Thursday, December 17, 2015

“အင်းတော်မြို့နယ် မဘသအဖွဲ့ နှစ်ပတ်လည် အခမ်းအနား”


30.11.2015 ရက်နေ့၊ မွန်းလွဲ 1:00 စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ နှစ်ပတ်လည်အခမ်းအနားပါ။

အင်းတော်လေး၊ အောင်ဇေယျရပ်ကွက်၊ ရေတွင်းကုန်းကျောင်းတိုက်၊ သန္တိသုခဓမ္မာရုံမှာ ကျင်းပတာပါ။

မြိုင်သာယာကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိက သြဝါဒပေးပါတယ်။ သာရဏီယသုတ္တန် အကျဉ်းဟောပြီး တာဝန်မဲ့မနေကြဖို့နှင့် မလိုလားသူများ စောင့်ကြည့်နေလို့ စည်းလုံးဖို့ အဓိကမိန့်တော်မူတာပါ။

မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါဂူ)က ဓမ္မဓဇ ဇာတ်တော်လာ ငှက်ယုတ်မာ ကျီးကန်းအကြောင်း ဟောကြားတော်မူပါတယ်။

မော်တိက်ဒေသ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်းကုန်းဆရာတော် ဘဒ္ဒန္တကေသရ အတွေ့အကြုံများဟောကြားရာမှာ အစိုးရကိုတိုက်ခိုက်ဖို့ဖွဲ့စည်းထားတာမဟုတ်လို့ သံဃာတိုင်း မဘသအဖွဲ့ ဝင်သင့်ကြောင်း မိန့်ကြားတော်မူပါတယ်။

မော်လူးဒေသ ညောင်ပင်သာဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ က သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊ မြစ်ကြီးလည်း မခမ်းပါစေနဲ့၊ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဟူသော ရွှေဥမင်ဆရာတော်ကြီးသြဝါဒကို ခက်မငါးဖြား သာသနာ၊ မေတ္တာတရား မြစ်မကြီး၊ ယဉ်ကျေးမှုတရား ထုံးအိုးကြီး တို့ကို စောင့်ရှောက်ဖို့ တိုက်တွန်းတော်မူပါတယ်။

မဲဇာဒေသ ဥသျှစ်ကုန်းဆရာတော် ဘဒ္ဒန္တဝိလာသ က ညီညွတ်ရေးအဓိကဟောကာ ယဉ်ကျေးမှုသင်တန်းတွေဖွင့်လှစ်ကြဖို့ တိုက်တွန်းသွားပါတယ်။

စာရေးသူက မဘသလုပ်ငန်းစဉ်များကို အကျယ်ရှင်းပြကာ ဥပဒေ၊ အွန်လိုင်း၊ သမိုင်း တို့ကို လက်နက်ကောင်းတစ်ခုအဖြစ် အသုံးချကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရေတွင်းကုန်းဆရာတော် ဘဒ္ဒန္တဇဝန - ပန်းချီပညာရှင် (အင်းတော်ဇဝန)က ဝမ်းမြောက်စကားပြောကြားပြီး အခမ်းအနားကို အရှင်ရာဇ (ဝီရ ရာဇာ)က မဘသ အဓိဋ္ဌာန် သုံးချက်တိုင်ပေးပြီး ရုပ်သိမ်းခဲ့ပါတယ်။


အခမ်းအနားမှူးမှာ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ အရှင်စိန္တိတ (မန်း မဘသ) ဖြစ်ပါတယ်။ 


















No comments:

Post a Comment