“ဖမ်းမိထားသူတစ်ဦး၏
ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခွဲစိတ်ထုတ်ယူခွင့်ရှိဟုဆို”
ရက်ကာ၊ ဒီဇင်ဘာ
၂၆
လူလူငြိမ်း
မွတ်ဆလင်တစ်ဦး၏အသက်ကို
ကယ်တင်ရန်အတွက် ဖမ်းမိထားသူတစ်ဦးထံမှ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ခွဲစိတ်ထုတ်ယူခွင့်ရှိကြောင်း
အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့၏ အစ္စလာမ်ရေးရာပညာရှင်များက ဆုံးဖြတ်လိုက်သော
မှတ်တမ်းတစ်ခုကို ရိုက်တာစ်သတင်းဌာနက ရရှိထားပြီး ပြန်လည်ဖော်ပြလိုက်ပြီဖြစ်သည်။
ပညာရှင်အဖွဲ့သည်
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဆုံဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံအရှေ့ပိုင်၌
အမေရိကန်အထူးတပ်ဖွဲ့ဝင်များက မေလတွင် စီးနင်မှုပြုလုပ်စဉ်အတွင်း ၎င်းမှတ်တမ်းအပါအဝင် မှတ်တမ်းတချို့ကို
ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
အစၥလာမ္ဘာသာကို
မယုံကြည်သူတစ်ဦး၏ အသက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလေးထားရန်မလိုဘဲ စိတ်ရှင်းရှင်းဖြင့်
ခွဲစိတ်ထုတ်ယူခွင့်ရှိကြောင်း IS အကြမ်းဖက်အဖွဲ့၏ သုတေသနကော်မတီ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
IS အကြမ်းဖက်အဖွဲ့သည် ခရစ်ယာန်များ၊ ရှီယိုက်မွတ်ဆလင်များနှင့် အစွန်းရောက်အယူကို လက်မခံသည့်
ဆွန္နီမွတ်ဆလင်များအား ဘာသာမဲ့များအဖြစ် သတ်မှတ်ထားသည်။
IS အကြမ်းဖက်အဖွဲ့သည်
လူခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ယူရောင်းချမှုများ ပြုလုပ်နေကြောင်း အီရတ်အစိုးရက
ယခင်က စွပ်စွဲပြောဆိုခဲ့ဖူးသည်။ ယခုရရှိသော မှတ်တမ်းများအား ကုလလုံခြုံရေးကောင်စီသို့
တင်ပြပြီး စစ်ဆေးမှုများကို ပြုလုပ်သင့်ကြောင်း ကုလဆိုင်ရာ အီရတ်သံအမတ်ကြီး မိုဟမ္မဒ်အလီ
အယ်ဟာကင်မ်က ရိုက်တာစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။
27.12.2015-
မန္တလေးအလင်းသတင်းစာ
No comments:
Post a Comment