Tuesday, November 24, 2015

“ကိုးလုံးတစ်ပြည် အမေရိကန်”


ဗမာတွေကိုကျတော့ ခွဲခြားဆက်ဆံသလေး ဘာလေးနှင့် ပြောတတ်လိုက်ကြတာ။ သူတို့ကျတော့ လေယာဉ်တောင် စီးခွင့်မပေးဘူး။ အာရပ်စကားပြောရုံလေးနဲ့ ထားရစ်ခဲ့ကြတာ။ မလွန်လွန်းဘူးလား။
တစ်ပြည်ရှစ်လုံး မဟုတ်တော့ဘူး။ ကိုးလုံးတစ်ပြည် ဖြစ်သွားပြီ။
မြန်မာပြည်မှာနေတဲ့ မူဆလင်တွေ ဒီလောက်မဆိုးသေးပါဘူးဗျာ။ မျက်လုံးဒေါက်ထောက် အကြည့်ခံရရုံးလေးတင်ပါ။ ဒီသံသယတွေ ပျောက်အောင်တော့ ကမ္ဘာကြီး အတော်ကြိုးစားရဦးမည်။
ဝီရသူ (မစိုးရိမ်)
24.11.2015
===================================================================

“အာရပ်စကားပြောလို့ လေယဉ်ပေါ်မတက်ရ”

နယူးယောက်၊ နိုဝင်ဘာ ၂၂
ချမ်းမြေ့
အမေရိကန်နိုင်ငံ၊ ရှီကာဂိုမြို့မှ ဖီလာဒဲဖီးယားမြို့သို့ ပျံသန်းမည့်လေယာဉ်ပေါ်သို့မတက်ခင် လူငယ်နှစ်ဦးသည် အာရပ်စကားပြောမိသောကြောင့် အခြားခရီးသည်များ ကြောက်လန့်ကုန်သဖြင့် လေယာဉ်ပေါ်တက်ခွင့် မရလိုက်ကြောင်း သိရသည်။ ပါရီအကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးနောက် အကြောက်ဂယက်ရိုက်ခြင်း၏ ပြရုပ်တစ်ခုလည်းဖြစ်သည်။
လေယာဉ်စီးခရီးသည်တစ်ယောက်က မီဟာခါလီနှင့် အာနတ်စ်အာယတ်ဒ်တို့ အာရပ်လိုပြောနေသံကြားလိုက်သဖြင့် ၎င်းတို့နှစ်ဦးနှင့်အတူ လေယာဉ်ပျံစီးဖို့ ကြောက်လန့်နေကြောင်း လေကြောင်းလိုင်းကို အကြောင်းကြားထားသဖြင့် လေဆိပ်လုံခြုံရေးက ၎င်းတို့နှစ်ဦးကို လေယာဉ်ပေါ်တက်ခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်။
ထိုနှစ်ဦးသည် အသက် ၂၀ ကျော် လူရွယ်များဖြစ်ပြီး ပါလက်စတိုင်းဇာတိများဖြစ်ကြောင်း သိရသည်။ လေဆိပ်လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က မေးမြန်းစစ်ဆေးပြီးသည်တွင်မှ ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် South West လေကြောင်းလိုင်းလေယာဉ်ဖြင့် ဖီလာဒဲဖီးယားသို့ ထွက်ခွာခွင့်ရခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်ရောက်ချိန်တွင်လည်း မစ္စတာခါလီလက်ထဲကိုင်လာသော ဗူးအဖြူလေးကို ခရီးသည်များက မသင်္ကာသဖြင့် ဖွင့်ပြရသေးကြောင်း၊ အထဲတွင် အိမ်ကထည့်ထားသော မုန့်အချိုများသာပါကြောင်း မစ္စတာခါလီက ဖွင့်ပြခဲ့ရပြီး ကြောက်နေသော ခရီးသည်များကို သု့မုန့်တွေ ဝေကျွေးခဲ့ကြောင်း မစ္စတာခါလီက အန်ဘီစီသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။

23.11.2015 မန္တလေး အလင်း

No comments:

Post a Comment