Wednesday, December 16, 2015

“ပြင်သစ်သတင်းစာနှင့် မန်း မဘသ အင်တာဗျူး”


2.11.2015 မွန်းလွဲ 1:00 ကင်းဝန်မင်းကြီးတိုက်၊ သာသနပါလကျောင်းမှာ လက်ခံဖြေကြားကြပါတယ်။
ပြင်သစ် Ke Monde သတင်းစာ ထိုင်းနိုင်ငံရုံးခွဲ အရှေ့တောင်အာရှသတင်းထောက် Mr Bruno Philip လာရောက်မေးလျှောက်ပါတယ်။

မန်းမဘသအတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလ၊ အရှင်ရာဇ (ခေတ်သစ်ရာဇာ)နှင့် စာရေးသူအပါအဝင် မန်းမဘသဝိုင်းတော်သားများ ဖြေကြားပါတယ်။

ရွှေဝါရောင်တုန်းကနှင့် မတူတော့တဲ့ ပေါင်းစည်းမှုအကြောင်း၊ ပြင်သစ်မှာလို မူဆလင်တွေကို အကြမ်းဖက်သူ မဖက်သူ နှစ်မျိုးနှစ်စား ခွဲခြားကြည့်တာမျိုး ရှိ မရှိ၊ NLD အနိုင်ရခဲ့ရင် တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှု၊ အမျိုးစောင့်ဥပဒေကို တစ်ပါတီလုံးက ကန့်ကွက်ရခြင်းအကြောင်း စတာတွေ မေးပါတယ်။

2012 မှာ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားလုံခြုံရေးနှင့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာရဲ့ အန္တရာယ်ကို ပူးပေါင်းကာကွယ်ကြလို့ တပ်မတော်နှင့်ရော၊ အစိုးရနှင့်ပါ ပူပေါင်းသွားကြတာ (အရှင်ဝီရသူ)
မြန်မာပြည်မှာနေတယ်။ မြန်မာပြည်ကိုချစ်တယ်။ မြန်မာယဉ်ကျေးမှုကိုလေးစားတယ်။ မုဆိတ်မထားဘူး။ တိုက်ပုံအင်္ကျီဝတ်တယ်။ ဒါက မူဆလင်တစ်မျိုး။
မြန်မာပြည်မှာနေတယ်။ မုဆိတ်ထားတယ်။ ခေါင်းမြီးခြုံတယ်။ ထောက်ရှာဆောင်းတယ်။ တိုင်းတစ်ပါးယဉ်ကျေးမှုကိုပဲ ထူထောင်တယ်။ မြန်မာယဉ်ကျေးမှုကို မမြတ်နိုးဘူး။ ဒါက မူဆလင်တစ်မျိုး။
မြန်မာပြည်ကို မူဆလင်နိုင်ငံထူထောင်ချင်လို့ မိန်းမများများယူတယ်။ ကလေးများများမွေးတယ်။ ပြည်ပအကြမ်းဖက်အဖွဲ့တွေနှင့် ဆက်သွယ်တယ်။ သူတို့လူအင်အားများလာရင် တိုင်းရင်းသားတွေကို အကြမ်းဖက်ပြီး အစ္စလာမ္မစ်နိုင်ငံထူထောင်ဖို့ ကြံစည်အားထုတ်နေကြတယ်။ ဒါက မူဆလင်တစ်မျိုး။
ပထမ တစ်နံပါတ်အမျိုးအစား မူဆလင်တွေကို မိတ်ဆွေအဖြစ် သတ်မှတ်တယ်။
ဒုတိယ နှစ်နံပါတ်အမျိုးအစား မူဆလင်တွေကို စောင့်ကြည်ရမည့်သူများလို့ သတ်မှတ်တယ်။ ရန်သူလည်း ဖြစ်သွားနိုင်သလို မိတ်ဆွေလည်း ဖြစ်လာနိုင်လို့ပါ။
တတိယ သုံးနံပါတ်အမျိုးအစားမူဆလင်တွေကို ရန်သူ (အန္တရာယ်ကောင်)တွေလို့ သတ်မှတ်ပါတယ်။ သူတို့အန္တရာယ်ပေးလို့မရအောင် ကာကွယ်စောင့်ရှောက်ရမှာပါ။ (အရှင်ဝီရသူ)

မေး- ဒေါ်စုဟာ မူဆလင်တွေကို အကာကွယ်မပေးဘူးလို့ မူဆလင်တွေက ပြောကြတယ်။ အရှင်ဘုရားတို့ကျတော့လည်း ဒေါ်စုက မူဆလင်တွေဘက် ယိမ်းတယ်လို့ ပြောတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲဘုရား။
ဆရာတော်ဦးကုသလ အဖြေ- လက်ရှိအနေအထားအရ ပြောရရင် သူက မူဆလင်တွေနှင့် ရင်နှီးပေါင်းသင်းတာများတယ်။ လူနည်းစုကို ညှာတာပါ ထောက်ထားပါ၊ ကုလာကို ကုလားလို့ မခေါ်ပါနဲ့ စသည်အာဖြင့် ပြောခဲ့တာတွေ ရှိတယ်။

မေး- မူဆလင်လူနည်းစုက မြန်မာလူများစုကို ခြိမ်းခြောက်နိုင်တယ်လို့ ထင်ပါသလား၊ ဘာကြောင့်ပါလဲ။
ဆရာတော် ဦးကုသလ အဖြေ- ခြိမ်းခြောက်နိုင်ပါတယ်။ စီမံကိန်းနှင့် လာတာမို့ပါ။ ဘူးသီးတောင် မောင်တောမှာကြည့်လေ စနစ်တကျ ဝါးမျိုသွားတာ လူနည်းစုက အများစုဖြစ်၊ အများစုက အနည်းစုဖြစ်။ အဲဒီလိုမျိုး တစ်ဖြေးဖြေးနှင့် တိုက်စားလာကြတာ။

မေး- NLD အနိုင်ရတာဟာ သတင်းဆိုးလား သတင်းကောင်းလား၊ တိုင်းပြည်အတွက် ဘယ်လိုဖြစ်မှာလဲ။

ဦးရာဇ အဖြေ- ခုနစ်ဆယ့်ငါးရာခိုင်နှုန်းက အဆိုးဖြစ်မယ်။ လက်ရှိအခြအနေအရ အမျိုးဘာသာ သာသနာအပေါ်မှာလည်း အားပေးထောက်ပံ့ခြင်း မရှိဘူး။ သမ္မတဘယ်သူလုပ်မယ်လို့တောင် တရားဝင် မကြေငြာနိုင်သေးတာလည်း ကြည့်ရမယ်။ 





No comments:

Post a Comment