Wednesday, November 18, 2015

“လှေစီးအကြမ်းဖက်သမား”


Boat People တွေကို လက်မခံဖို့ မြန်မာပြည်သူတွေ တားမြစ်တုန်းက လူသားချင်းမစာနာဘူးလေး လူ့အခွင့်အရေး မလေးစားဘူးလေး ဘာလေး ဝေဖန်ခဲ့ကြတဲ့ကမ္ဘာကြီး။
အဲဒီထဲမှာ နိုင်ငံတကာရောက်ရှိနေတဲ့ ဦးဦးဒေါ်ဒေါ် ကိုကိုမမ ရွှေမြန်မာ မေတ္တာရှင်ကြီးတွေတောင် မဘသကို ပြစ်တင် ဝေဖန်ကြတဲ့အထဲမှာ ပါသေးရဲ့။
ပြည်သူလူထု အခုလို ဒုက္ခရောက်ပြီဆိုတော့ အဲဒီစာနာသူတွေ မေတ္တာရှင်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပါလေရော။
အန္တရာယ်ဟာ ဒုက္ခသည်တွေကြားမှာ ပါလာတတ်တယ်။
ဒုက္ခသည်မဟုတ်ဘူး၊ ဒုက္ခတွေကို သယ်ဆောင်လာတဲ့ ဒုက္ခသယ်တွေ ဖြစ်တယ်လို့ ပြောခဲ့တုန်းက အစွန်းရောက်သလေး ဘာလေး လုပ်ကြပြန်ရော။ ပါရီတိုက်ခိုက်မှုမှာ လှေစီးကြမ်းဖက်သမားတစ်ယောက် ပါဝင်တယ်လို့ ဆိုပြန်တော့ မေတ္တာသမားကြီးတွေ နှုတ်ဆိတ်နေကြပြန်ရော။
သတ္တဝါတိုင်းအပေါ် မေတ္တာထားပါတယ်ဗျာ။
ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့အတွက် အန္တရာယ်သမားတွေကို မွေးမြူထားဖို့တော့ မသင့်ပါဘူးဗျာ။ မစ္စတာပူတင်ပြောသလို ဥရောပသားတွေ ကိုယ့်သေတွင်းကိုယ်တူးနေကြပြီ လို့ မပြောရက်ပေမယ့် မြွေပွေးခါးပိုက် ပိုက်မိရင်တော့ သေဖို့သာပြင်ပေရော့ပဲ။
=======================================================

“ဆီးရီးယားဒုက္ခသည်များအစီအစဉ် ရပ်တန့်ရန် အစိုးရကို ရီပတ်ဗလစ်ကန်အမတ်များ ဆော်သြ”
==========================================================
ဝါရှင်တန်၊ နိုဝင်ဘာ ၁၇
သောကြာနေ့တွင် ဖြစ်ပွားခဲ့သော ပြင်သစ်တိုက်ခိုက်မှုက အမေရိကန်နိုင်ငံရေးတွင် အပြောင်းအလဲများ ဖြစ်သွားမည်ဟု အမေရိကန်လွှတ်တော်အမတ်များက ပြောကြားခဲ့ကာ ရီပတ်ဗလစ်ကန်အမတ်အချို့က ဆီးရီးယားဒုက္ခသည်များကို လက်ခံသည့်အစီအစဉ်အား ရပ်တန့်ရန် ဆော်သြခဲ့ကြသည်ဟု VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
“ပဲရစ်က အရာအားလုံးကို ပြောင်းလဲလိုက်ပါတယ်”ဟု လွှတ်တော်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရိပတ်ဗလစ်ကန်အမတ် မိုက်ကယ်မက်ကောက ပြောကြားထားသည်။
ပြင်သစ်တွင် ကျူးလွန်ခဲ့သော တိုက်ခိုက်ရေးသမားတစ်ဦးသည် ဒုက္ခသည်များနှင့်အတူ လှေပေါ်မှ ဝင်လာသူဖြစ်သည်။
ဆီးရီးယားဒုက္ခသည်များ အမေရိကန်ပြည်ထောင်စုသို့ လက်ခံနေခြင်းကို ရပ်တန့်ရန်အတွက် မက်ကောက သမ္မတအိုဘားမားသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
“ပဲရစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာ ဆီးရီးယားဒုက္ခသည်များ လက်ခံနေမှုကို ယာယီအားဖြင့် ပြန်လည်ရပ်တန့်ပေးဖို့နဲ့ ဒုက္ခသည်များ နေရာချထားပေးရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက စာထဲတွင်ရေးသားထားသည်။
အခြားရီပတ်ဗလစ်ကန်လွှတ်တော်အမတ်များကလည်း အိုဘားမား၏ ဒုက္ခသည်များဆိုင်ရာ စီစဉ်မှုကို ကန့်ကွက်ထားကြသည်။
နောက်ထပ် ရီပတ်ဗလစ်ကန်အမတ်တစ်ဦးဖြစ်သော ဂျက်ဖ်ဆက်ရှင်စ်ကလည်း အိုဘားမားအစိုးရ၏ ဒုက္ခသည်များဆိုင်ရာ အစီအစဉ်ကို ကြိုဆိုရန် ကန့်ကွက်မည်ဟု VOA ကို ပြောကြားခဲ့သည်။
“လူတိုင်း ကိုယ့်အိမ်ထဲကနေ ဥရောပနဲ့ အမေရိကကို ထွက်ပြေးလာတာဟာ အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုရဲ့ အဖြေမဟုတ်ဘူး”ဟု မစ္စတာဂျက်ဖ်ဆက်ရှင်စ်က ဆိုထားသည်။
အမေရိကန်ပြည်ထောင်စုသည် ဒုက္ခသည်များကို ကူညီသင့်ပါကြောင်း၊ ဆီးရီးယားဒုက္ခသည်များနေထိုင်ရာအရပ်များတွင် လုံခြုံရာအရပ်ဖြစ်အောင် လုပ်ဆောင်သင့်ပါကြောင်း ၎င်းက ထောက်ပြထားပါသည်။
ဒုက္ခသည်အများစုမှာ အမှန်တကယ်ဒုက္ခသည်များမဟုတ်ပါကြောင်း၊ ဒုက္ခသည်များထက်စာလျှင် စီးပွားရေးအဆင်မပြေလို့  ရွှေ့ပြောင်းလာသူများသာ ဖြစ်ကြောင်း ဆက်လက်ပြောကြားသေးသည်။
“လာသူတွေက မိသားစုတွေမဟုတ်တဲ့ လူငယ်အမျိုးသားတွေ အများကြီးရှိပါတယ်”ဟု မစ္စတာဂျက်ဖ်ဆက်ရှင်စ်က ဆိုသည်။

18.11.2015 The Voice

No comments:

Post a Comment