင် လင်မယားနှင့် ချွေးမတို့၏ ဝိုင်းရိုက်မှုကို ခံခဲ့ရ၏။

နဂါးနီ နိဒါန်း
စာရေးသူက မဝင်းဇာနည်အောင်ဘက်မှ ရဲစခန်းထံ အကူအညီတောင်းသည့်အခါ တစ်အိမ်တည်းသာရှိသော မွတ်စလင်မိသားစု ထွက်ပြေးသွားကြတော့၏။ သူတို့ မရှိသည့်အခါ သူတို့နေရာတွင် အချင်းချင်း ကုပ်သွေးစုပ် အမြတ်ထုတ်မည့်သူများ ပေါ်ပေါက်မလာခင် ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ ငွေချေးပေးမည့် အစီအစဉ် စတင်ခဲ့ရပေသည်။

နဂါးနီစုဘူး အမည်တွင်ခြင်း
ကုလားက ငါးထောင်ချေးလျှင် ငါတို့က ငါးသောင်းချေးပေးမည်။ ကုလားက အနည်းဆုံး နှစ်ဆယ်တိုး ယူလျှင် ငါတို့က ငါးကျပ်တိုးသာ ယူမည်။ ၎င်း ငါးကျပ်တိုးထဲမှ နှစ်ကျပ်စီကို ကျန်းမာရေးရံပုံငွေ အတွက် စုထားပေးမည်။ သုံးကျပ်စီကို ဘဝတူ ဆင်းရဲသူ ဆင်းရဲသားများအတွက် အရင်းအနှီး ပြန်ထောင်ပေးမည်ဟု ဆိုကာ လူငါးဆယ်စာ သိန်းအစိတ် ထုတ်ပေးလိုက်ပါသည်။

၁-၉-၂ဝ၁၃ ရက်နေ့၌ ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်မှစ၍ စုဘူးအသင်း တည်ထောင်လိုက်ခြင်း ဖြစ်၏။ အသင်း၏ အမည်ကို အစည်းဝေးထိုင်၍ စဉ်းစားကြရာ စာရေးသူက စူဠသေဋ္ဌိဇာတ်တော်ကို မြန်မာပြန်၍ သူဌေးလေး စုဘူးဟု အဆိုပြု၏။ အတွင်းရေးမှူးဖြစ်သူ ဒေါ်ကြင်ကြင်မြိုင်က သူဌေးလောင်းစုဘူးဟု အဆိုပြု၏။ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နှင်းပပက နဂါးနီစုဘူးဟု အဆိုပြု၏။ သူက နဂါးနီသီချင်း စာသားကိုလည်း ရွတ်ပြသည်။ စာရေးသူ ဖြစ်စေချင်သည်နှင့် ကိုက်ညီကြောင်း လျှောက်ထားသည်။ နဂါးနီအမည်ကိုပင် အတည်ပြုလိုက်ပါသည်။

နဂါးနီစုဘူးများ တည်ထောင်ပြီ
၎င်းနောက် ၁၇-၁ဝ-၂ဝ၁၃ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာ နဂါးနီစုဘူးအမှတ် (၂)ကို ထပ်မံဖွင့်လှစ် နိုင်ခဲ့ပါသည်။ အသင်းဝင် ငါးဆယ်ဦးအတွက် သိန်းအစိတ် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုဆိုလျှင် မဟာအောင်မြေမြို့နယ်၊ ချမ်း/မြောက်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ဇဇရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တို့၌ အမှတ် (၃)၊ (၄)၊ (၅) စုဘူးတို့ကို တည်ထောင်ဖွင့်လှစ် နိုင်ခဲ့ပါသည်။

