Friday, November 20, 2015

“သိပ်မိုက်တဲ့ အိတ်စိုက်အဖွဲ့”


20.10.2015 ရက်နေ့မှာ တင်ခဲ့တဲ့ ပြည်သူ့အစေခံ အဖြေမှန်ရေး (၂၆) ထဲက နစ်နာသူ ပုဏ္ဏားကျော်သူရ အမှုပါ။
29.10.2015 ရက်နေ့တုန်းက အိမ်ပေါ်မှ နှင်ချတော့မည့်အကြောင်း အကူအညီတောင်းတာပါ။
30.10.2015 ရက်နေ့မှာ မန်း မဘသအဖွဲ့ ပြင်ဦးလွင်သွားခဲ့ပါတယ်။ နယ်ခံဆရာတော်လေးများလည်း ကြွလာပါတယ်။
မူဆလင်တွေက ဆိုင်တွေပိတ်ပြီး ဗလီရှေ့မှာ စုရုံးစောင့်ကြည့်နေကြပါတယ်။
မနက် 10:00 ကျော်မှာ ဘီလစ်စာရေးအဖွဲ့ ရောက်လာပါတယ်။ ရဲတွေ မီးသတ်တွေလည်း ပါလာပါတယ်။
သံဃာတော်များက မေတ္တာရပ်ခံပါတယ်။ ရပ်ကွက်ရုံးမှာ ညှိကြပါတယ်။ တရားရုံးဆက်သွားကြပါတယ်။

တရားသူကြီးမနှင့် စာရေးသူတို့ ဖုန်းအဆက်အသွယ်ရပါတယ်။
တရားရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ကြောင်း၊ နှစ်ပေါင်း သုံးဆယ်ကျော်နေလာခဲ့တဲ့ ဆိုင်ရှင်များ နစ်နာနေရပုံကို မကြည့်ရက်လို့ ခုခံကာကွယ်ခွင့် အချိန်ပေးရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မန်း မဘသအဖွဲ့ကိုယ်စား ဦးသုဇန (ခေတ်သစ်ရာဇာ)နှင့် ဦးသုဝဏ္ဏသီရိ (ရုံးအဖွဲ့မှူး)တို့ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဘိလစ်စာရေးအဖွဲ့လာချိန်က ဆွမ်းစားချိန်ဖြစ်နေလို့ မေတ္တာရပ်ခံနေတာနဲ့ပဲ အချိန်ကုန်သွားကြတာပါ။ သံဃာတော်တွေ ဆွမ်းမစားလိုက်ရပါဘူး။
ဘိလစ်မလာခင် မနက်ပိုင်း လဘက်ရည်ဆိုင်မှာ စောင့်ရင်း အဆာပြေစားထားလို့ တော်ပါသေးတယ်။
နစ်နာသူ ပုဏ္ဏားကျော်သူရ မိသားစုက စက်ဆီဖိုးလှူဖို့ လျှောက်ပါသေးတယ်။ ဒုက္ခသည်ဆီက မယူရလို့ လက်မခံလိုက်ပါဘူး။

မဘသကို မိုက်ဘက်သားလို့ ဖွင့်ဆိုကြတာ တွေ့နေရပါတယ်။
မှန်ပါတယ်။
ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရဘဲနဲ့ ငွေကုန် လူပန်း စိတ်ရှုပ်၊ ဦးနှောက်ခြောက်ခံနိုင်ကြလို့ပါ။
သိပ်မိုက်တဲ့ အိတ်စိုက်အဖွဲ့ကြီးပေါ့။

ဝီရသူ (မစိုးရိမ်)
20.11.2015

PM-9:45







No comments:

Post a Comment