ထိုင်းနိုင်ငံ(လိပ်ကျွန်း)လူသတ်မှုတွင်
မတရား သေဒဏ် ကျခံနေရသော မြန်မာနိုင်ငံသား
နှစ်ဦးပြန်လည်လွတ်မြောက်စေရန်အတွက် ဆုတောင်း မေတ္တာပို့သပွဲအား တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့
၌ (27.12.2015)ညနေ ၅နာရီခန့်က လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်ကြီး
၌ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ဝံသာနုရက္ခိတ
သြဝါဒစရိယဆရာ
တော်ကြီးများကြွရောက်၍ သြဝါဒ ကထာများချီးမြှင့်
ခြင်း၊လိပ်ကျွန်း လူသတ်မှုမှ သေဒဏ်ကျခံနေရသော
မြန်မာနိုင်ငံသားနှစ်ဦီးအတွက် မေတ္တာသုတ်ရွတ်ဖတ်
ခြင်းးနှင့်အရပ်ရှစ်မျက်နှာ မေတ္တာပို့အမျှပေး ဝေခြင်း
များပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

အခမ်းအနားသို့
ပရဟိတအဖွဲ့အစည်းများ၊ နာရေးကူ
ညီမှုအသင်းများ ဝံသာနုရက္ခိတ အသင်းသူ/သားများ
မြိတ်မြို့မှ လူပရိသတ် တစ်ထောင်ခန့် တက်ရောက်
မေတ္တာပွားခဲ့ကြောင်းသိရှိရပါသည်။

===========
ဝံသာနုရက္ခိတအဖွဲ့(မြိတ်)
ဝံသာနုရက္ခိတအဖွဲ့(မြိတ်)
No comments:
Post a Comment