Monday, December 14, 2015

“မိုးညှင်းမြို့ ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာ ဆရာဖြစ်မွမ်းမံသင်တန်း ဖွင့်လှစ်”


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ထီးလင်းသာသနာ့ဗိမာန် ကျောင်းတိုက် ဓမ္မစကူလ်အဖွဲ့နှင့် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ယဉ်ကျေးလိမ္မာပြန့်ပွားရေးနှင့် လူမူကူညီရေးအဖွဲ့တို့က ပူးပေါင်းစီစဉ်အပ်သော ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာ ဆရာဖြစ်မွမ်းမံသင်တန်းဖွင့်ပွဲကို 14.12.2015 ရက်နေ့၊ ညနေ 6:00 နာရီအချိန်မှာ မိုးညှင်းမြို့၊ ထီးလင်းသာသနာ့ဗိမာန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မိုးညှင်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော် နှင့် မိုးညှင်းမြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဥက္ကဋ္ဌဆရာတော်နှင့် ဒုတိယ ဥက္ကဋ္ဌ ဆရာတော် အဖွဲ့ဝင်ဆရာတော်များနှင့် ရပ်မိရပ်ဖများများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းနားမှူး အဖြစ် ဒေါ်ယဉ်နွယ်မင်းမှ ဆောင်ရွက်ခဲ့ပြီး
မိုးညှင်းမြို့နယ်သံဃမဟာနာယက ဥက္ကဋ္ဌ ဦးဓမ္မပီယ ထံ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဆရာ ဆရာမများက ငါးပါးသီလနှင့် သြဝါဒ ခံယူခြင်း၊
မိုးညှင်းမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ထီးလင်းဆရာတော် ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဦးသုဇနမှ သြဝါဒ ချီးမြင့်ခြင်း၊
မိုးညှင်းခရိုင်လုံးဆိုင်ရာ ယဉ်ကျေလိမ္မာဆရာဖြစ်သင်တန်း ဖြစ်မြောက်ရေးကော်မတီ အကျိုးတော်ဆောင် ကိုဇင်မင်းထွန်း(ကျော်ထူး-ထီးလင်း  )မှ ဝမ်းမြောက်စကားပြောကြားခြင်းနှင့် ကြွရောက်လာကြကုန်သော ဆရာတော်သံဃာတော်များကို အလှူငွေများဆက်ကပ်လှူဒါန်းခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ည ၇း၄၅မိနှစ်အချိန်မှာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။


ကျော်ထူး ( ထီးလင်း  )







No comments:

Post a Comment