စစ်ကိုင်းတိုင်း၊
ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ချမ်းမြေ့အောင်စည်လမ်းနေ ဦးကျော်ဝင်း အိမ်ခြံဝန်းအတွင်းမှာ
အော်ရီဒူးတာဝါတိုင် စိုက်ထူးဖို့ အုတ်မြစ်တူးနေကြပါတယ်။
ပတ်ဝန်းကျင်အိမ်နီးချင်း
သုံးအိမ်ကသာ ထောက်ခံကြတာပါ။ အဲဒီသုံးအိမ်ထဲ တစ်အိမ်က လက်မှတ်ပြန်ရုပ်သွားပါပြီ။ မသိလို့ထိုးလိုက်မိတာကြောင့်ပါ။
တာဝါတိုင်လက်ခံတဲ့အိမ်ဟာ
ချမ်းမြေ့အောင်စည်ကျောင်းဘေးမှာ ဖြစ်ပြီး အိမ်ရှင်ကို ကလေးမြို့ မဘသ အဖွဲ့နှင့် ဗဟိုဦးဆောင်ဆရာတော်
ဦးဓမ္မိက ကိုယ်တိုင် ခေါ်ယူဆုံးမခဲ့ပါသေးတယ်။ ဘယ်လိုမှ ပြောမရတော့တဲ့အခါ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ
ပြည်သူ (၅၁)ဦးက လက်မှတ်ထိုး တိုင်ကြားခဲကြတာပါ။
မြို့နယ်၊
ခရိုင်၊ တိုင်း အုပ်ချုပ်ရေး အဆင့်ဆင့်မှ ဝန်ကြီးချုပ်အထိ တိုင်ကြားခဲ့တာကြောင့် ပထမ
နှုတ်မိန့်ဖြင့် လုပ်ငန်းတွေရပ်ဆိုင်းဖို့ တားမြစ်လိုက်ပါတယ်။
၂၀.၁၂.၂၀၁၅
ရက်န့မှာတော့ ခရိုင်မှစာထွက်ပြီး ချက်ချင်းရပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ကလေးမြို့၊
ချမ်းမြေ့အောင်စည်ရပ်ကွက်မှ ဦးသန်းတင့်က တာဝန်ခံ တိုင်ကြားပြီး တောင်သူလယ်သမားပါတီ
ဒေါ်စန်းစန်းအေးက တက်တက်ကြွကြွ ဆောင်ရွက်ကြတာပါ။
တစ်ရပ်ကွက်လုံးက
ဆန္ဒပြဖို့အဆင့်ထိ စီစဉ်ထားသော်လည်း ချက်ချင်းရပ်ဆိုင်းထားတာကြောင့် စောင့်ကြည့်နေကြတာပါ။
ကုလားတွေ ဝင်ထွက်သွားလာနေတာတွေ့ရလို့ စောင့်ကြည့်နေတာဖြစ်ပြီး အပြီးတိုင် မရုပ်သိမ်းမချင်း
စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊
စလင်းမြို့၊ ကူတိုရွာမှာလည်း အော်ရီဒူးကိစ္စ ဝံသာနု ဆောင်ရွက်နေပါတယ်။ တာဝါတိုင်ကို
လက်ခံထားသူက NLD ပါတီဝင် စည်းရုံးရေးမှူး ဖြစ်နေလို့ NLD ပါတီအကြီးအကဲတွေကို တိုင်ကြားထားကြောင်း
သိရပါတယ်။














No comments:
Post a Comment