အသင်းဝင်လိုလျှင် ဖောင်ဖြည့်ရပါသည်။ အိမ်နှင့်လူကိုတွဲ၍ ဓာတ်ပုံရိုက်ယူပါသည်။ စာရင်းပေးသွင်းသူများလျှင် အလိုအပ်ဆုံးသူများကို ဦးစားပေးပါသည်။ ထိုဓာတ်ပုံများကို အယ်လ်ဘမ်တစ်ခုဖြင့် သိမ်းဆည်းထားပါသည်။ နောင်အခါ ကြီးပွားချမ်းသာလာသူများရှိက အမှတ်တရ မှတ်တမ်းကျန်ရစ်ရန် ရည်ရွယ်ပါသည်။

ဝိုင်းကြီးချုပ်နဂါးနီ
ဝိုင်းကြီးချုပ်စနစ် ကျင့်သုံးပါသည်။ တစ်ဖွဲ့လျှင် ငါးယောက်စီ ရှိပါသည်။ တစ်ဦးပျက်ကွက်လျှင် ကျန်လေးဦးက စိုက်ထုတ်ပေးရပါသည်။ နေ့စဉ် တစ်ထောင်ကျပ်စီ စုရပါသည်။ အဖွဲ့ခေါင်းဆောင်ထံ နေ့စဉ်ပေးသွင်းရပါသည်။ အဖွဲ့ခေါင်းဆောင်က တစ်ပတ်တစ်ခါ ရပ်ကွက်တာဝန်ခံထံ အပ်နှံရပါသည်။ ရပ်ကွက်တာဝန်ခံများက စာရေးသူကျောင်းသို့ လာပို့ရပါသည်။ လာမပို့နိုင်လျှင် ဗဟို အီးစီအဖွဲ့က သွားရောက်ကောက်ယူပါသည်။

ငါးသောင်း ချေးယူထားသူများသည် တစ်ရက်လျှင် တစ်ထောင်ကျပ်စီ ငါးဆယ့်ငါးရက် စုရပါသည်။ အရင်းအနှီး ထုတ်ပေး၍ ငွေစုခိုင်းခြင်းသာ ဖြစ်ပါသည်။
၎င်းတို့ စု၍ရသော ငါးထောင်ကျပ်စီကို ပေါင်းလိုက်လျှင် ကျပ်နှစ်သိန်းခွဲ ရပါသည်။ အသင်းဝင် ငါးဆယ်၏ (၅၅)ရက်စာ စုငွေ ၂၅ဝဝဝဝ ကျပ်မှ (၁)သိန်းကို ကျန်းမာရေး ရံပုံငွေအတွက် ဘဏ်အပ်ပေးထားပါသည်။ ဆေးရုံတက်ရလျှင် မတော်တဆ ထိခိုက် ဒဏ်ရာရ၍ အလုပ်မဆင်းနိုင်လျှင် ငွေကျပ် သုံးသောင်းစီ ထောက်ပံ့ပါသည်။

ငွေအသေမထားသော နဂါးနီများ
တစ်ယောက်တစ်ထောင် စုသည့် ငွေများကို အသေမထားပါ။ ဥပုသ် နှစ်ပတ် (၁၅)ရက်ပြည့်လျှင် (၇၅ဝဝဝဝ)ကျပ် ရရှိပါသည်။ ၎င်းကို တစ်ယောက်ငါးသောင်းနှုန်းဖြင့် (၁၅)ယောက်စာ ထပ်ထုတ်ပေးပါသည်။
ထို့ကြောင့် အသင်းဝင် (၅ဝ)ဦးရင်းလျှင် (၁၅)ဦး မြတ်ပါသည်။ (၅ဝ)ဦးစုငွေဖြင့် (၁၅)ဦးကို ဆင့်ပွားထုတ်ပေးနိုင်ခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် ငါးသောင်းတန်း (၅၅)ရက်နှုန်းစု၍ သုံးကြိမ်ပြည့်လျှင် တစ်သိန်းနှုန်းထိ ထုတ်ပေးပါသည်။ တစ်သိန်းတန်းအသင်း ဝင်များသည် တစ်ရက်လျှင် နှစ်ထောင်ကျပ်စီ စုရပါသည်။ အလုပ်ကြိုးစားခြင်း၊ ငွေမှန်မှန် စုခြင်း၊ ဟောပြောပွဲ မှန်မှန်တက်ခြင်း၊ ဘုရား တရားမြဲခြင်း၊ လောင်းကစား အသောက်အစား ကင်းခြင်းစသည့် အင်္ဂါလက္ခဏာများနှင့် ပြည့်စုံသည့် လက်ရွေးစင်များကိုသာ တစ်သိန်းအထိ တိုးပေးခြင်း ဖြစ်ပါသည်။

