ဒေါ်နယ်ထရမ့်ပ်ကိုပဲ
ကြောက်လို့လား၊ အမှတ်တကယ်ပဲ လိုလားလို့လား ဆိုတာတော့ မပြောတတ်ဘူး။
အမေရိကန်မူဆလင်တွေကတော့
အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချတာတွေ လုပ်လာပြီ။
မြန်မာပြည်မှာလည်း
ဒီလိုဖြစ်စေချင်ခဲ့တာ။ ဘယ်သူ့တိုက်တွန်းတွန်း နည်းနည်းလေးမှ မလှုပ်ကြဘူး။ ၂၀၁၂ ခု၊ ဇွန်လ
၈ ရက်၊ သောကြာနေ့ နေ့ခင်းကြောင်တောင်ကြီး ဗလီထဲကထွက်တိုက်ကြတဲ့ ကုလားအုပ်တွေကြောင့်
မောင်တောမြို့မှာ ရပ်ကွက်ကြီးနှစ်ရပ်ကွက်နှင့် ရွာပေါင်း (၈)ရွာ မီးလောင်ပျက်စီးခဲ့ရတယ်။
ဘုန်းကြီးတွေ လူတွေ အသေဆိုးနဲ့ သေခဲ့ရတယ်။
ဘာပြဿနာမှမဖြစ်ဘဲ
အသားလွတ်ဝင်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေကို မွတ်ဆလင်တွေကိုယ်တိုင် ရှုတ်ချလိုက်ရင်
အခုလောက်ကြီးထွားမှာ မဟုတ်ဘူး။ မြန်မာပြည်က မွတ်ဆလင်တွေ နိုင်ငံသားအခွင့်အရေးတော့ လိုချင်ကြတယ်။
နိုင်ငံသားတာဝန်ကျ မကျေဘူး။
ဝီရသူ (မစိုးရိမ်)
25.11.2015
PM-
12:05
===============================================================================
“ISIS ၏ တိုက်ခိုက်မှုကို
အမေရိကန်မွတ်ဆလင်အဖွဲ့များ ပြင်းထန်စွာရှုတ်ချ”
ပါရီ၊ နိုဝင်ဘာ
၂၂
ပြင်သစ်နိုင်ငံ
ပါရီမြို့တွင် လူ ၁၂၇ ဦး သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အပြီးနောက်ပိုင်းတွင်
IS စစ်သွေကြွများ၏လုပ်ရပ်ကို အမေရိကန်မွတ်ဆလင်အဖွဲ့အစည်းများက ကြေညာ ရှုတ်ချလိုက်ကြောင်း
Msnbc သတင်းတစ်ရပ်က ဖော်ပြထားသည်။
IS က ပြင်သစ်တိုက်ခိုက်မှုကို
၎င်းတို့ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့ကာ ပြင်သစ်သမ္မတ ဟော်လန်ဒဲက အကြမ်းဖက်သမားစစ်တပ်က
ကျူးလွန်ခဲ့သော စစ်ပွဲတစ်ရပ်ဟု ပြောဆိုခဲ့သည်။
ယခုသတ်ဖြတ်မှုများသည်
ရက်စက်ယုတ်မာကြောင်း အမေရိကန် အစ္စလာမ်ကောင်စီက CAIR က ထုတ်ပြန်ခဲ့သည်။
အမေရိကန်
အစ္စလာမ်ကောင်စီသည် အမေရိကန်ပြည်ထောင်စုရှိ အကြီးဆုံး မွတ်ဆလင်နိုင်ငံသားအခွင့်အရေးလှုပ်ရှားသည့်
အဖွဲ့အစည်းဖြစ်သည်။
“ပါရီကိုဖြစ်စေ၊
ဘေရွတ်ကိုဖြစ်စေ တိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် ဆိုးဝါးတဲ့ ရက်စက်ယုတ်မာစွာတိုက်ခိုက်မှုဖြစ်တယ်”ဟု
အဆိုပါအဖွဲ့အစည်းက ထောက်ပြခဲ့သည်။
ပြီးခဲ့သည့်
စနေနေ့ကလည်း အမေရိကန် မွတ်ဆလင်အဖွဲ့ ရှစ်ဖွဲ့စုပေါင်းကာ ဝါရှင်တန်ဒီစီတွင် သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကို လက်ခံအားပေးခြင်းမရှိဟု ပြတ်သားစွာ ပြောဆိုခဲ့သည်။
မြောက်အမေရိက
မွတ်ဆလင်များ အဝန်းအဝိုင်းဆိုသည့် အဖွဲ့အစည်းတစ်ခုက ပြင်သစ်ပြည်သူများနှင့်အတူ အမေရိကန်
မွတ်ဆလင်များ တစ်သားတည်းရှိနေပါသည်ဟု ပြောကြားခဲ့သည်။
“ခုလို အကြမ်းဖက်မှုဟာ
လူမဆန်ဘဲ ရက်စက်လှတာမို့ ဘယ်ဘာသာတရားနဲ့ကြည့်ကြည့် မကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်”ဟု ယင်းအဖွဲ့မှ
ဥက္ကဋ္ဌ နာအန်ဘိတ်က ပြောကြားခဲ့သည်။
“အကြမ်းသမားတွေဟာ
အစ္စလာမ်သာသနာကို ကိုယ်စားမပြုပါဘူး”ဟု အမေရိကန်ရီပတ်ဘလစ်ကန်မွတ်ဆလင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဆာဘာအာမက်က Msnbc သတင်းဌာနကို ပြောကြားခဲ့သည်။
IS အဖွဲ့များအနေနှင့်
အစ္စလာမ်ဘာသာရေးကျမ်း ကိုရမ်ကို အသေအချာလေ့လာသင့်ကြောင်း ၎င်းက ထောက်ပြလိုက်သည်။
23.11.2015
- The Voice
No comments:
Post a Comment