7.11.2015
မွန်းလွဲပိုင်းမှာ လာရောက်တွေ့ဆုံပါတယ်။ ဓမ္မစေတိယကျောင်း၊ စာဖတ်ခန်းမှာ လက်ခံဖြေကြားပါတယ်။
မေးတဲ့သူက အမျိုးသမီးပါ။ ခြေချင်းလိမ် ခြေထောက်ချိတ်ပြီး မေးပါတယ်။ စာရေးသူကိုတော့
အတော်အထင်ကြီးပုံရပါတယ်။ အစိုးရကပဲ စာရေးသူခိုင်းတာတွေ လုပ်နေရသလို သမ္မတကြီးကပဲ စာရေးသူထံ
အကြံဉာဏ်တောင်းနေသလိုမျိုးတွေ မေးတာပါ။ သတင်းမှားတွေ အခြေခံမေးပုံရပါတယ်။
ဟော်လန်ဝီရသူလို့
မြန်မာတွေသိထားတဲ့ ဂါးဝိုင်လ်ဒါအကြောင်းပြောလိုက်တော့ သဘောကျလား မေးပါတယ်။ ကျတယ်လို့
ဖြေတော့ အားရပါးရကြီး ရယ်မောတာကို တွေ့ရပါတယ်။
ဘုန်းဘုန်းကို
တစ်ကမ္ဘာလုံးက သိနေကြတယ်။ ဒီလိုကျော်ကြားစေမည့် အိုင်ဒီယာကို ဘယ်တုန်းက စရခဲ့တာလဲ?
မူဆလင်အန္တရာယ်ကို
ဘာလို့ကြောက်တာလဲ? လူနည်းစုပဲမဟုတ်ဘူးလား။?
အမျိုးစောင့်ဥပဒေအောင်မြင်တာဟုတ်ပါပြီ
တကယ်ရော အကောင်အထည်ဖော်နိုင်ပါ့မလား?
မူဆလင်မကောင်းကြောင်းတွေတင်တိုင်း
အစိုးရက တကယ်ယုံလား?
ဘုန်းဘုန်းတို့က
တကယ်ယုံပြီး လိုက်လုပ်သလား?
စာနယ်ဇင်းတွေက
ရိုဟင်ဂျာအကြောင်း ရေးမယ်ဆိုရင် သဘောတူမလား?
ရိုဟင်ဂျာအကြောင်းရေးတဲ့သူကို
အစိုးရက ဖမ်းခဲ့ရင် အစိုးရကိုထောက်ခံမှာလား?
ဘုန်းဘုန်းနှင့်
ဂါးဝိုင်လ်ဒါ ဘာတွေကွာခြားမှုရှိပါသလဲ?
ကျော်ကြားအောင်
အိုင်ဒီယာလိုက်ရှာခဲ့တာမဟုတ်ဘူး။ မူဆလင်တွေရဲ့ စရိုက် သဘာဝကို လေ့လာရင်းနှင့် မူဆလင်အန္တရာယ်ကို
တွေ့မြင်ရာကနေ အိုင်ဒီယာတွေ ရခဲ့တာ။
အိုင်စစ်အဖွဲ့က
နည်းနည်းလေးပဲ။ အမေရိကန်နှင့် မရတော့လို့ ရုရှားတို့ဝင်လာရပြီ။ အဲဒီလိုပဲ တစ်နိုင်ငံလုံးသော
မြန်မာတွေက အနည်းငယ်သော သူတို့ (အန္တရာယ်)ကိုပဲ ကြောက်နေရတာ။
အစိုးရနှင်
့တိုက်ရိုက်ထိတွေ့ခွင့်တော့ မရပါဘူး။ FB ကလေးတစ်ခုပဲ တင်ပြနိုင်တာပါ။ FB သတင်းကြည့်ပြီး
သူတို့တတွေက အရေးတယူ လုပ်ပေးတာလည်း ရှိတယ်။ အားမှလုပ်မပေးဘဲ ပစ်ထားတာလည်း ရှိပါတယ်။
မူဆလင်မကောင်းကြောင်း
ရေးရုံသက်သက်၊ ဘာအထောက်အထားမှမပါတဲ့ သတင်းတွေကိုတော့ အစိုးရကလည်း ဂရုစိုက်လုပ်ပေးတာမျိုးမရှိဘူး။
ဦးဇင်းတို့ကလည်း အားမပေးနိုင်ဘူး။
ရိုဟင်ဂျာဆိုတဲ့
မရှိတာကြီးကို အရှိလုပ်ပြီးရေးလို့ ပြဿနာဖြစ်တယ်။ တိုင်းပြည်လည်း ထိခိုက်နစ်နာတယ်။
ဒါကြောင့် အစိုးရက အရေးယူတယ်ဆိုရင် လက်ခံရမှာပါ။
No comments:
Post a Comment