24.10.2015
ရက်နေ့၊ ညနေ 3:30 ဓမ္မစေတိယစာကြည်တိုက်မှာ တွေ့ဆုံဖြေကြားပါတယ်။
သြစတြီးယားနိုင်ငံ
ORF သတင်းဌာနဟာ ရေဒီယိုရော၊ တီဗီရော၊ အွန်လိုင်းပါ ထုတ်လွှင့်တဲ့ ဌာနဖြစ်ပါတယ်။
သတင်းထောက်
ရောဘတ်ဝှက် (Robert Uitz)က ဂျာမန်လူမျိုးပါ။ ဂျာမန်လိုပဲလွှင့်မယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ
မျှော်လင့်ချက်၊ အမျိုးသားရေးအရေးကြီးပုံ၊ အမျိုးသားရေးရပ်တည်ချက်နှင့် ဗုဒ္ဓလမ်းစဉ်၊
တိုင်းမ်မဂ္ဂဇင်းရဲ့ စွပ်စွဲချက်၊ ဒီချုပ်နိုင်ရင် လက်ခံနိုင်ချေ စတာတွေ မေးပါတယ်။
1947 ခုနှစ်၊
အိန္ဒိယလွတ်လပ်ရေးရတုန်းက အရှေ့ပါကစ္စတန် အနောက်ပါကစ္စတန် ဆိုတဲ့ ပါကစ္စတန်နိုင်ငံကြီးတစ်ခု
ပေါ်ပေါက်လာဖို့အတွက် ဟိန္ဒူတွေ သန်းချီပြီး သေပေးခဲ့ကြရတယ်။ မြန်မာပြည် အဲလိုမဖြစ်အောင်လို့
ကာကွယ်စောင့်ရှောက်နေတာပါ။
မူဆလင်တွေ
ဒီတိုင်းပြည်က ထွက်သွားရမယ်၊ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာပဲရှိစေရမယ် ဆိုတာမျိုးတွေ စိတ်ထဲမှာတောင်
မတွေးမိပါဘူး။
မူဆလင်တွေကသာ
ဒီနိုင်ငံကို တစ်နိုင်ငံလုံး မူဆလင်တိုင်းပြည်ဖြစ်အောင် လုပ်နေတာပါ။ ဦးဇင်းတို့ကျတော့
ကိုယ့်ဘာသာ ကိုယ့်လူမျိုး မကွယ်ပျောက်ရင်ပဲ ကျေနပ်လှပါပြီ။
အန္တရာယ်မကြီးတဲ့
အပြောင်းအလဲကိုပဲ လိုချင်ပါတယ်။ ဒုံရင်း ဒုံရင်း ပြန်ရောက်သွားမှာ၊ အာဏာပြန်သိမ်းခံရမှာကို
မလိုလားပါဘူး။
ဒီချုပ်ကို
နိုင်စေချင်ခဲ့တာ။ နိုင်ရာနိုင်ကြောင်း ဘာမှမလုပ်လို့ အားမလို အားမရနဲ့ ဝေဖန်ထောက်ပြခဲ့ဖြစ်တာ။
No comments:
Post a Comment