29.10.2015 သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ မွေးရပ်မြေသို့ ရောက်ခဲ့ပါတယ်။
ပရိယတ္တိဆရာဖြစ်တဲ့ ကျေးဇူးရှင် မင်းကုန်းကျောင်းဆရာတော်ကြီးရှိရာ ရွှေကူညီရိပ်သာကို သွားရောက်ခဲ့ပါတယ်။
မင်းကုန်းဆရာတော်ကြီးကို ရှိခိုးပူဇော်ပြီး မင်းကုန်းကျောင်းမှာ သူငယ်ချင်းတွေနှင့် တွေ့ဆုံပြီး ပဋိပတ္တိဆရာဖြစ်တဲ့ ဘကြီးတော်ဘုန်းကြီးရှိရာ ရွှေလှံထောင်ကျောင်းကို ရောက်ခဲ့ပါတယ်။
ရွှေလှံထောင်ဆရာတော်က စာရေးသူရဲ့ ဥပဇ္ဇျာယ်ဆရာရင်းပါ။ အမေကြီးရဲ့ မောင်အရင်းလည်း ဖြစ်ပါတယ်။ သက်တော် ၈၈ ပြည့်ခါနီးပါပြီ။
ကျန်းမာရေးမကောင်းရှာပါ။ သူငယ်ချင်းများ၊ ဆွေးမျိုးများ၊ သီလရှင်ဆရာလေးများ ဝိုင်းဝန်းစောင့်ရှောက်နေရပါတယ်။ အသံလည်း မပီတော့ပါဘူး။ ခြေလည်း မလှမ်းနိုင်တော့ပါဘူး။ ပွေ့ချီ ပွေ့ထူနေရပါတယ်။ သတိကောင်းလို့ အားလုံးကိုတော့ မှတ်မိနိုင်ပါသေးတယ်။
အခန်းထဲမှာလည် စောင့်ပြီး အအိပ်မခံ။ မလှမ်းနိုင် လှမ်းနိုင် သွားမိလို့ လဲကျတာလည်း ခဏခဏပါ။ တံခါးကလည်း ပိတ်ထားတော့ ဘာမှလည်းမမြင်ရပါဘူး။ ဒါကြောင့် 31.10.2015 ရက်နေ့မှာ CCTV ကင်မရာ တပ်ဆင်ဖို့ နောက်တစ်ခေါက်ထွပ်သွားပါတယ်။
ဦးဇင်းတွေက ကင်မရာနှင့် အမြဲစောင့်ကြည့်နေပြီး အကူအညီလိုအပ်ရင် ချက်ချင်းပြေးဝင်ဖို့ ရည်ရွယ်တာပါ။
ဥပဇ္ဇျာယ်
ဘကြီးတော်ဘုရား
ကျေးဇူးရှင် ဆရာတော်ကြီးတစ်ပါး မီးစာကုန် ဆီခန်းနေပါပြီ။
ထောင်ထဲမှာ နေရစဉ်တုန်းကလည်း အသက်မမီမှာစိုးလို့ ရင်တထိတ်ထိတ်နှင့် နားစွင့်နေရတာပါ။
ခုကျတော့လည်း ဓမ္မဒူတခရီးစဉ်တွေနှင့် ကြုံနေမှာကို စိုးရိမ်နေရတာပါ။
တစ်ချိန် ပြိုမယ်ဆိုတာကိုတော့ သိပြီးသားပါ။
ဒါပေမယ့်
မပြိုပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။
No comments:
Post a Comment