Thursday, December 24, 2015

“အရာတော်မြို့နယ် ငွေတွင်းရွာတရားပွဲ”


4.12.2015 ညနေ 5:30 စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေးတွင်းကျေးရွာ၊ ရွှေဂူကြီးမြတ်စွာဘုရား ဓမ္မရက္ခိတတန်ဆောင်း၊ ငွေတွင်းရွာ မဘသနှစ်ပတ်လည်အခမ်းအနား အကြိုဓမ္မသဘင်။
2014 ခုနှစ်ကလည်း မဘသဖွင့်ပွဲအဖြစ် ဟောခဲ့ဖူးပါတယ်။ ငွေတွင်းရွာ မဘသ ဦးဇင်းလေးတွေက အတော်ထက်သန်ကြပါတယ်။ မစိုးရိမ်တိုက်သစ်ထွက်လေးတွေပါ။ မန္တလေးကုလားကို သနပ်ခါးခြံရောင်းပစ်လိုက်တာကို ကုလားဆီအရင်းအတိုင်းပြန်ဝယ်လို့ရအောင် စွမ်းဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။

ရွာရောက်တယ်ဆိုရင်ပဲ ဆရာတော်နှစ်ပါးကို စာအုပ်စာစောင်တွေ လှူဒါန်းပါတယ်။ ဆရာတော်ကြီးက နှုတ်ဆက်ရုံလောက်ပဲ မိတ်ဆက်စကားပြောပါတယ်။ ဆရာတော်တစ်ပါးက စာရေးသူနှင့် သိက္ခာ ဝါ တူညီပါတယ်။
ဝါတူရွာခံဆရာတော်ကို မဘသဦးဇင်းလေးက လျှောက်ထားပါတယ်။ တန်းတူထိုင်ခုံမထိုင်ဘဲ အောက်ကနေပဲ လျှောက်တာပါ။ ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံတုန်း ဆရာတော်သိချင်တာတွေ မေးဖို့ လျှောက်တာပါ။
မဘသကို ဘာသာရေးသက်သက်ပဲ ဆောင်ရွက်တယ်ထင်လို့ အားပေးခဲ့တာ။ အခု နိုင်ငံရေးရောစွက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒေါသအခံပါနေတော့ စကားမြန်နေပြီး မျက်နှာကလည်း ခက်ထန်နေပါတယ်။
ဒါနဲ့ စာရေးသူက မန်း မဘသကိုပြောတာလား ဗဟိုကိုပြောတာလား လို့ မေးလိုက်ပါတယ်။ ရွာမဘသကိုပြောတာပါ တဲ့။ ဦးဇင်းလေးက ရွာကိစ္စကတော့ ဆရာတော်တို့သြဝါဒခံယူပြီး ဖွဲ့စည်းတာဖြစ်လို့ ဆရာတော်တို့ ဆုံးမရင် ရတဲ့အကြောင်း၊ ဦးဝီရသူကို အခုမှ ဆုံဖူးတာဖြစ်ကြောင်း၊ ဦးဝီရသူအပေါ် သံသယရှိတာတွေ မေးဖို့ လျှောက်ထားတာဖြစ်ကြောင်း လျှောက်တဲ့အခါ အားနာနေပုံရပါတယ်။
အားမနာပါနဲ့ ကြိုက်တာမေးပါ။ ပွင့်ပွင့်လင်းလင်း မေးပါလို့ ကမ်းလှမ်းတာတောင် မေးရခက်နေလို့ စာရေးသူကပဲ အစဖော်ပြီး ပြောလိုက်ပါတယ်။
ဝီရသူက ဒေါ်စုကို ပြည့်တန်ဆာမလို့ ဆဲပါတယ်ဆိုပြီး အနီကောင် အနီမတွေ ဝါဒဖြန့်နေတာ မြို့တိုင်း ရွာတိုင်းမှာ ရှိတယ်လို့ ပြောလိုက်တော့ ထိုဆရာတော် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားပါတယ်။
ဟုတ်လား.. တကယ်မဆဲဘူးလား.. လို့ ပြာပြာသလဲ မေးရှာပါတယ်။
စာရေးသူက ရွေးကောက်ပွဲနှင့်ပတ်သက်တဲ့ မဘသမူဝါဒကို ပြောပြတော့ အံ့သြသွားပါတယ်။

တစ်နိုင်ငံလုံး ဒီလိုလုပ်ကြံစော်ကားနေကြတာ အောင်မြင်ကြပါတယ်။ အထင်လွဲတဲ့သူတွေရော၊ မကြည်ညိုတော့တဲ့ သူတွေရော၊ တရားပွဲဖျက်တဲ့သူတွေပါ အတော်ကြီးကို မုန်းတီးကုန်ကြတာ တွေ့ရပါတယ် ပြောတော့ သူလည်း ဆွံ့အ သွားတာ တွေ့ရပါတယ်။

နိုင်ငံရေးသမားတွေ အောက်လမ်းသုံးတဲ့အကြောင်း ကိုယ်တွေ့သာဓကလေးတွေ ပြောပြပြီး ပလ္လင်တက်ခဲ့ပါတယ်။

ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် သာရဏီယတရား ဟောကြားခဲ့ပါတယ်။ 










No comments:

Post a Comment