ရမည်းသင်းမြို့နယ်
စံပြသိမ်ကုန်းရွာ မုဉ္စလိန္ဒာစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသောပါက (မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)၏
သက်တော်(၇၅)နှစ်ပြည့် စိန်ရတု ဝိဇာတမွေးနေ့အခမ်းအနားကို ၁၃၇၇-ခု၊ နတ္တော်လဆန်း(၈)ရက် (၁၉-၁၂-၂၀၁၅)
စနေနေ့မှာ ကျင်းပခဲ့ပါသည်။
မုဉ္စလိန္ဒာစာသင်တိုက်မှာ ကျင်းပခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ တပည့်ကြီးများ ဒါယကာ ဒါယိကာမများ ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၌
စိန်ရတုမွေးနေ့ရှင်ဆရာတော်ကြီးအား အဝေးရောက်နှင့်
အနီးနေတပည့် သံဃာတော်အပါး(၂၅၀)ကျော်တို့က စုပေါင်းပူဇော်၍ သြဝါဒခံယူကာ တစ်မြို့နယ်လုံးရှိ
သက်တော်(၇၅)နှစ်နှင့် အထက် ထေရ်ကြီးဝါကြီး ဆရာတော်ကြီး အပါး(၄၀)တို့အား ဆေးဝါး၊ ခြုံထည်၊ အစာအာဟာရ အပါအဝင် အသုံးအဆောင် ပစ္စည်းခြင်းနှင့် ပူဇော်ငွေတို့ကို
လှူဒါန်းခြင်း၊ အသက်(၈၀)နှင့် အထက်ရှိ အဘိုးအဘွား (၁၀၉)ဦးတို့အား စောင်၊ ဆေးနှင့်
အသုံးအဆောင်ပစ္စည်းတို့ကို ထောက်ပံ့လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
ဆရာတော်ကြီးသည် မုဉ္စလိန္ဒာစာသင်တိုက်ရှိ
စာသင်သားသံဃာတော် (၁၀၀)ကျော်တို့အား စာချဘုန်းကြီးများနှင့် စာပေများ ပို့ချဆဲဖြစ်သလို
နိုင်ငံတော်သံဃမဟာနာယက တာဝန် ရမည်းသင်းမြို့နယ် ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲတာဝန် အစိုးရဓမ္မာစရိယနှင့်
ပထမပြန်စာမေးပွဲတာဝန် ရွှေမြင်တင် တောင်တော်မြတ်ဘုရား သြဝါဒါစရိယတာဝန်နှင့် မြို့နယ်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၌
နာယကတာဝန်များကို ထမ်းဆောင်နေဆဲဖြစ်သည့်အပြင် ယခင်နှစ် ဆရာတော်မွေးနေ့က ပင့်သံဃာတော်များကို
ထူးထူးခြားခြား "သာကီသွေး" ဂျာနယ်ပေါင်းချုပ် လှူဒါန်းသော ရှားရှားပါးပါး
မဟနဆရာတော်ကြီး ဖြစ်ပါသည်။
ထို့အပြင် သာကီသွေး အောင်ဇေယျတု အတုမရှိ ဂျာနယ်များကို
အပတ်စဉ်မလွတ်တမ်းဖတ်ရှုလေ့ရှိပြီး "အမျိုးစောင့်ဥပဒေကန့်ကွက်တဲ့သူတွေက ဒီဂျာနယ်တွေကို
မဖတ်လို့သာ ရမ်းသမ်းကန့်ကွက်နေကြတာ။ ဒီဂျာနယ်တွေကိုဖတ်ကြည့်ပါက ကန့်ကွက်စရာ တစ်ကွက်မှမရှိဘူး"ဟု
ကမ္ဘာအေး အစည်းအဝေးမသွားခင် ရဲရဲတောက် မိန့်သွားတော်မူသော အာဂမျိုးချစ်ဆရာတော်ကြီးပင်
ဖြစ်ပါသည်။
အရှင်စန္ဒောဘာသ(ရမည်းသင်း-မင်းကျောင်း)














No comments:
Post a Comment