Monday, November 23, 2015

“လူမျိုးလိမ်​ရိုဟင်​ဂျာအမည်​ခံပြက္ခဒိန်​ကိစ္စနှင့်​ပတ်​သက်​၍ အမျိုးသား​ရေးလှုပ်​ရှားမှုသူများ အထူးအစည်းအ​ဝေးကျင်းပ”


လူမျိုးလိမ်​ရိုဟင်​ဂျာအမည်​ခံပြက္ခဒိန်​ကိစ္စနှင့်​ပတ်​သက်​၍ အမျိုးသား​ရေးလှုပ်​ရှားမှုသူများ အထူးအစည်းအ​ဝေးကို (၂၂-၁၁-၂၀၁၅)ရက်​​နေ့
မွန်းလွဲ (၁း၀၀)နာရီတွင်​ ဒဂုံမြို့သစ်​(အ​ရှေ့ပိုင်း)မြို့နယ်​၊ အမှတ်​(၁)ရပ်​ကွက်​ရှိ မ​ကွေးပရိယတ္တိစာသင်​တိုက်​ ၌ ကျင်းပပါတယ်​။

လူမျိုးလိမ်​ရိုဟင်​ဂျာအမည်​ခံပြက္ခဒိန်​ကိစ္စနှင့်​ပတ်​သက်​၍ အမျိုးသား​ရေးလှုပ်​ရှားမှုသူများ အထူးအစည်းအ​ဝေးကို (၂၂-၁၁-၂၀၁၅)ရက်​​နေ့ မွန်းလွဲ (၁း၀၀)နာရီ ဒဂုံမြို့သစ်​(အ​ရှေ့ပိုင်း)မြို့နယ်​၊ အမှတ်​(၁)ရပ်​ကွက်​ရှိ မ​ကွေးပရိယတ္တိစာသင်​တိုက်​၌ ကျင်းပပါတယ်​။

အစည်းအ​ဝေးသို့ မ​ကွေး​ကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ဦး​ဆောင်​​သော ဆရာ​တော်​သံဃာ​တော်​(၅၅)ပါး၊ အမျိုးသား​ရေးတက်​ကြွလှုပ်​ရှားသူ (၄၁၀)​ယောက်​၊ သတင်းမီဒီယာ(၂၇)ဦး  စုစု​ပေါင်းငါးရာခန့်​တက်​​ရောက်​ကြပါတယ်​။

အခမ်းအနားကို န​မောတဿ သုံးကြိမ်​ရွတ်​ဆို၍ စတင်​ဖွင့်​လှစ်​ပြီး အခမ်းအနားမှူးအဖြစ်​ ကို​ကျော်​နန္ဒကို(ခ)သခင်​ခက်​ထန်​က ​ဆောင်​ရွက်​ပါတယ်​။

အစီအစဉ်​(၂)အရ မ​ကွေး​ကျောင်းဆရာ​တော်ဦးပါ​မောက္ခ က သြဝါဒစကားမိန်​ကြားရာတွင်​ ရိုဟင်​ဂျာအမည်​ကို လက်​မခံနိုင်​​ကြောင်း၊ တိုင်းရင်းသားအဖြစ်​​တောင်းဆို​နေမှုများကို ဆက်​လက်​ကန့်​ကွက်​သွားမည်​ဖြစ်​​ကြောင်း၊ စစ်​​တ​ကောင်းနယ်​မှ ဘင်္ဂလီများ အင်္ဂလိပ်​နယ်​ချဲ့လက်​​ထက်​တွင်​ ​ရောက်​ရှိလာရာမှ ယ​နေ့နယ်​​မြေချဲ့ထွင်​ အ​ရေးဆို​နေကြခြင်းသာဖြစ်​​ကြောင်း၊ ဆက်​လက်​၍လည်း ရခိုင်​အဖွဲ့အစည်းတစ်​ချို့နှင့်​ တိုင်​ပင်​​ဆွေး​နွေးထားပြီး သမိုင်းပညာရှင်​များနှင့်​ ဆက်​လက်​ချိတ်​ဆက်​​ဆောင်​ရွက်​မည်​ဖြစ်​ပြီး သု​​တေသနစာတမ်းဖတ်​ပွဲများ ပြုလုပ်​​ဆောင်​ရွက်​နိုင်​ရန်​ စီစဉ်​​ဆောင်​ရွက်​မည်​ဟု မိန့်​ကြားပါတယ်​။

