Tuesday, November 24, 2015

“မုသားကိုမှ သစ္စာထင်”


ရိုက်တာသတင်းဌာန အင်တာဗျူးကို 20.11.2015 နေ့မှာ တင်ပါတယ်။ မိနစ်ပိုင်းခန့်ပဲကြာပါတယ်။ သတင်းအတု ထွက်လာပါတယ်။ ရိုက်တာသတင်းဌာန အင်တာဗျူးပုံတွေယူပြီး လုပ်ကြံသွားတာပါ။ ဒါကိုပဲ News Watch စောင့်ကြည့်သတင်းဂျာနယ် အကောင့်မှာ ကူးယူတင်ပြသွားတာ တွေ့ရပါတယ်။ နောက်မှ ပြန်ဖြုတ်လိုက်တာပါ။
Tomorrow ကတော့ အတုကြီးကို အစစ်ထင်ပြီး ရေးမိသွားတာပါ။ ဦးဉာဏ်ဝင်းခမျာလည်း စိတ်အနှောက်အယှက်ဖြစ်သွားပုံရပါတယ်။
ဒိုင်းမွန်းရွှေကြည်က ချက်ချင်းဖုန်းဆက်ပြောလို့ သိရတာပါ။
အယ်ဒီတာချုပ်နှင့် ပြောပြီးပါပြီ။
အကောင်းဆုံး ဖြေရှင်းပေးပါမယ်လို့ တာဝန်ယူသွားပါတယ်။ ဒါပေမယ့် လူတွေတော့ အကုသိုလ်များကုန်ကြပြီ။ အဲဒီအတွက်တော့ စိတ်မကောင်းပါဘူး။
စာရေးသူကတော့ အရေထူနေပါပြီ။
လောကဓံပီးဆေး ထိုးထားလို့ပါ။
ဝီရသူ (မစိုးရိမ်)
24.11.2015
PM- 6:50
မူရင်းတင်ခဲ့သော ရိုက်တာသတင်းလင့်ခ် http://wirathu.blogspot.com/2015/11/reuters.html
===================================================================

“မျိုးစောင့်ဥပဒေပြင်ဆင်မည်ဆိုပါက လာရောက်တွေ့ဆုံရမည်ဟု မိန့်ကြားချက် လွှတ်တော်ကိစ္စအား ဝင်ရောက်စွက်ဖက်ခြင်းဟု ဦးဉဏ်ဝင်းပြောကြား”

မျိုးစောင့်ဥပဒေပြင်ဆင်ရေးဆွဲမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာမှပုဂ္ဂိုလ်များက ဦးဝီရသူအား လာရောက်တွေ့ဆုံရမည်ဟု မိန့်ကြားချက်မှာ လွှတ်တော်၏ကိစ္စများကို ဝက်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်ဦးဝီရသူထံသို့ ရိုက်တာသတင်းထောက်မှ အင်တာဗျူးစဉ် ဆရာတော်က “သမ္မတဦးသိန်းစိန်သည် လေးစားထိုက်သူတစ်ဦးဖြစ်ကြောင်း၊ ၎င်းအုပ်ချုပ်ခဲ့သော ငါးနှစ်သက်တမ်းကိုပြန်လည်ကြည့်ရင် သိနိုင်ကြောင်း၊ နောက်တက်လည်မည့်အစိုးရမှာ ဦးသိန်းစိန်လို ဦးဆောင်နိုင်သူဟု မမြင်ကြောင်း၊ မျိုးစောင့်ဥပဒေကို ပြင်ဆင်ဖို့ လုပ်ရင်လည်း ဦးဇင်းတို့အနေဖြင့် ကန့်ကွက်မည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မျိုးစောင့်ဥပဒေကို ပြင်ဆင်ရေးဆွဲမည်ဆိုသည့် စိတ်ကူးရှိပါကလည်း နိုင်ငံတကာပုဂ္ဂိုလ်များနှင့်အတူ ဦးဇင်းထံသို့ လာရောက်တွေ့ဆုံရမည်ဟု ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။ ယင်းပြောကြားမှုအပေါ် Tomorrow ဂျာနယ်မှ NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “လွှတ်တော်ထဲမှာပြင်တဲ့ ဥပဒေတွေဆိုတာ သူနဲ့ဆိုင်ပါတယ်၊ ငါနဲ့ဆိုင်ပါတယ်လို့ ပြောတဲ့သူတွေက ဝင်ရောက်စွက်ဖက်လာတာပဲ။ တကယ်တော့ ဒါက လွှတ်တော်ထဲက အလုပ်ပါ။ အခုပြောတဲ့သူကိုတော့ ကျွန်တော်အနေနဲ့ ဘာမှပြန်မပြောချင်ပါဘူး။ ကျွန်တော်ပြောချင်တာကတော့ ထုံးတမ်းစဉ်လာအရ ဥပဒေတွေကို လွှတ်တော်ကပဲ ကိုင်လို့ရပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပိုင်လေး

24.11.2015 Tomorrow


No comments:

Post a Comment