(က) ဒါကတော့
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၂)လမ်း၊ အမှတ် ၈၃၂၊ ၅ လွှာနေ ဦးခင်မောင်လတ် အသက်
(၆၂)နှစ် မိသားစုကို NLD ဟေ့လို့ အော်ပြီး ဝိုင်းရိုက်ကြတဲ့ဖြစ်ရပ်ပါ။
ဒုတ်၊ အုတ်ခဲ
စကေဘာတွေနှင့် ရိုက်နှက်ထိုးကြိတ်ကြတာပါ။
ရပ်ကွက်နေ
ပြည်သူများက မတရားမလုပ်ကြပါနဲ့၊ တော်ကြပါတော့ အဘတို့သားအဖတော့ သေပါပြီ အော်ဟစ်တောင်းပန်တာတောင်
မရပါဘူး။
လမ်းထိပ်က
ဒေါ်လာကွမ်းယာဆိုင်မှ ကိုထွန်းလင်း အနာခံပြီး ဝင်ကယ်လို့ အသက်မသေခဲ့တာပါ။
ရိုက်နှက်သူများ
အာမခံရပါသည်။
ဦးခင်မောင်လတ်တိုင်စာကို
ဖတ်ကြည့်လျှင် သိနိုင်ပါသည်။ ပြည်သူကို ပါတီဝင်တွေက အနိုင်ကျင့်တဲ့ဖြစ်ရပ်ပါ။
(ခ) လက်ရှိ
ပြည်သူ့လွှတ်တော်အမတ် ဆက်လက်အရွေးချယ်ခံမည့် အမတ်လောင်း ဦးနိုင်ငံလင်းနှင့် အဖွဲ့ကို
ရိုက်သူများက ကိုဇော်လတ်တို့ သုံးယောက်ပါ။
သူတို့ဘာကြောင့်
ရိုက်ကြသည် ခုတ်ကြသည်ကို အွန်လိုင်းမှာ မကြည့်ချင်အဆုံး မသိချင်အဆုံးပါ။
ဘယ်သူကမှ
ဘယ်သူ့ကိုမှ အကြမ်းမဖက်စေချင်ပါ။
အားလုံးဟာ
လူသားတွေ ဖြစ်လို့ပါ။
လူအချင်းချင်း
နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။









No comments:
Post a Comment