၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့အမှုပါ။
မွတ်စလင်ငါးကန်တွေကြောင့် မွတ်စလင်တွေရော မွတ်စလင်မဟုတ်တဲ့ တောင်သူတွေရော ပြည်သူတွေအာလုံး
ဒုက္ခရောက်ကြရတဲ့ ပြဿနာပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တယ်ဘိုပင်
ကုလားရွာကြီးမှ ဦးအောင်ကြည်စိုး၊ ဦးသန်းထွန်း၊ ဦးရှိန်းမောင်၊ ဦးသီတာထွန်း၊ ဦးရှင်၊
ဦးစိန်လှိုင်၊ ဦးရွှေ စတဲ့ မွတ်စလင် ၁၁ ဦးပိုင်ဆိုင်တဲ့ ငါးကန်တွေကြောင့် လယ်သမားတွေ
စိုက်ပျိုးမရ ဖြစ်ကုန်ကြတာပါ။
ကာဘိုဆည်ရေသောက် နှစ်စဉ်နွေစပါးစိုက်၊
မိုးစပါးစိုက်ဧက (၃၇၀)ရှိရာ နွေစပါးစီမံကိန်းရေတွေကို ငါးမွေးမြူရေးသမားများက လုယက်သွယ်ယူလိုက်တာကြောင့်
စိုက်ခင်းတွေ ရေမရတော့တာပါ။
ပျိုးထောင်ရေ၊ စိုက်ပျိုးရေ အလုံအလောက်မရကြလို့
ပျိုးမထောင်ဘဲ ဒီအတိုင်းကြီး ထိုင်ကြည့်နေကြရတာပါ။
အခုဆိုရင်
လယ်မြေတွေကို ဘက်ဟိုးကြီးတွေနှင့် ငါးကန်တွေတူးနေကြတာကြောင့် တောင်သူများ ရေသွင်း ရေထုတ်ခက်ခဲခြင်း၊
စိုက်ပျိုးရေမလုံလောက်တော့ခြင်း၊ ကန်ဘောင်ပေါ်မှ သစ်ရိပ်များကြောင့် သီးနှံပင်တွေ လောင်းရိပ်မိနိုင်ခြင်း၊
ကန်ဘောင်မှာအောင်းသည့် ကြွက်များက သီးနှံဖျက်ဆီးပစ်နိုင်ခြင်း စတဲ့ ဆိုးကျိုးများ ဆက်တိုက်ဆိုသလို
ခံစားရတော့မှာ ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြောင့် ဌာနဆိုင်ရာအသီးသီးနှင့်
ဝန်ကြီးချုပ်အထိ တိုင်ကြားခဲ့ဖူးပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က (က) တရားမဝင် ငါးကန်ထူးဖော်ခြင်းကို
တားမြစ်နိုင်ခြင်းမရှိသည့် ဆည်မြောင်းဦးဌာနမှူး၊ မြေစာရင်းဦးစီးမှူးနှင့် ငါးလုပ်ငန်းဦးစီးမှူးတို့ကို
ဌာနဆိုင်ရာအရ အရေးယူရန်။ (ခ) တရားမဝင် ငါးကန်တူးသူများကို ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ချက်
ချပေးခဲ့ပါတယ်။
ဒါကို ဌာနဆိုင်ရာက အထက်အမိန့်ကိုမနာခံဘဲ
တိုင်ကြားသူ သီးကျော်ဌေး(မွတ်ဆလင်)ကိုသာ ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်တစ်သောင်းကျပ် ချမှတ်ပစ်လိုက်တာပါ။
ပထမပိုင်းမှာ တရားမဝင် မြောင်းသွယ်ယူမှုနှင့်
စွဲချက်တင်ပါတယ်။ ဘဝတူ တောင်သူမြန်မာများက သက်သေလိုက်ကြလို့ စွဲချက်မအောင်ခဲ့ပါဘူး။
ဒါနဲ့ မြောင်းခေါင်းတာဝန်မကြေမှုနှင့်
ထောင်ချပစ်လိုက်တာပါ။
မြေစာရင်း ဦးစိန်ဂေါင်းက ၂၀၁၄ တုန်းက
ပြောင်းရွှေ့သွားပါပြီ။
ငါးလုပ်ငန်းမှ ဦးအောင်ကျော်လင်း၊ ဦးမောင်လွင်၊
ဦးဖိုးစွာ၊ ဦးမြင့်နှင့် ဆည်မြောင်းဦးဆန်းဝင်းအပါအဝင် အားလုံး(၂၀)ဦးခန့် ရှိပါတယ်။
တစ်ယောက်မှ အရေးယူမခံရပါဘူး။
လက်ရှိအနေအထားမှာ ဗမာတောင်သူတွေရော
ကုလားတောင်သူတွေပါ စိုက်မရ ပျိုးမရ လယ်တွေတိမ်ကောသွားပြီး စီးပွားပျက်ကြတော့မည့်ပုံပါပဲ။
ဝန်ကြီးချုပ်ဦးသာအေးကိုယ်တိုင် ကွင်းဆင်းပြီး
ဖြေရှင်းပေးဖို့ လိုအပ်နေတာပါ။ နောက်အစိုးရမတက်ခင် အမှတ်တရလေး လုပ်ပေးသွားလိုက်ပါဦး။
No comments:
Post a Comment