1.12.2015
ည 7:30 နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (ဒဒ/၇-၈)ရပ်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်၊
သတ္တမအကြိမ် ရန်အောင်မြင် ဂျပန်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မသဘင်။
နဂါးနီစုဘူးအမှတ်(၁)
တည်ရှိရာရပ်ကွက်ပါ။ နဂါးနီစုဘူးအသင်းဝင်တွေအတွက် အားတက်သရော ကူညီလုပ်အားပေးကြတဲ့ ပါရမီရှင်တွေ
နေရာရပ်ကွက်ပါ။ ကျောင်းထိုင်ဆရာတော် ဦးသုဇာတ က နဂါးနီစုဘူးအသင်းကို ကြီးကြပ်စီမံပေးပါတယ်။
သူ့ကျောင်းမှာပဲ အပတ်စဉ် ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပတာပါ။
နဂါးနီဝိုင်းတော်သားတွေအတွက်
ထေရဝါဒသာသနာတော် တရား ဟောကြားခဲ့ပါတယ်။
ထေရဝါဒဆိုသည်မှာ၊
မထေရ်မြတ်တို့သာသနာ။
သာသနာဆိုတာ
အဆုံးအမ၊ မြတ်ဘုရားသြဝါဒ။
ထေရဝါဒဆိုတာ၊
ပိဋကသုံးပုံပါပဲ။
ပိဋကသုံးပုံရဲ့အနှစ်သာရက
မဂ္ဂင်ရှစ်ပါးပါ။
မဂ္ဂင်ရှစ်ပါးအနှစ်ချုပ်က
သီလ၊ သမာဓိ၊ ပညာ ပါပဲ။
မကောင်းမှုရှောင်တာ
သီလ။
ကောင်းမှုဆောင်တာ
သမာဓိ။
ဖြူအောင်စိတ်ကိုထားတာ
ပညာ။
No comments:
Post a Comment