အစီအစဉ်(၃)အရ ​ရွှေပြည်​သာ မ.ဘ.သ အဖွဲ့မှ ဆရာ​တော်​များက ရိုဟင်​ဂျာအမည်​ခံပြက္ခဒိန်​နှင့်​ပတ်​သက်​၍ ​ဆောင်​ရွက်​ထားရှိမှုမှတ်​တမ်းကို မျိုးချစ်​မြန်​မာရဟန်း​တော်​များသမဂ္ဂမှ တွဲဖက်​အတွင်း​ရေးမှူး ဦးဝိလာသဂ္ဂ က ဖတ်​ကြားပါတယ်​။

ပြက္ခဒိန်​ကို စီစဉ်​သူ ဦး​အောင်​ခင်​(စစ်​​တွေ)သည်​ ​ရွှေပြည်​သာမြို့နယ်​၊ (၁၉)ရပ်​ကွက်​ တွင်​​နေထိုင်​သူဖြစ်​သဖြင့်​ ​ရွှေပြည်​သာ မ.ဘ.သ မှ ၎င်း၏ ပြက္ခဒိန်​ထုတ်​​​ဝေဖြန့်​ချိရန်​​ဆောင်​ရွက်​မှုသည်​ လူမျိုး​ရေးအရှုတ်​အ​ထွေးကို ဖြစ်​​ပေါ်​စေပြီး ပဋိပက္ခများကို ဖြစ်​​ပေါ်​စေရန်​ ​ရည်​ရွယ်​ချက်​ရှိရှိ​ဆောင်​ရွက်​ခြင်းဖြစ်​ပါသဖြင့်​ နိုင်​ငံ​တော်​တည်​ငြိမ်​​ရေးကို ​ရှေးရှုပြီး ဥပ​ဒေနှင့်​အညီ တားဆီး အရေးယူ​ဆောင်​ရွက်​​ပေးရန်​ သက်​ဆိုင်​ရာအသီးသီးသို့ တိုင်​ကြား​ဆောင်​ရွက်​ခြင်းဖြစ်​​ကြောင်း၊
သက်​ဆိုင်​ရာမြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ မြို့နယ်​ဦးစီးဌာနမှူး(လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ အမျိုးသားမှတ်​ပုံတင်​​ရေးဦးစီးဌာန)၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတို့က ဦး​အောင်​ခင်​(စစ်​​တွေ)အား ​ခေါ်ယူ​မေးမြန်းရန်​​ဆောင်​ရွက်​ရာ ဦး​အောင်​ခင်​နှင့်​၎င်း၏ဇနီးတို့မှာ ခရီးလွန်​​နေသဖြင့်​ သားဖြစ်​သူ ဦး​အောင်​ဇံ​ဝေနှင့်​ သမီးဖြစ်​သူ ​ဒေါ်ခင်​မြိုင်​တို့အား (၁၉-၁၁-၂၀၁၅) ရက်​​နေ့ ​နေ့လည်​တွင်​ ​ရွှေပြည်​သာမြို့နယ်​၊ အုပ်​ချုပ်​​ရေးမှူးရုံးသို့ ​ခေါ်ယူစစ်​​ဆေးခဲ့​ကြောင်း၊ ​၎င်းတို့မှထွက်ဆိုရာတွင်​ ပြက္ခဒိန်​ကို ၂၀၁၅ခုနှစ်​၊ ၉ လပိုင်းအစတွင်​ ဖခင်​ဖြစ်​သူမှ ၂၀၁၆ ပြက္ခဒိန်​(သာ​အောင်​)အမည်​ဖြင့်​ မြန်​မာ-အင်္ဂလိပ်-အာရဗီ (၃)ဘာသာဖြင့်​ ထုတ်​လုပ်​ရန်​ နမူနာအား ရန်​ကုန်​တိုင်း​ဒေသကြီး ဗဟန်းမြို့နယ်​ရှိ၊ မူပိုင်​ခွင့်​နှင့်​မှတ်​ပုံတင်​ဌာန ဦးစီးအရာရှိ ​ဒေါ်စန်းစန်းနွယ်​ထံတင်​ပြရာ သာ​အောင်​ သတင်းစုံဂျာနယ်​ဖြင့်​ မထုတ်​ရန်​ အမည်​​ပြောင်းဖြင့်​ ထုတ်​ရန်​ ​ပြောဆိုခဲ့​ကြောင်း၊ တစ်​ပတ်​ခန့်​အကြာတွင်​ ​မော်ကွန်းအမည်​ဖြင့်​ ထုတ်​ရန်​တင်​ပြခဲ့ရာ ခွင့်​ပြုချက်​ရရှိခဲ့​ကြောင်း၊ မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​၊ ၉၆ လမ်း ပုံနှိပ်​တိုက်​တွင်​ ​စောင်​​ရေ(၇၀၀)ခန့်​ ပုံနှိပ်​ထားပြီး ဖြန့်​​ဝေခြင်းမပြုရ​သေး​ကြောင်း စသည်​ဖြင့်​ ထွက်​ဆိုချက်​များပါဝင်​ပါတယ်။
ဆက်​လက်​၍ အခမ်းအနားအစီအစဉ်​(၄)အရ မြန်​မာ့အမျိုးသား​ရေးကွန်ယက်​ ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်​က ပြက္ခဒိန်​ထုတ်​​ဝေခြင်းအ​ပေါ် အ​ရေးယူ​ဆောင်​ရွက်​ရန်​ အ​ကြောင်းများကို ​ပြောကြားရာတွင်​ ၎င်းပြက္ခဒိန်​ထုတ်​​ဝေမှုသည်​ အမှားကို အမှန်​ထင်​ရန် ​ပြုလုပ်​မှုဖြစ်​ပြီး မြန်​မာတိုင်းရင်းသားလူမျိုးစုထဲတွင်​မပါဝင်​သည့်​ ရိုဟင်​ဂျာအမည်​ကို အသုံးပြုခြင်း ​​သွေးတိုးစမ်း​ဆောင်​ရွက်​မှုဖြစ်​ပြီး ယခုကိစ္စကို ခွင့်​ပြုလိုက်​ပါက ​နောင်​တွင်​ ဒီထက်​မက ပိုဆိုးလာနိုင်​​ကြောင်း၊ မိမိတို့ အမျိုးသား​ရေး​​ဆောင်​ရွက်​သူများအ​နေဖြင့်​ ယခုကဲ့သို့ လူမျိုးအတုအ​ယောင်​အမည်​ကို ဆက်​လက်​ပုံ​ဖော်​​နေခြင်း​အ​ပေါ် အစဉ်​အမြဲ ကန့်​ကွက်​လျက်​ရှိပါ​ကြောင်း၊ ​နောင်​တွင်​လည်း လက်​ခံမည်​မဟုတ်​​ကြောင်း အသက်​​ပေး၍​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း၊ ပြက္ခဒိန်​ပါ အထောက်​အထားများမှာ ပြည့်​စုံ​လုံ​လောက်​​သော အ​ထောက်​အထားများမဟုတ်​​ကြောင်းကို ​ဖော်​ပြထားသည့်​ လအလိုက်​ပုံစာများကို ဖတ်​ပြ၍ ကန့်​ကွက်​​ပြောကြားပါတယ်​။