အခွင့်အလမ်းများနှင့် နဂါးနီ
နဂါးနီစုဘူးအသင်းသည် ငွေစုငွေချေး အသင်းမဟုတ်ပါ။ ဆင်းရဲသားများ ဘဝကို ဆင်းရဲတွင်းမှ ထုတ်ဆယ်ကယ်တင်ခြင်း သက်သက်သာ ဖြစ်ပါသည်။ ရပ်ကွက်ကြီး တစ်ရပ်ကွက်လျှင် သိန်းတစ်ရာထိ အရင်းအနှီး ထုတ်ပေးခြင်းသည် ထိုရပ်ကွက်အတွက် ထာဝရပဒေသာပင် စိုက်ထူပေးခြင်းသာ ဖြစ်ပါသည်။
ထိုပဒေသာပင်မှ သီးပွင့်သမျှသည် ငွေထုတ်ပေးသူနှင့် လုံးဝ မဆိုင်ပါ။ ထိုရပ်ကွက်သူ ရပ်ကွက်သားများအတွက်သာ ဖြစ်ပါသည်။ တစ်ရပ်ကွက်လျှင် တစ်နှစ် သိန်းတစ်ရာမြတ်လျှင် ဆယ်နှစ်ဆိုလျှင် သိန်းတစ်ထောင် မြတ်ပါမည်။ သိန်းတစ်ထောင် ဆိုလျှင် ၎င်းရပ်ကွက်ရှိ ဆင်းရဲသူ ဆင်းရဲသားများ အရင်းအနှီးများစွာ ရရှိမည် ဖြစ်ပါသည်။ ကြိုးစားလျှင် ကြိုးစားသည့် အလျောက် ကြီးပွားချမ်းသာနိုင်မည့် အခွင့်အလမ်းများစွာ ရှိသော စုဘူးဖြစ်ပါသည်။

နှလုံးသားမှာ ဘုရားတည်ပြီ နဂါးနီ
နဂါးနီစုဘူး အသင်းဝင်များသည် လောင်းကစား ရှောင်ကြဉ်ရပါသည်။ အရက်သေစာ မသောက်စားရပါ။ တစ်လလျှင် တစ်ကြိမ် အနည်းဆုံး ဟောပြောပွဲ တက်ရပါသည်။ ထိုဟောပြောပွဲ၌ ကိုယ့်ကိုကိုယ် ယုံကြည်မှု မြင့်မားစေရေး၊ ချွေတာစုဆောင်းတတ် စေရေး၊ ဘာသာတရားကိုင်းရှိုင်း ရိုသေ တတ်စေရေး၊ ကိုယ်ကျင့်စာရိတ္တ မြင့်မား လာစေရေးစသည့် စိတ်ဓာတ်မြှင့်တင်ရေး ပိုင်းဆိုင်ရာ လောကီ လောကုတ္တရာ ဗဟုသုတများ ဟောပြောကြပါသည်။ ဟောပြော ပြီးလျှင် အခက်အခဲများကို မေးမြန်းခြင်း၊ တိုးတက်မှုများကို တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။

