မြန်မာတစ်ပြည်လုံးမှာရှိတဲ့
အမျိုးသားရေးဝါဒီ မျိုးချစ်ပုဂ္ဂိုလ်များရဲ့ ဆန္ဒမဲတွေဟာ ဒီကနေ့ထိ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
ဘယ်သူ့ကိုပေးမယ်ဆိုတာကို
မဆုံးဖြတ်သေးပါဘူး။
မြို့နယ်တိုင်းမှာရှိတဲ့
မျိုးချစ်တွေ မနက်ဖြန်နှင့် သန်ဘက်ခါ (၆/၇.၁၁.၂၀၁၅)နှစ်ရက် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြဖို့
လိုပါတယ်။
မိမိတို့မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့
လွှတ်တော်သုံးရပ်က ကိုယ်စားလှယ်တွေထဲက ဘယ်သူ့ကို ပေးသင့် ရွေးသင့်တယ်ဆိုတာမျိုး အချက်အလက်တွေချပြီး
ဆုံးဖြတ်သင့်ပါတယ်။
အတည်ပြုပြီးသွားပြီဆိုရင်တော့
အဲဒီအမတ်လောင်းကို ပုံအောဖို့ ဝိုင်းဝန်းစည်းရုံးရမှာ ဖြစ်ပါတယ်။
အမတ်လောင်း
အမတ်ကောင်းတွေ လွှတ်တော်ထဲရောက်ရှိသွားဖို့ ရည်ရွယ်တာပါ။
ပါတီတိုင်း
ပါတီတိုင်းမှာ အမတ်ကောင်း အမတ်တော် အမတ်မှန်တွေ ရှိကြတာပါပဲ။ သူတို့တွေကို ရှာဖွေရွေးချယ်ကြဖို့ပဲ
လိုတာပါ။
တစ်သီးပုဂ္ဂလတွေထဲမှာလည်း
ကောင်း တော် မှန် အမတ်လောင်းတွေ ရှိတာပါပဲ။ သူတို့ကို အထင်မသေးဖို့ပဲ လိုတာပါ။
အဲဒီလို မြို့နယ်တိုင်းမှာ
အစည်းအဝေးလေးတွေထိုင်ပြီး အနာဂတ်ခေါင်းဆောင်ကောင်းကို စိစစ်ရှာဖွေကြမယ်ဆိုရင် အစိုးရကောင်း
ပေါ်ထွက်လာမှာပါ။ အစိုးရကို ကောင်းကောင်းမောင်းနှင်နိုင်မည့် လွှတ်တော်ကြီးတွေ ဖြစ်ပေါ်လာမှာပါ။
ဒါဆိုရင်တော့
အမိမြန်မာပြည်ကြီး ဒီမိုကရေစီခရီး ယုံကြည်စိတ်ချရပြီပေါ့။
တစ်ခုတော့
ရှိပါတယ်။ ဘုရားမကြိုက်တဲ့ အဂတိတရားလေးပါးကို ရှောင်ကြဉ်ရပါမယ်။
ချစ်လို့ရွေးချယ်တာလည်း
မဖြစ်စေနဲ့။
မုန်းလို့ဘေးဖယ်တာလည်း
မဖြစ်စေနဲ့။
ကြောက်လို့
ထောက်ခံတာလည်း မဖြစ်စေနဲ့။
သူများရွေးတိုင်း
လိုက်ရွေးတာလည်း မဖြစ်စေနဲ့။
ယုံကြည်စိတ်ချ
အားကိုးရသူကိုသာ ရွေးချယ်ပါ။
ဒါဆိုရင်
အနာဂတ်နိုင်ငံတော်ကြီးကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ပြီးသား ဖြစ်သွားပါမည်။
ဘယ်နှယ့်လဲ.?
အနာဂတ်ကို
ထုတ်ဆစ်ကြ၊
ကံဇာတာကောင်းကို
ဖန်တီးကြမယ်မဟုတ်လား.?
အသဲကြားက
မဲတစ်ပြား
တစ်လွဲတစ်ခြား
အလကား မဖြစ်စေနဲ့နော။
ဝီရသူ (မစိုးရိမ်)
5.11.2015
AM-10:49

No comments:
Post a Comment