၁။ ထိုင်းနိုင်ငံ
လိပ်ကျွန်းတရားစီရင်မှုနှင်ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဗဟို၏
သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံချက်များအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့်
လိုအပ်လျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း
ကြေညာသည်။
၂။ အမေရိကန်ပြည်ထောင်စု
လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးအတည်ပြုလိုက်သော ဥပဒေကြမ်းပါ မဘသအဖွဲ့အစည်းအပေါ် ပိတ်ပင်တားမြစ်ချက်များနှင့်ပတ်သက်၍
သမ္မတအိုဘားမားအနေဖြင့် မဘသအဖွဲ့အစည်းကြီး၏ ရပ်တည်ဆောင်ရွက်ချက် ပကတိအရှိတရားကို သိရှိအောင်
စနစ်တကျ လေ့လာရန် တိုက်တွန်းသည်။
၃။ အင်တာနက်၊
ဖေ့ဘွတ်စာမျက်နှာများ၌ စေတီပုထိုးများ၊ ရုပ်ပွားတော်များ၊ ဘုရားပုံများနှင့် ဆရာတော်၊
သံဃာတော်များအား ညစ်ညမ်းစွာ ကျူးလွန်စော်ကား ရေးသားနေသော အကောင့်ပိုင်ရှင်များကို မဘသ(ဗဟို)
ဥပဒေအထောက်အကူပြုအဖွဲ့ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
၎။ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးသည် အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး ဟူသော အရေးသုံးပါးကို
ဆောင်ရွက်ရန် ဖွဲ့စည်းထာသည့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းကြီးဖြစ်သည့်အားလျှော်စွာ
ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ မဘသအဖွဲ့အစည်းအသီးသီး၏ ပြည်သူလူထု ယဉ်ကျေးမှုနှင့် စာရိတ္တ
ပညာမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကြေညာသည်။
စာအမှတ်။ ၀၀၄၇/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ။ ၁၃၇၇-ခု၊ နတ်တော်လပြည့်ကျော် ၂-ရက်၊ (ဒီဇင်ဘာလ
၂၈-ရက်၊ ၂၀၁၅) တနင်္လာနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်။
No comments:
Post a Comment