Monday, December 28, 2015

“ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အောင်မြေ၌ လိပ်ကျွန်း အပြစ်မဲ့ကြိုးသမားညီနောင်အရေး ဆုတောင်းပွဲအခမ်းအနားကျင်းပ”


မတရားသဖြင့်သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရေးဆုတောင်းပွဲ အခမ်းအနားအား အစီအစဉ် ၉ ရပ်ဖြင့် ၂၇.၁၂.၂၀၁၅ နေ့ မွန်းလွဲ ၁ နာရီချိန်တွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ရင်ပြင် အောင်မြေ၌ ကျင်းပခဲ့ပါသည်။

၁/နမောတဿ သုံးကြိမ်ရွတ်ဆို၍ဘုရားကန်တော့ခြင်း။
၂/ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းလွတ်မြောက်ရေးအတွက် ဘုရားလောင်းဥဒေါင်းမင်း ညွှတ်ကွင်းမှလွတ်မြောက်ခဲ့သည့် မောရသုတ်ပရိတ်ရွတ်ဖတ် ပူဇော်ခြင်း။
၃/ဆရာတော် ဦးပါမောက္ခမှ သြဝါဒမိန့် ကြားခြင်း။
၎/ဆရာတော် ဦးအကုင်္ရမှ သြဝါဒမိန့် ကြားခြင်း။
၅/မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ ထုတ်ပြန်ကြေညာချက်ကို အတွင်းရေးမှူးဆရာတော် ဦးသုစိတ္တမှ ဖတ်ကြားခြင်း။
၆/မြန်မာ့အမျိုးသားရေးကွန်ယက်၏ ထုတ်ပြန်ကြေညာချက်ကို ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ဖတ်ကြားခြင်း။
၇/မြန်မာ့အမျိုးသားရေးကွန်ယက် အတွင်းရေးမှူး ကိုနောင်တော်လေးမှ "လွတ်မြောက်ရေး"ကဗျာကို ရွတ်ဆိုခြင်း။
၈/We Request Thai Goverment စာသားအား တိုင်ပေး၍ Free Zaw Lin&Win Zaw Tun စာသားအား တက်ရောက်လာသည့်ပြည်သူအပေါင်းမှ သုံးကြိမ် သံပြိုင်ဟစ်ကြွေးခြင်း။
We Request Royal King of Thailand စာသားအား တိုင်ပေး၍ Free Zaw Lin&Win Zaw Tun စာသားအား တက်ရောက်လာသည့်ပြည်သူအပေါင်းမှ သုံးကြိမ် သံပြိုင်ဟစ်ကြွေးခြင်း။
၉/ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပွဲအခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခြင်း … … …

စသည့်အစီအစဉ် ၉ ရပ်ဖြင့် ကျင်းပခဲ့ပါကြောင်းနှင့် အခမ်းအနားပြီးဆုံးပြီးနောက် မကွေးကျောင်းဆရာတော်ဦးပါမောက္ခမှ ၂၉.၁၂.၂၀၁၅ နေ့ ဗိုလ်စိန်မှန်ကွင်းတွင်ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ကြဖို့ ပြောကြားခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။

27.12.2015 / 3.00-pm
ကိုမြင့်ဇော်(အတုမရှိအမျိုးသားရေးသတင်းဂျာနယ်)


Ko Myintzaw















No comments:

Post a Comment