အစီအစဉ်​(၅)အရ သိမ်းဆည်းထားပြီးဖြစ်​​ကြောင်း မျိုး​စောင့်​သာကီအဖွဲ့မှ ဦး​ကျော်​စိန်​က ၁၉၈၂ မြန်​မာနိုင်​ငံသားဥပ​ဒေ အကြောင်းနှင့်​ ရခိုင်​​ဒေသရှိ ဘင်္ဂလီများအ​ကြောင်း၊ နိုင်​ငံတကာတွင်​လည်း သမိုင်းပညာရှင်​များက ရိုဟင်​ဂျာမရှိ​ကြောင်း ရှင်းလင်း​ပြောကြားလျက်​ရှိ​ကြောင်း တို့ကို ဖတ်​ကြားတင်​ပြပါတယ်​။

အစီအစဉ်​(၆)အရ ဆရာကြီးဦး​စောဝင်းမှ ဦးနု​ခေတ်​ နိုင်​ငံ​ရေးနှင့်​ ဘင်္ဂလီတို့၏ အ​ခြေအ​နေများကို ​ပြောကြားရှင်းလင်းပြီး ၎င်းအ​နေဖြင့်​ အသက်​(၇၈)နှစ်​ရှိပြီဖြစ်​ပြီး ရိုဟင်​ဂျာဆို​သောတိုင်းရင်းသား မရှိ​ကြောင်းနှင့်​ အသက်​​ပေး​ဆောင်​​ရွက်​စရာ ​ပေါ်ပေါက်​ပါက မိမိသည်​လည်း ​​ရှေ့ထွက်​​ဆောင်​ရွက်​မည်​ဖြစ်​​ကြောင်း ရဲရဲဝံ့ဝံ့ ​ပြောကြားရှင်းလင်းပါတယ်​။

