၂၄.၁၀.၂၀၁၅ ည ၇း၀၀ နာရီ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ ဈေးမြောက်ဘက် နာရီစင်မဏ္ဍပ်၊ ဝက်လက် မဘသဖွဲ့စည်းခြင်း နှစ်ပတ်လည် အကြိုဓမ္မသဘင်။
အမျိုးစောင့်ဥပဒေတရားပဲ ဟောခဲ့ပါတယ်။
မြို့လယ်ခေါင်လည်းဖြစ်၊ ဟင်းလင်းပြင်ကြီးလည်းဖြစ်လို့ ဟောရတာ ကျောချမ်းစရာပါ။
အစပိုင်းမှာ တရားနာပရိသတ်တွေပဲ ရှိပါတယ်။ နောက်ပိုင်းမှာတော့ လေ့လာသူတွေပါ တိုးလာပါတယ်။ ရပ်ကြည့်ပြီး ဆီလိုအပေါက်ရှာတာပါ။
နောက်တစ်ခါ ရွေးကောက်ပွဲ (၂၀၂၀)ခုနှစ်ကျရင် အခုလိုမဖြစ်ရအောင် အစိုးရကို တောင်းဆိုစရာ ပေါ်လာတယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းမှာ ဘယ်တရားပွဲမှ မကျင်းပရ ဆိုတဲ့ အမိန့်ထုတ်ခိုင်းဖို့ပါ။
ဒါမှလည်း ဒီမိုကရေစီပီပြင်မှာမဟုတ်လား...။
သြော်....
သံဃာ့သွေးစက်တွေနဲ့ ပေးဆပ်ခဲ့တဲ့ ဒီမိုကရေစီ
သူတို့ ဒီမိုကရေစီခေတ်ကျမှ တရားပွဲတွေ ရပ်ထားပေးရမယ်တဲ့ဗျာ...။
No comments:
Post a Comment