Sunday, December 27, 2015

“ထိုင်းသတင်းဌာန အင်တာဗျူး”


8.11.2015 ရက်နေ့၊ မွန်းလွဲပိုင်းမှာ  တွေ့ဆုံဖြေကြားပါတယ်။
Nation Multimedia Group သတင်းဌာနက TV နှစ်ဌာနနှင့် သတင်းစာသုံးစောင် ထုတ်ဝေတဲ့ မီဒီယာအုပ်စုပါ။ အယ်ဒီတာအဖွဲ့ခေါင်းဆောင်က Mr. Thepchai Yong ပါ။ ထိုင်းဗုဒ္ဓဘာသာဝင်တွေဆိုတော့ တလေးတစား ဆက်ဆံကြပါတယ်။

မေး - အပြောင်းအလဲကို လိုလားသူတွေလည်းရှိတယ်။ တည်ငြိမ်ရေးကို လိုလားသူတွေလည်းရှိတယ်။ အရှင်ဘုရားဘယ်လိုသဘောရလဲ။
ဖြေ - ဦးဇင်းတို့ကတော့ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို လိုလားပါတယ်။ ပြောင်းလဲရေးက အတိမ်းအစောင်းမခံဘူး။ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပေါ့။ နည်းနည်းလေးမှားလိုက်တာနဲ့ ပြုတ်ပျက်ကျသွားနိုင်တယ်။ ဒါကြေင့် လက်ရှိအခြေအနေကိုမူတည်ပြီး ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖြည်းဖြည်းနှင့် ပြောင်းလဲသွားအောင် လုပ်ရမှာ။

မေး - မဲပေးခွင့်မရှိတဲ့သံဃာတွေက နိုင်ငံရေးမှာ ဘယ်လိုပုံစံမျိုးနှင့် ရပ်တည်သင့်သလဲ။
ဖြေ - ရဟန်းသံဃာတွေက မကွေ့မကောက် နောက်ပြန်မလှည့်ဘဲ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်အောင် မြန်မာနိုင်ငံရေးကို ထိန်းကျောင်းတဲ့ အခန်းကဏ္ဍမှ ရပ်တည်နေပါတယ်။

မေး - ဥပမာလေးပေးပြီး ပြောပြပေးပါဘုရား။
ဖြေ - အဓိကကတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဝင်ပြိုင်တဲ့အမတ်တွေထဲကမှ အကောင်းဆုံး တော်ဆုံး အမှန်ကန်ဆုံး အမတ်လောင်းတွေကို ရွေးချယ်ကြဖို့ တိုက်တွန်းတာမျိုးပေါ့။

မေး - မြန်မာပြည်မှာ မူဆလင်ခြိမ်းခြောက်မှုက ဘယ်လောက်အထိတောင် ရှိနေပါပြီလဲ။
ဖြေ - ရခိုင်ပြည်သူတွေ အသတ်ခံရတာက ရာဂဏန်းလောက်ပဲ ရှိပါသေးတယ်။ ထိုင်းပြည်သူတွေ အသတ်ခံရတာက ငါးထောင်ကျော် ခြောက်ထောင်လောက်တောင် ရှိနေပါပြီ။ ထိုင်းတောင်ပိုင်းအခြေအနေက ရခိုင်ပြည်ထက် ပိုဆိုးဝါးပါတယ်။

မေး - အစိုးရသစ်က မူဆလင်တွေအပေါ် ဘယ်လိုသဘောထားမျိုး ရှိနိုင်မလဲ။
ဖြေ - ရခိုင်ပြည်မှာရှိတဲ့ မူဆလင်တွေ ထိန်းသိမ်းရခက်သွားမယ်။ NLD က မူဆလင်တွေအပေါ် ကတိစကားတွေ လွန်ထားတာရှိတယ်။ ပြည်တွင်းမူဆလင်တွေကလည်း ဟိုဟာတောင်းဆို ဒီဟာတောင်းဆိုနှင့် ထိန်းချုပ်ရခက်တဲ့ ဒုတိယအဆင့်မှာ ရှိနေတယ်။

မေး - ကြံ့ခိုင်ရေးပဲ ဆက်အုပ်ချုပ်မယ်ဆိုရင်ရော။
ဖြေ - သမ္မတဦးသိန်းစိန် ဆက်အုပ်ချုပ်ခွင့်ရမယ်ဆိုရင်တော့ ရခိုင်ပြည်ကို ပုံမှန်အတိုင်း ဆက်ပြီး ထိန်းချုပ်ထားနိုင်မယ်။ ပြည်တွင်းမူဆလင်တွေ ခေါင်းမထောင်နိုင်အောင်လည်းပဲ ထိန်းကျောင်းထားနိုင်မယ်။ တည်ငြိမ်မှုကတော့ စိတ်ချရမှာပါ။

မေး - ပြည်ပနိုင်ငံတွေက မဘသကို အစွန်းရောက်တယ်လို့ မြင်နေကြတဲ့အပေါ်ရော။
ဖြေ - သွားရိုးသွားစဉ်လမ်းကြောင်းမဟုတ်တော့ အထူးအဆန်းလို့ မြင်နေလို့ ဗြုန်းစားကြီးလက်မခံနိုင်ကြတာပါ။ တိုက်ပုံနှင့် ပုဆိုးဝတ်နေကြလူကို ဘောင်းဘီရှည်နှင့် ဂျာကင်ဝတ်ထားတာမြင်လိုက်ရသလို တစ်မျိုးကြီးဖြစ်နေတာပါ။ တကယ်တမ်းကျတော့ တိုက်ပုံနှင့် ပုဆိုးလည်း ဟိရီသြတ္တပ္ပနှင့် ပြည့်စုံတာပဲ။ ဂျာကင်နှင့် ဘောင်းဘီရှည်လည်း ဟိရီသြတ္တပ္ပကို အကာအကွယ်ပေးတာပဲလေ။
မေး - ထိုင်းရောက်ဖူးလား။

ဖြေ - မရောက်ဖူးဘူး။ ထိုင်းတောင်ပိုင်းကိစ္စ ထိုင်းသံဃာတွေနှင့်တွေ့ပြီး တအားဆွေးနွေးချင်နေတာ။ ထိုင်းသံဃာတွေက သွေးအေးလွန်းတယ်။ ဒီလောက်အသတ်ခံနေရတာတောင်မှ ကာကွယ်ရကောင်းမှန်း မသိသေးဘူး။ ထိုင်းနိုင်ငံရေးသမားတွေကလည်း အခုချိန်ထိ ရန်သူ မိတ်ဆွေ မခွဲခြားတတ်သေးဘူး။ အချင်းချင်းပဲ ရန်ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာအချင်းချင်း အနီနှင့် အဝါ ရန်ဖြစ်နေချိန်မှာ အမည်းတွေက ထိုင်းတောင်ပိုင်းကို သိမ်းလို့ကုန်နေပြီ။ (ရယ်ကြသည်)




No comments:

Post a Comment