16.11.2015
ည 8:00 မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆည်ရွာ ရွှေကူမြတ်စွာဘုရား
ဗုဒ္ဓပူဇနိယပွဲတော်အကြို နဝမအကြိမ် ဓမ္မသဘင်။
ကျောင်းဆောင်ကြီးတွေကလည်း
ကောင်း၊ ဓမ္မာရုံကြီးတွေကလည်း ကောင်းလို့ စီးပွားရေးကောင်းတဲ့ရွာ အောက်မေ့မိတယ်။ ပြည်ပရွာသားတွေက
လှူဒါန်းကြတာ တဲ့။
တော်တော်ထူးခြားတဲ့
တရားပွဲပါ။ ခရီးရောက်မဆိုက်ပဲ သတင်းထူးကြားရတယ်။
ဓမ္မာရုံထဲမှာ
တရားနာဖို့ ရောက်နေပြီးသား အဖွားကြီးတစ်ယောက်ကို ကောင်လေးတစ်ယောက်က လာခေါ်သွားတယ်တဲ့။
ဒီဘုန်းကြီးတရား မနာရဘူးဆိုပြီး လာခေါ်သွားတာပါ တဲ့။
တရားပွဲပင့်တဲ့
ဦးဇင်းလေးတွေက ကြီးကြီးကျယ်ကျယ်လုပ်ဖို့ အားခဲထားပုံရတယ်။ ကန့်ကွက်သူတွေက များလာလို့
လုပ်ရတာ အားမရှိတော့တဲ့ ပုံစံမျိုး ရင်ဖွင့်ရှာပါတယ်။
တရားဟောနေတုန်းလည်း
ဓမ္မာရုံအပြင်ဘက်မှာ ဆူဆူညံညံကြားလိုက်ရပါသေးတယ်။
လူငယ်တစ်ယောက်မူးပြီး
ဆိုင်ကယ်နဲ့ ရောက်လာတာပါ။ သူကတော့ တစ်မျိုးပါ။ ဆန့်ကျင်ဘက်က နှောက်ယှက်တဲ့ပုံစံမျိုးမဟုတ်ဘဲ
ဒီလိုဆရာတော်မျိုးကို ရွာက ဘာလို့ကန့်ကွက်ကြတာလဲ၊ ဘာလို့ မကောင်းပြောကြတာလဲ အော်ပြောပြီး
ငိုနေတာပါ တဲ့။
ဦးဇင်းလေးတွေက
အဝေးခေါ်ပြီး ဆုံးမတယ်လို့ သိရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေမှာ
မဖြစ်မနေ ရှိထိုက်တဲ့ အခြေခံယုံကြည်ချက် (၁၀)ပါး တရားတော်ကိုတော့ တရားနာပရိသတ်က နှစ်ထောင်းအာရဖြစ်လျက်
ကျန်ရစ်ခဲ့တာပါ။
No comments:
Post a Comment