Thursday, December 17, 2015

“အရိန္ဒမ မစိုးရိမ်ကျောင်းသစ် မိတ်ဆက်တရားပွဲ”


25.11.2015 ည 8:00 ရှမ်းပြည်နယ်တောင်ပိုင်း၊ တော်ကြီးခရိုင်၊ အောင်ပန်းမြို့နယ်၊ ဇောတိကစံပြကျေးရွာ၊ အရိန္ဒမ မစိုးရိမ်ကျောင်းသစ်ကျောင်း မိတ်ဆက်တရားပွဲ ဓမ္မသဘင်။

ကျောင်းမရှိတဲ့ရွာမှာ ကျောင်းသစ်တည်ထားတာပါ။ ဝါဝင်ခါနီးမှ စတင်ထူထောင်ပေမယ့် အတော်လေးတော့ ပြည်စုံနေပါပြီ။ ပရဟိတ၊ ဘက၊ မိဘမဲ့ ကလေးသူငယ်တွေအတွက် ရည်ရွယ်တာပါ။

ကျောင်းထိုင်က ဦးဣန္ဒာစရိယ ဖြစ်ပါတယ်။ ကျောင်းမြေအတွက် စာရေးသူက သိန်း(၈၀) လှူထားတာဖြစ်ပါတယ်။
ဦးဣန္ဒာစရိယနှင့် စာရေးသူတို့ရဲ့ ဖက်စပ်ကျောင်းပါ။
စာရေးသူကိုလည်း မမြင်ဖူး၊ တရားလည်း မနာဖူးတဲ့ ကျောင်းဒကာ ဒကာမတွေအတွက် ထေရဝါဒ သာသနာတော် တရား ဟောကြားခဲ့ပါတယ်။

မန္တလေးမှာ မအေးသေးပေမယ့် အောင်ပန်းမှာ အတော်အေးနေပါပြီ။ ဒုကုဋ်သင်္ကန်းကြီးရုံပြီး တရားဟောရပါတယ်။ ကထိန်ခင်းထားတဲ့ ပူပူနွေးနွေးဒုကုဋ်သင်္ကန်းကြီးကို ပွဲဦးထွက်ရုံပြီး ဟောဖြစ်သွားတာပါ။

ပရိသတ်ကလည်း သိပ်မများလှပါဘူး။ ကထိန်လှည့်တာတွေနှင့် တိုးနေတာရော၊ ရွာခံတွေနှင့် မိတ်ဆက်ရုံသက်သက်ပဲ လုပ်တာရောကြောင့်ပါ။


ဦးဣန္ဒာစရိယကျောင်းအတွက် လှူဒါန်းမှုစာရင်းကို ကြည့်လိုက်ရင် ငါးသောင်းမှ ခြောက်သိန်းအထိလောက်ပဲ လှူကြသူတွေကိုတွေ့ရပေမယ့် ခရိုနီတွေ ပါတီတွေလှူလို့ ခုလိုပြည့်စုံတာလို့ ထင်ကြေးပေးသူတွေကလည်း အများသားရယ်။








No comments:

Post a Comment