မဘသအဖွဲ့ကြီးသည်
မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက်ကိုသာ ဦတည်ချက်ထား၍ ဆောင်ရွက်နေသော
အဖွဲ့ကြီးဖြစ်သည်။ အာဏာရယူရေးအတွက်၊ လူတစ်စု သို့မဟုတ် ပါတီတစ်ခုခု ကောင်းစားရေးအတွက်
ဆောင်ရွက်နေခြင်း မဟုတ်ပါ။
အမျိုးစောင့်ဥပဒေအပါအဝင်
မဘသဆောင်ရွက်ချက်မှန်သမျှသည် အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့်လူမျိုး ဘသာ သာသနာတည်တံ့ပြန်ပွားရေးအတွက်
ဆောင်ရွက်နေခြင်းဖြစ်၍ အမျိုးစောင့်ဥပဒေအပါအဝင် မဘသ လုပ်ရပ်မှန်သမျှကို နှောက်ယှက်သူ၊
ဟန့်တားသူမှန်သမျှသည်လည်း အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာဖျက်ဆီးမည့်သူများဖြစ်၍
ယင်းသည့်ပုဂ္ဂိုလ်၊ ပါတီများကို ကန့်ကွက်လည်း ကန့်ကွက်ပါသည်။ အားမပေးဘဲ ရှောင်ရှားရန်လည်း
ရဟန်း ရှင် လူ ပြည်သူအားလုံးတို့အား တိုက်တွန်းပါသည်။ (အဖျက်လုပ်ငန်း၊ အဖျက်သမားကို
အားပေးလျှင် မိမိလည်း အဖျက်သမားဖြစ်သွားမည်။ အပြုသမားကို အားပေးလျှင် အပြုသမားဖြစ်သွားမည်)
ထို့အပြင်
မဘသအဖွဲ့ကြီးအပေါ် ထင်ယောင်ထင်မှားဖြစ်စေမည့် အခြေအမြစ်ခိုင်မာမှုမရှိသော သတင်းများကို
ရေးသားဖော်ပြကြသည့် လူမှုကွန်ယက်များ၊ အွန်လိုင်း/ပုံနှိပ် သတင်းဌာနများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍
တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခြင်းမပြုပါလျှင် မည်သူမဆို ဥပဒေ၏ အဆုံးအဖြတ်ကို ခံရမည်ဖြစ်ကြောင်း
အလေးအနက် သိစေအပ်ပါသည်။ မဘသအဖွဲ့နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်အချို့၊ ဒေသအချို့တို့၏ သူတို့ကိုယ်ပိုင်ပြောကြားချက်များသည်
မဘသအဖွဲ့ကြီး(ဗဟို)၏ သဘောထားမဟုတ်ကြောင်းကိုလည်း ထပ်မံသိစေအပ်ပါသည်။
မဘသအဖွဲ့ကြီးသည်
လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံး ကောင်းစားရေး၊ အမျိုးသားရေးလက္ခဏာမပျောက်ပျက်သော
ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်။
ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါပြုပြင်ပြောင်းလဲမှုများကို
တစိုက်မတ်မတ်ပြုလုပ်ပေးကြပါ ဟုလည်း မဘသအဖွဲ့(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြု တိုက်တွန်းကြောင်း
သဘောထားထုတ်ပြန်လိုက်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်
စာအမှတ်။ ၀၀၄၃/ စီမံ- မဘသ/ ၂၀၁၅
နေ့စွဲ။ ၁၃၇၇
ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်
နိုဝင်ဘာလ
၎ ရက်၊ ၂၀၁၅၊ ဗုဒ္ဓဟူးနေ့

No comments:
Post a Comment