Thursday, December 24, 2015

လူနေအိမ်ကြားက တာဝါတိုင် (၃)


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မန်ကျီးပင်ပုအုပ်စု၊ မြောက်ကူတိုရွာထဲမှာ လူနေအိမ်တွေကြား တာဝါတိုင်လာဆောက်မယ်သတင်းရလို့ 10.8.2015 ရက်နေ့မှာ မြို့နယ်ရုံးသို့ စာတင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

တစ်ခါ 9.10.2015 မှာ အိမ်နီးချင်းများက လက်မှတ်ထိုးပြီး ထပ်မံတိုင်ကြားကြပြန်ပါတယ်။ တာဝါတိုင်လက်ခံသူ ဦးခင်မောင်စိုးက အိမ်နီးချင်းတွေရဲ့လက်မှတ်မယူဘဲ လမ်းအရှေ့ဘက်ခြမ်းက လူတွေရဲ့လက်မှတ်တွေကို အိမ်နီးချင်းလက်မှတ်ပုံစံမျိုး လှည့်စားထားတာကြောင့် အိမ်နီးချင်းတွေ လက်မှတ်ထိုးပြီး ထပ်မံကန့်ကွက်ကြတာပါ။

မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကလည်း နှစ်ကြိမ်တိုင်တိုင် တားမြစ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မြောက်ကူတိုရွာ ဒီချုပ်စည်းရုံးရေးမှူး ဦးခင်မောင်စိုး(တာဝါတိုင်လက်ခံသူ)တို့ ပူးပေါင်းသွားပြီး ဆက်လုပ်ကြပါတော့တယ်။
ပိုဆိုးတာက အုပ်ချုပ်ရေးမှူးအဖွဲ့က အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး အသိပညာပေး ဟောပြောရကောင်းမှန်းမသိဘဲ ဆူပူကြိမ်းမောင်းနေကြတာပဲ ဖြစ်ပါတယ်။ အခုတော့ ရွာသူရွာသားတွေက ပွင့်ဖြူ စလင်း ဝံသာနုအဖွဲ့တွေရဲ့ အကူအညီနှင့် ဝန်ကြီးချုပ်အထိ စာတင်ထားကြပါပြီ။

တာဝါတိုင် သဘောမတူသော ပြည်သူတွေများတာကြောင့် အများဆန္ဒကို လိုက်လျောရမယ်။ ဆက်မလုပ်သင့်ဘူးလို့ မန္တလေးခရိုင် ဒီချုပ်အတွင်းရေးမှူးက ပြောပါတယ်။
အထက်ကိုလည်း တင်ပြပေးမယ်လို့ လျှောက်ထားသွားပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်တာ အောင်မြင်သွားတယ်ဆိုရင်တော့ နောက်နောင် ဒီလိုပဲ ပူးပေါင်းဆောင်ရွက်ခွင့်သာသွားပါပြီ။
စလင်းပြည်သူများ တောင့်ခံထား။
ပန်းတိုင်က လက်တစ်ကမ်းမှာ။

ဝီရသူ (မစိုးရိမ်)
24.12.2015

PM-3:25







No comments:

Post a Comment