ဆက်​လက်​၍ အစီအစဉ်​(၇) မြန်​မာ့အမျိုးသား​ရေးကွန်ယက်​မှ အ​ထွေ​ထွေအတွင်း​ရေးမှူး ​နောင်​​တော်​​လေးမှ မြန်​မာ့နိုင်​ငံရေး အ​ပြောင်းအလဲသည်​ ရိုလမ်​ညာဖျာခင်းဖို့မဟုတ်​ ဟူ​သော ၎င်း​ရေးသားသည့်​ စာတမ်းကိုဖတ်​ကြားပါတယ်​။
ရွေး​ကောက်​ပွဲပြီးလို့ အစိုးရသစ်​အတွက်​ အထိုင်​​တောင်​မချရ​သေးခင်​မှာ တိုင်းရင်းသားဖြစ်​ဖို့အ​ရေး အခွင့်​​ကောင်း​စောင့်​​နေသူတွေရဲ့ လှုပ်​ရှားမှုများ စတင်​လာပြီဖြစ်​​ကြောင်း၊၂၀၁၀ မှ ၂၀၁၅ ခုနှစ်​အထိ တာဝန်​ယူခဲ့တဲ့ ဦးသိန်းစိန်​အစိုးရအ​နေဖြင့်​ ရိုလိမ်​ညာပြဿနာကို ပြတ်​ပြတ်​သားသား​ဖြေရှင်း​ပြောကြားမှုများ​ကြောင့်​ ရိုလိမ်​ညာ​တွေ မ​အောင်​မြင်​ခဲ့​ကြောင်း၊ သမိုင်းပညာရှင်​များကလည်း ရိုလိမ်​ညာဖန်​တီးလုပ်​ကြံမှုများအ​ပေါ် ​ဖြေရှင်းလျက်​ရှိ​ကြောင်း၊ ၎င်းတို့၏ အမြင့်​ဆုံး​မျှော်မှန်းချက်​မှာ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်​မ ၅၉(ခ) တွင်​ပြဋ္ဌာန်းထားသည့်​ တိုင်းရင်းသားမိဘနှစ်​ပါးမှ ​မွေးဖွားသူသာ နိုင်ငံတော်​၏ အမြင့်​ဆုံးသမ္မတအထိ တက်​လှမ်းနိုင်​​ရေးပင်​ဖြစ်​​ကြောင်း၊ ထို့​ကြောင့်​ လွယ်​လင့်​တကူ တိုင်းရင်းသားအဖြစ်​ အသိအမှတ်​မပြုနိုင်​​ရေး အားလုံးမှာတာဝန်​ရှိ​ကြောင်း၊ ​နောက်​တက်​လာမည့်​ အစိုးရသစ်​ကိုလည်း အမျိုးသား​ရေး လစ်လျူမရှုစေချင်​​ကြောင်း၊ လျစ်​လျူရှုပါကလည်း ပြတ်​ပြတ်​သားသား ရင်​ဆိုင်​ရမှာဖြစ်​​ကြောင်းများကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်​။

ထို့​နောက်​ အစီအစဉ်​(၈)အရ မျိုးချစ်​မြန်​မာရဟန်း​တော်​များသမဂ္ဂအဖွဲ့ဝင်​ ဦး​တေဇဝန္တက ယဉ်​​ကျေးမှုဝန်​ကြီးဌာန၊ ညွှန်​ကြား​ရေးမှူး ဦးမြင့်​သိန်း၏ ရိုဟင်​လူမျိုးကို ဖန်​တီးယူခြင်းအပိုင်း (မျက်​​မှောက်​​ခေတ်​နိုင်​ငံတကာဆက်​ဆံ​ရေးနှင့်​ မြန်မာနိုင်ငံအမည်ရှိ သု​တေသနစာတမ်းဖတ်​ပွဲ မှ) စာတမ်းကို ဖတ်ကြားပါတယ်​။

