(လူ့အခွင့်အရေးဘိုးအေကြီးလည်း
လူ့အခွင့်အရေးကို မလိုက်နာဘူး ဆိုတာ ပြလိုက်တာပဲ။ အမျိုးသားရေးနှင့် လူ့အခွင့်အရေး
ထိပ်တိုက်တွေ့လာရတဲ့ ဒီလိုအခါမျိုးမှာ လူ့အခွင့်အရေးဘိုးအေကြီးလည်း လုံခြုံရေးကို ဦးစားပေးရတော့တာပါပဲ။
တကယ်ဆို အသက်မပြည့်ရင် ကလေးသူငယ်ရုံးမှာပဲ စစ်ဆေးရမှာပါ။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်)
========================================================================
“IS ကို အားပေးသော
လူငယ်ကို လူကြီးတရားရုံးတွင် စစ်ဆေးမည်”
နယူးယောက်၊
နိုဝင်ဘာ ၂၂
အောင်ဇံ
IS အကြမ်းဖက်အဖွဲ့ကို
အားပေးထောက်ခံမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော လူငယ်သည် အဖမ်းခံရစဉ်က အသက်(၁၇)နှစ်သာရှိသေးသည့်တိုင်
အရွယ်ရောက်ပြီးသူတို့အား စစ်ဆေးသည့် လူကြီးတရားရုံးမှာပင် စစ်ဆေးစေဟု အမေရိကန်ပြည်ထောင်စု
တရားသူကြီးက ဆုံးဖြတ်ပေးလိုက်သည်။
IS အကြမ်းဖက်အဖွဲ့ကို
လျှို့ဝှက်ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ရေးစစ်ဆင်ရေးအရ နယူးယောက်နှင့် နယူးဂျာစီပြည်နယ်တို့တွင်
ဇွန်လကစတင်ကာ လူတစ်ဒါဇင်ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အထဲတွင် ထိုလူငယ်လည်း ပါဝင်သည်။
IS ၏ စည်းရုံးရေးမှိုင်းမှာမိပြီး
တစ်ကိုယ်တော်အကြမ်းဖက်မှုမျိုး ကျူးလွန်နိုင်ခြေရှိသူများကို အမေရိကန်ရဲတပ်ဖွဲ့သည် ပြည်နယ်(၅၀)လုံးတွင်
ရှာဖွေဖမ်းဆီးလျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က လူ (၁၃၀)နီးပါးသေဆုံးခဲ့ရသော ပါရီအကြမ်းဖက်မှုကို
၎င်းတို့လုပ်ကြောင်း IS အကြမ်းဖက်အဖွဲ့က ကြေညာထားသည်။ အီဂျစ်တွင် ပြီးခဲ့သည့်လက လူ(၂၂၄)ဦးသေဆုံးခဲ့ရသော
ရုရှားလေယာဉ်ပျက်ကျမှုတွင်လည်း လေယာဉ်ကို ၎င်းတို့ပစ်ချလိုက်ကြောင်း IS အဖွဲ့က ကြေညာထားသည်။
23.11.2015
မန္တလေး အလင်း
No comments:
Post a Comment