5.11.2015
ရက်နေ့၊ မနက်ပိုင်းမှာ လက်ခံတွေ့ဖြေကြားပါတယ်။ ရမည်းသင်းမြို့၊ ရန်အောင်မြင်ကျောင်းအထိ
လာရောက်မေးလျှောက်ကြတာပါ။ ရမည်းသင်းအမျိုးစောင့်ဥပဒေအောင်ပွဲမှာ ရောက်နေလို့ ရမည်းသင်းအထိ
လိုက်လာကြခြင်းပါ။
စပိန်နိုင်ငံ
Gara သတင်းဌာနက ရုပ်သံရော သတင်းစာပါ စပိန်ဘာသာနှင့်ပဲ လွှင့်တာ ဖြန့်ချိတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ
အဓိပ္ပါယ်ဖွင့်ဆိုချက်၊ နိုင်ငံရေးနှင့် ဘာသာရေးပတ်သက်မှု၊ သမ္မတဦးသိန်းစိန်ကို ထောက်ခံရခြင်း၊
ဒေါ်စုနိုင်ခဲ့လျှင် ဖြစ်နိုင်ခြေအခင်းအကျင်း၊ အာဏာပြန်သိမ်းနိုင်ခြေ စတဲ့ နိုင်ငံရေးတွေအပြင်
အမျိုးသားရေးတွေပါ မေးလျှောက်ပါတယ်။
ဘာသာရေးဆိုတာ
အရာအားလုံးရဲ့ အထိန်းအကွပ်ပါ။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ၊ ကြိုးမသီတဲ့ပန်းဟာ လေလွင့်စရာပါပဲ။
ဘာသာရေးမရှိဘူးဆိုရင် လူတွေဟာ လောဘသားကောင် ဖြစ်သွားမယ်။
အမျိုးသားလုံခြုံရေးမှာ
စိတ်ချရလို့၊ ဒီမိုကရေစီမျိုးစေ့ချပြီး အပင်ပေါက်အောင် စိုက်ပျိုးနိုင်လို့၊ အတွေ့အကြုံရှိသူ
ရင့်ကျက်တည်ငြိမ်သူ အရာအားလုံးကို ထိန်းကျောင်းနိုင်သူဖြစ်လို့ ဦးသိန်းစိန်ကို ထောက်ခံတာပါ။
ဒေါ်စုနိုင်ရုံနဲ့
အာဏာမသိမ်းနိုင်ပါဘူး။ နိုင်ပြီး ရှပ်နီ ရှပ်ဝါတွေလို ဖြစ်လာတာမျိုးတွေ၊ တိုင်းပြည်ပြိုကွဲမှုတွေဖြစ်လာရင်တော့
သေချာပေါက် အာဏာရှင် စစ်အစိုးရတစ်ရပ် ပေါ်ပေါက်လာမှာပါ။
No comments:
Post a Comment