အင်္ဂလိပ်​​တို့ မြန်​မာနိုင်​ငံကို သိမ်းယူသည့်​ အချိန်​အထိ ရိုဟင်​ဂျာဟူ​သောအသုံးအနှုန်း မ​ပေါ်​သေး​ကြောင်း၊ ရိုဟင်ဂျာဟူသောအသုံးအနှုန်းသည်​ ဒုတိယကမ္ဘာစစ်​အတွင်းမှသာ ​ပေါ်​ပေါက်​လာ​ကြောင်း၊ ရိုဟင်​ဂျာသမိုင်းကို လွတ်လပ်ရေးရပြီး​နောက်​ပိုင်း ဘင်္ဂလီပညာတတ်​များက ​ရေးသားဖန်​တီးကြ​ကြောင်း၊ ရိုဟင်​ဂျာအမည်​ကို တိုင်းသိပြည်​သိ​ဆောင်​ရွက်​မှုသည် ​(၁၉၆၀)ပြည့်​နှစ်​အတွင်း ဖြစ်​​ကြောင်း၊ ဘူးသီး​တောင်​အမတ်​ အဒူ​ဂေါ်​ဖော်​ က ၁၉၆၀ ပြည့်​နှစ်​၊ ဧပြီ (၂၁)ရက်​​နေ့​၊ ရန်​ကုန်​တွင်​ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်​ ရခိုင်​၊ ပထန်​နှင့်​ အာရပ်​တို့ ​သွေး​နှောရာမှ ဖြစ်ပေါ်လာသော လူမျိုးသည်​ ရိုဟင်​ဂျာလူမျိုးဖြစ်​သည်​ဟုလည်း​ကောင်း၊ ရခိုင်​၊ ဘင်္ဂလီ၊ အူရဒူ၊ ပါရှန်​၊ အာရဗီ စကားများကို​ရော​နှော၍ ဖြစ်​​ပေါ်လာ​သော စကားသည်​ ရိုဟင်​ဂျာစကားဖြစ်​​ကြောင်း တင်​ပြခဲ့​ကြောင်း စသည့်​​ ရိုဟင်​ဂျာသမိုင်းလိမ်​အကြောင်းများကို ဖတ်​ကြားခဲ့ခြင်းဖြစ်​ပါတယ်​။

ဆက်​လက်​၍ အစီအစဉ်​(၉)အရ အမျိုးသားလွှတ်​​တော် ကိုယ်​စားလှယ်​ ​ဒေါ်ခင်​ဝိုင်းကြည်​က ရိုဟင်​ဂျာမရှိ​ကြောင်းကို ကန့်ကွက်​​ပြောကြားပါတယ်​။ ၁၉၈၂ မြန်​မာနိုင်​ငံသားဥပ​ဒေကို အစိုးရသစ်​မှ ပြင်​ဆင်​ခြင်းမပြုလုပ်​ရန်​ လိုအပ်ကြောင်းကိုလည်း ရှင်းလင်း​ပြောကြားပါတယ်​။

အစီအစဉ်​(၁၀)အရ မြန်​မာတိုင်းရင်းသားလူမျိုးများ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေး​ကော်​မတီကို ဖွဲ့စည်းလိုက်​​ကြောင်း မြန်မာ့အမျိုးသား​ရေးကွန်​ယက်​ တွဲဖက်​အ​ထွေ​ထွေအတွင်း​ရေးမှူး ​နေဝင်း​အောင်​က ဖတ်​ကြားပါတယ်​။
မ​ကွေး​ကျောင်းဆရာ​တော် ဦး​ဆောင်​၍ အမျိုးသား​ရေးတက်​ကြွလှုပ်​ရှားသူများဖြင့်​ ယာယီဖွဲ့စည်းခြင်းဖြစ်​ပြီး မြန်မာတိုင်းရင်းသား မည်​သူမဆို ​ကော်​မတီတွင်​ ပါဝင်​နိုင်​​ကြောင်းနှင့်​ ဆက်​လက်​​ဆောင်​ရွက်​မည့်​ အစီအစဉ်​များကို ထုတ်ပြန်​​ကြေညာ​ပေးမည်​ဖြစ်​​ကြောင်း၊  ​ကော်​မတီအစည်းအ​ဝေးကို ​နောက်​လ(၂၀-၁၂-၂၀၁၅)ရက်​​နေ့တွင်​ ကျင်းပမည်​ဖြစ်ပြီး ကျင်းပမည့်​​နေရာနှင့်​ အစီအစဉ်​များကို ထပ်​မံ​ကြေညာ​ပေးမည်​ဖြစ်​​ကြောင်းနှင့်​ ၎င်း​နေ့တွင်​ ​ကော်မတီဝင်များ လက်ခံခြင်း၊ တာဝန်​ခွဲ​ဝေခြင်း၊ ဆက်​လက်​လုပ်​​ဆောင်​မည့်​အစီအစဉ်​များ​ ဆွေး​နွေးချမှတ်​ခြင်းများ​ ဆောင်ရွက်မည်ဖြစ်ကြောင်း ​ကြေညာပါတယ်​။

