Monday, December 28, 2015

“အိန္ဒိနိုင်ငံ ဗုဒ္ဓဂယာတွင် လိပ်ကျွန်းညီနောင် လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပ”


ထိုင်းနိုင်ငံတွင်မတရားပြစ်ဒဏ်ကျခံနေရသည့် မြန်မာဒကာ(၂)ဦး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် အိန္ဒိယနိုင်ငံရောက် သံဃာတော်များစုပေါင်း၍ ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာအောင်မြေမဟာ၌ 27.12.2015 နေ့တွင် ပရိတ်ရွတ်၊ မေတ္တာပို့၊ ဆုတောင်းမင်္ဂလာ ပြုလုပ်ခဲ့ပါသည်။

သံဃာတော်ရှင်မြတ်တို့သည် မြန်မာဒကာ(၂) ဦးလွတ်မြောက်စေရန် မေတ္တာသုတ် ၊ မောရသုတ်နှင့် ၀ဋ္ဋသုတ်တော်တို့ကို ရွတ်ဖတ်ပူဇော်ဆုတောင်၍ သဗ္ဗဉုတဉာဏ်တော်ရတော်မူရာ မဟာဗောဓိညောင်ပင်တော်နှင့် မဟာဗောဓိစေတီတော်တို့ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များ ရွတ်ပွားကာလျှက် လက်ယာရစ်သုံးပတ်ပတ် ပူဇော်၍  မတရားပြစ်ဒဏ်သင့်နေသည့် ဒကာ(၂) ဦး အမြန်လွှတ်မြောက်စေကြောင်း ဆုတောင်းခဲ့ကြသည်။

ဓမ္မဝီရ အရှင်တေဇနိယ








No comments:

Post a Comment