ယခင်က ဘုရားရှိခိုး အိပ်ရကောင်းမှန်းပင် မသိကြသော ဆင်းရဲသူ ဆင်းရဲသားများသည် ယခုအခါ ဘုရားတရား မြဲနေကြပြီ ဖြစ်ပါသည်။
ယခင်က  ငွေစုရကောင်းမှန်း မသိသော သူများသည် ယခုအခါ ငွေစုတတ်နေပြီ ဖြစ်ပါသည်။ ငွေစု၍ နားကပ်ဝယ်သူများ၊ ငွေစု၍ ရှင်ပြု အလှူပေးသူများပင် ရှိလာပြီ ဖြစ်ပါသည်။
သူများနှင့် တန်းတူ နေထိုင်နိုင်လောက်သည့် အရည်အချင်း အပြည့်အဝ ရှိမှန်းလည်း သိသွားကြကာ မိမိကိုယ်ကို ယုံကြည်မှုများလည်း မြင့်မားလာကြပါသည်။
လူမှုစီးပွားကို အခြေခံသည့် သာသနာပြုနည်း တစ်မျိုးပင်တည်း။
ဆင်းရဲသူ ဆင်းရဲသားတို့ ရင်ထဲ၌ ဘုရားတည်ပေးနည်း တစ်မျိုးပင် ဖြစ်သတည်း။

နိုင်ငံရေးထက်ခက်သော ပရဟိတ
ငွေထုတ်ပေးမည့်သူလည်း အဆင်သင့် ရှိပါသည်။ ငွေချေးယူမည့်သူများလည်း ပေါလှပါသည်။ သို့တိုင် စုဘူးများစွာ မထူထောင်နိုင်ခဲ့ပါ။ အကြောင်းမှာ လုပ်အားပေး အဖွဲ့မရှိသောကြောင့် ဖြစ်ပါသည်။
စုဘူးတစ်ခု တည်ထောင်လိုလျှင် ငွေချေးယူမည့်သူ အနည်းဆုံး ငါးဆယ်ဦး ရှိရပါသည်။ ၎င်းတို့ကို ငွေထုတ်ငွေသွင်း ပေးမည့် ရပ်ကွက်တာဝန်ခံ လုပ်အားပေး စေတနာ့ဝန်ထမ်း ပရဟိတသမား ငါးဦး အနည်းဆုံး ရှိရပါသည်။ ငွေပေးမည့်သူနှင့် ငွေယူမည့်သူကြား ဝန်ဆောင်မှုပေးမည့် ပရဟိတသမား ရှားပါးသောကြောင့် ပြည်သူများထံ ကျယ်ပြန့်စွာ မဖြန့်ကြက်နိုင်ခြင်း ဖြစ်ပါသည်။

သတင်း မီဒီယာထဲလည်း ပါမည့်အလုပ် မဟုတ်၊ နိုင်ငံတကာ ဆုများမပြောနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ချီးကျူးစကားပင် ကြားရမည့် အလုပ်မဟုတ်၊ လခမရသည့်အပြင် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဆီကိုယ်ထည့် အချိန်ကုန် လူပန်း ဦးနှောက်ခြောက် စိတ်ရှုတ်ရမည့် နိစ္စဓူဝ အလုပ်ကြီးကို သာမန် စေတနာ၊ သာမန် စိတ်ထားမျိုးနှင့် လုပ်နိုင်ဖို့ မလွယ်ကူပါ။ ထိုသို့သော ဗော်လန်တီယာ (Volunteer)များ များပြားစွာ ပေါ်ပေါက်လာပါမှ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ကျောမွဲပြည်သူများ သက်သာချောင်ချိမည် ဖြစ်ပါသည်။

နဂါးနီစုဘူး ဗဟိုအလုပ်အမှုဆောင် (EC) အဖွဲ့ကို နာယက ဆရာတော်နှစ်ပါး၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စာရင်းစစ်တို့ဖြင့်သာ ဖွဲ့စည်းထားပါသည်။
နာယကဆရာတော်များမှာ ဦးဇဝန (ဓမ္မသဟာယကျောင်း)၊ ဦဉာဏိဿရ (ဓမ္မသမိဒ္ဓိကျောင်း)၊ ဒေါ်ကြည်ကြည်မာ (ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)၊ ဒေါ်တင်တင်စန်း (စာရင်းစစ်) တို့ ဖြစ်ပါသည်။