ထို့​နောက်​ အစီအစဉ်​(၁၁)အရ မြန်​မာတိုင်းရင်းသားလူမျိုးများ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေး​ကော်​မတီမှ ထုတ်​ပြန်​​ကြေညာသော သ​ဘောထား​ကြေညာချက်​နှစ်​​စောင်​ကို မ.ဘ.သ(ဗဟို) မှ ကို​ကျော်​နန္ဒကို(ခ)သခင်​ခက်​ထန်​ က ဖတ်ကြားပါတယ်​။
ပြင်​သစ်​နိုင်​ငံတွင်​ အကြမ်းဖက်​အစွန်း​ရောက်​မူဆလင်​များ၏ တိုက်​ခိုက်​ခံရမှုအ​ပေါ် ဝမ်းနည်း​ကြောင်း ထုတ်​ပြန်​ချက်​နှင့်​ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးသာရှိ​ကြောင်းနှင့်​ ရိုဟင်​ဂျာဟူ​သောတိုင်းရင်းသားလူမျိုး မရှိ​ကြောင်း၊ ရိုဟင်​ဂျာဟု ကမ္ဘာ့ခေါင်းဆောင်​များ၊ သံတမန်​များက ခေါ်​ဝေါ်သုံးစွဲ​နေခြင်းအား ကန့်​ကွက်​ရှုတ်​ချ​ကြောင်းများ ပါဝင်​ပါတယ်​။

ဆက်​လက်​၍ အစီအစဉ်​(၁၂)အရ မ​ကွေး​ကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ချမှတ်​​ပေး​သော သံဓိဋ္ဌာန်​(၅)ချက်​ကို ဆရာတော်ဦးတိ​လောကသာရ က တိုင်​​ပေးရာ အခမ်းအနားတက်​​ရောက်​လာသူများက ရွတ်​ဆိုအဓိဋ္ဌာန်​ပြုကြပါတယ်​။


သံဓိဋ္ဌာန်​ (၅)ချက်​မှာ -
၁။ ကျွနု​ပ်​တို့သည်​ မည်​သည့်​နည်းနှင့်​မျှ ရိုဟင်​ဂျာအမည်​ကို တိုင်းရင်းသားအဖြစ်​ လက်​မခံနိုင်​ပါ။
၂။ ကျွနု​ပ်​တို့သည်​ မည်​သည့်​နည်းနှင့်​မျှ ​အောင်​ခင်​-စစ်​​တွေ(သာ​အောင်​ဂျာနယ်​)၏ သမိုင်းလိမ်​ညာထုတ်​လုပ်​​သော ရိုဟင်ဂျာပြက္ခဒိန်​ကို လက်​မခံနိုင်​ပါ။
၃။ ကျွနု​ပ်​တို့သည်​ မည်​သည့်​နည်းနှင့်​မျှ မြန်​မာလူမျိုး အ​ပျောက်​မခံနိုင်​ပါ။
၎။ ကျွနု​ပ်​တို့သည်​ မည်​သည့်​နည်းနှင့်​မျှ ဗုဒ္ဓဘာသာ အ​ပျောက်​မခံနိုင်​ပါ။
၅။ ကျွနု​ပ်​တို့သည်​ မည်​သည့်​နည်းနှင့်​မျှ အမျိုးဘာသာ သာသနာ အ​ပျောက်​မခံနိုင်​ပါ။
ဟူ၍ ဖြစ်​ပါတယ်​။

ဆရာ​တော်​က မတိုင်​​ပေးခင်​မှာ မြတ်​စွာဘုရား​ဟောကြား​သော မင်္ဂလာသုတ်​​တော်​ပါ အ​သေဝနာစ ဗာလာနံ ဆိုသည့်​အတိုင်း မ​ပေါင်းသင့်​မ​ပေါင်းထိုက်​သူကို ​ရှောင်​ကြဖို့ အားလုံးကိုတိုက်​တွန်း​ကြောင်းနှင့်​ တက်​​ရောက်​လာသူများ၊ ​ဟော​ပြောသူများ၏ မျိုးချစ်​စိတ်​ကို အားရ​ကျေနပ်​မိပါ​ကြောင်း ​ပြောကြားပါ​တယ်​။



















No comments:

Post a Comment