၂၀၁၅ ခု တက္ကသိုလ်ဝင်တန်းအောင်ပြီး
ဆေးတက္ကသိုလ်တက်ခွင့်ရတဲ့ ဂုဏ်ထူးရှင်ကျောင်းသား သုံးဦး စာရေးသူထံ အကူအညီတောင်းလာပါတယ်။
နှစ်ဦးက
ဘာသာစုံဂုဏ်ထူးရှင်၊ တစ်ဦးက ငါးဘာသာဂုဏ်ထူးရှင်၊ အားလုံးကျေးရွာသားတွေပါ။ မကွေးတက္ကသိုလ်တက်ရမည့်သူများ
ဖြစ်ပါတယ်။
ပညာထူးချွန်သော်လည်း
မိဘထောက်ပံ့မှုမတတ်နိုင်လို့ အကူအညီတောင်းလာသူများ ဖြစ်ပါတယ်။
သူတို့လေးတွေအတွက်
ထောက်ပံ့လိုပါက တစ်ဦးတစ်ယောက်ချင်း တာဝန်ယူသည်ဖြစ်စေ၊ တတ်နိုင်သလောက် ကူညီချင်သူဖြစ်စေ
ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း တာဝန်ယူလျှင် လစဉ် တစ်သိန်းကျပ်နှုန်း
ထောက်ပံ့ရမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်
တက္ကသိုလ်ဝင်တန်းအောင် ဆေးကျောင်းသား ငါးယောက်ကိုလည်း ထောက်ပံ့ထားပါတယ်။ သူတို့လေးတွေအတွက်
သီခြားကုသိုလ်ရှင်ပေါ်ပါတယ်။ ရန်ကုန်မှ ပရဟိတဆရာတော် ၂ ပါး၊ ဟိတဓရဆရာတော်၊ မေမေကုမ္ပဏီ(မန္တလေး)နှင့်
သင်္ဘောသားလူငယ်တစ်ဦး(ရန်ကုန်)တို့က ထောက်ပံ့ကြတာပါ။ ငါးယောက်လုံး ပထမနှစ် အောင်သွားကြပါပြီ။
ပညာပါရမီကုသိုလ်လူချင်သူများ
ဆက်သွယ်ရန်
ဦးတွတ်-
095092037
No comments:
Post a Comment