Thursday, December 24, 2015

“မျိုးချစ်များသို့ ပန်ကြားချက်”


 လိပ်ကျွန်း အပြစ်မဲ့ကြိုးသမားညီနောင်နှစ်ယောက်နှင့်ပတ်သက်၍ မျိုးချစ်များ၏ ခံစားမှုကို အပြည့်အဝ နားလည်ပါသည်။ မျိုးချစ်တို့ ဆောင်ရွက်နေသည်များကိုလည်း အပြည့်အဝထောက်ခံပါသည်။

ရှေ့တန်းမှဆောင်ရွက်လျက်ရှိသော ဦးကိုကိုကြီးအပါအဝင် ၈၈ အဖွဲ့သားများကိုလည်း အထူးကျေးဇူးတင်ပါသည်။
အယူခံအဆင့်ဆင့်တင်ရန် အခွင့်အရေးများ ကျန်ရှိနေပါသေးသည်။ ဥပဒေဘောင်အတွင်းမှ ကြိုးစားခွင့်လည်း များစွာရှိပါသေးသည်။ နိုင်ငံတော်အစိုးရကလည်း  တရားမျှတစေရေးအတွက် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှလည်း တာဝန်အပြည့်အဝ ရှိနေပါသည်။ နစ်နာသည့် ကြိုးသမားညီနောင်သည် ရခိုင်တိုင်းရင်းသားများဖြစ်သောကြောင့် ညီအစ်ကို အရင်းများပင်ဖြစ်ပါသည်။ ၎င်းညီနောင်သည် ခရစ်ယာန်၊ အစ္စလာမ် စသော ဘာသာတစ်ပါးကိုးကွယ်သူများ ဖြစ်နေလျှင်သော်မှ မဘသ အဖွဲ့က ပစ်ပယ်ထားမည်မဟုတ်ပါ။ တိုင်းရင်းသားညီနောင်ဖြစ်နေသောကြောင့် အစွမ်းကုန် စောင့်ရှောက်သွားမည် ဖြစ်ပါသည်။

ထိုင်းအစိုးရသည်လည်း ဗုဒ္ဓဘသာ ဖြစ်ပါသည်။ ထိုင်းဘုရင်မင်းမြတ်သည်လည်း ထိုင်းအစိုးရအပေါ် သြဇာကြီးသော မင်းကောင်းမင်းမြတ်ဖြစ်ပါသည်။ ထိုင်းဘုရင်နှင့် ထိုင်းအစိုးရတို့ထံ မေတ္တာရပ်ခံလျှင် အခြေအနေတစ်မျိုး ပြောင်းလဲလာနိုင်ပါသည်။

28.12.2015 ရက်နေ့တွင်လည်း မဘသ(ဗဟို) လစဉ်စုံညီအစည်းအဝေးကြီး ဖိတ်ခေါ်ထားပါသည်။ ထိုအစည်းအဝေး၌ တစ်နိုင်ငံလုံးရှိ မဘသ ကိုယ်စားလှယ် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ လိပ်ကျွန်းညီနောင်အရေး ဆွေးနွေးကြမည်ဖြစ်သောကြောင့် မည်သူမဆို အကြံပြုချက်များ တင်ပြစရာရှိလျှင် စာရေးသူထံသို့ မက်ဆေ့များ ပေးပို့နိုင်ပါသည်။

အပြစ်မဲ့အကျဉ်းသားများ အရှင်းလွှတ်မြောက်နိုင်ပါစေ။
မျိုးချစ်များအားလုံး ဆောင်ရွက်သမျှ အောင်မြင်ကြပါစေ။

ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
25.12.2015

PM-11:00

No comments:

Post a Comment