ပါရမီရှင် ပရဟိတသမား လိုအပ်နေ
နဂါးနီစုဘူး ဝိုင်းတော်သားများသည် လခဖြစ်စေ၊ လက်ဆောင်ဖြစ်စေ မည်သည့် အခွင့်အလမ်းမျှ မရပါ။ နှစ်နှစ်ကျော်ကာလအတွင်း ကျိုက်ထီးရိုး ဘုရားဖူး တစ်ကြိမ်သာ ပို့ပေး ဖူးပါသည်။
နဂါးနီစုဘူး ဝိုင်းတော်သားများသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချလိုသော၊ လူသားချင်း စာနာစိတ် အပြည့်အဝရှိသော၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေလိုသော၊ ဆင်းရဲသားပြည်သူတို့ နှလုံးသား၌ ဘုရားစစ် ဘုရားမှန် တည်ထားကိုးကွယ်စေလိုသော ပရဟိတ စိတ်ထားတစ်ခုတည်းဖြင့်သာ ပြည်သူကို အလုပ်အကျွေးပြုနေသော ပါရမီရှင်များ ဖြစ်ကြပါသည်။
ထိုသို့သော ပါရမီရှင်များ မြို့တိုင်းနီးပါးမှာ ပေါ်ပေါက်လာစေလိုပါသည်။ ထိုသို့သော ပါရမီရှင်များ ပေါ်ပေါက်လာမှသာ ဆင်းရဲသား ပြည်သူများ သက်သာချောင်လည်မှာ ဖြစ်ပါသည်။ စုဘူးငွေ အလှူရှင်များလည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

ထာဝရပဒေသာပင်ကို သီးပွင့်စေသူများ
ယခုအခါ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ နဂါးနီစုဘူး အမှတ် (၁) ၌ သိန်းပေါင်း (၂၃ဝ)ကျော်ဖြင့် လည်ပတ်နေပါသည်။ အသင်းဝင် (၁၈၃)ဦး ရှိပြီး တစ်သိန်းတန်း စုသူက (၁၄၃)ဦး၊ တစ်သိန်းခွဲတန်း စုသူက (၄၃)ဦး ရှိပါသည်။ ကျန်းမာရေး ထောက်ပံ့ငွေပေါင်း (၁၅)သိန်းကျော် ကူညီခဲ့ပြီးပြီ ဖြစ်ပါသည်။ အရင်းအနှီး ပဒေသာပင်ငွေ ထူထောင်ပေးသည်မှာ သိန်း (၁ဝဝ)ကျပ်သာ ဖြစ်ပါသည်။

မဟာအောင်မြေမြို့နယ်၌ မာလကာ ခြံရပ်ကွက်၊ နဂါးနီစုဘူး အမှတ် (၂)၌ (၅၇)သိန်းကျော် ပဒေသာပင် စိုက်ထူထားရာ အမြတ်ငွေ (၈၅)သိန်းကျော် ကျန်းမာရေးထောက်ပံ့ငွေ (၄)သိန်းကျော် သုံးစွဲထားပြီး အသင်းဝင် (၁၂ဝ)၊ တစ်သိန်းခွဲတန်းက (၃ဝ)ဦး၊ တစ်သိန်းတန်း (၆၀)ဦး၊ ငါးသောင်းတန်း (၃၀)ဦးတို့  ဖြစ်ပါသည်။

ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီး မြောက်ရွာသစ်၊ နဂါးနီစုဘူး အမှတ် (၃)၌ မတည်ငွေ သိန်း (၇ဝ)ကျော်၊ အမြတ်ငွေ (၅၂)သိန်းကျော်၊ ကျန်းမာရေး ထောက်ပံ့ငွေ (၆)သောင်း၊ အသင်းဝင် (၁ဝ၇)ဦး၊ တစ်သိန်းခွဲတန်း (၁၅)ဦး၊ တစ်သိန်းတန်း (၈ဝ)ဦး၊ ငါးသောင်း (၁၂)ဦး တို့ ဖြစ်ပါသည်။

ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ၊ ဇဇ ၃/၄ ရပ်ကွက်၊ နဂါးနီစုဘူး အမှတ် (၄) ၌ မ-တည်ငွေ သိန်း (၅ဝ) အမြတ်ငွေ (၂၂)သိန်းကျော်၊ ကျန်းမာရေးထောက်ပံ့ငွေ (၂)သိန်းကျော်၊ အသင်းဝင် (၇၄)ဦး၊ တစ်သိန်းတန်း (၄၇)ဦး၊ ငါးသောင်းတန်း (၂၇)ဦး တို့ ဖြစ်ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ညည ၂၇၊ နဂါးနီစုဘူး အမှတ် (၅)၌ မ တည်ငွေ (၇၄)သိန်း၊ အမြတ်ငွေ (၂၁)သိန်းကျော်၊ ကျန်းမာရေးထောက်ပံ့ငွေ (၃)သိန်း၊ အသင်းဝင် (၁၅ဝ)ဦး၊ တစ်သိန်းတန်း (၉၂)ဦး၊ ငါးသောင်းတန်း (၅၈)ဦးတို့ ဖြစ်ပါသည်။

စုစုပေါင်း မ တည်ငွေ - ၃၅၂၂၅ဝဝဝ (၃၅၂)သိန်း (၂)သောင်း (၅)ထောင် အနက် ၄၃၇၁ဝဝဝ ကျပ်သာ အလှူရှင် ပေါ်ပါသည်။ ကျပ်သိန်းသုံးရာကျော်မှာ စာရေးသူ၏ ဓမ္မပူဇာ အလှူငွေများထဲမှ ဖြစ်ပါသည်။

စုစုပေါင်း အမြတ်ငွေ ၃၁၁၆၆ဝဝဝ (၃၁၁)သိန်း (၆)သောင်း (၆)ထောင်ကျပ် ဖြစ်ပါသည်။ ကျန်းမာရေး ထောက်ပံ့ငွေ ပေါင်း ၂၅၅၄ဝဝဝ (၂၅)သိန်း (၅)သောင်း (၄)ထောင်ကျပ် ဖြစ်ပါသည်။

စုစုပေါင်း အသင်းဝင် (၆၃၄)ဦးအနက် တစ်သိန်းခွဲတန်း (၈၅)ဦး၊ တစ်သိန်းတန်း (၄၂၂)ဦး၊ ငါးသောင်းတန်း (၁၂၇)ဦး ရှိပါသည်။

ဤသည်မှာ ၁-၉-၂ဝ၁၃ မှ ၂၆-၁ဝ-၂ဝ၁၅ ရက်နေ့အထိ စာရင်းချုပ် မှတ်တမ်း ဖြစ်ပါသည်။
စာရှုသူအပေါင်း နဂါးနီတန်းခိုးကြောင့် အမျိုးဂုဏ် တင့်ပါစေသတည်း။
ဝီရသူ (မစိုးရိမ်)

စုံစမ်းမေးမြန်းနိုင်ပါသည်။
ဦးဇဝန (နာယက)-ဝ၉- ၇၉၆ ၅၂၃ ၂ဝ၁
ဒေါ်ကြည်ကြည်မာ (ဥက္ကဋ္ဌ)-ဝ၉- ၉၁ဝ ၃၉၂ ၆ဝ
ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)-ဝ၉- ၇၉၇ ၃၆၅ ၉၉ဝ


19.12.2015 အတုမရှိဂျာနယ် အတွဲ(၂) အမှတ်(၁၇) 



No comments:

Post a Comment