Saturday, November 21, 2015

“ထိုင်း သတင်းဌာနနှင့် အင်တာဗျူး”



The World Fellowship of Buddhist Youth (W.F.B.Y) သတင်းဌာနနှင့် တွေ့ဆုံပါတယ်။  4.10.2015 သုဝဏ္ဏအားကစားကွင်းရုံ အမျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားအပြီးမှာ လက်ခံပြောကြားပါတယ်။

အမျိုးစောင့်ဥပဒေ လေးရပ်အကြောင်း အသေးစိတ် မေးပါတယ်။
တစ်လင် တစ်မယားစနစ်နှင့်ပတ်သက်တဲ့ မေးမြန်းချက်တွေ ဖြေတဲ့အခါ ထိုင်းသတင်းထောက်မလေးတွေက သာဓုခေါ်လိုက် လက်ခုပ်လက်ဝါးတီးလိုက်နှင့် ပျော်ပျော်ရွှင်ရွှင် ထောက်ခံအားပေးကြပါတယ်။

အမျိုးစောင့်ဥပဒေအောင်မြင်သွားပြီဆိုတော့ လူဝတ်လဲဖို့ အစီအစဉ်ရှိလားလို့ မေးပါတယ်။
အသက်နှင့်ခန္ဓာပဲ စွန့်မယ် သင်္ကန်းနှင့် သိက္ခာကို လုံးဝ မစွန့်နိုင်ဘူး ပြောလိုက်တော့ အင်တာနက်မှာ လူဝတ်မည့်သတင်းတွေ တွေ့ရလို့ပါ တဲ့။
တအားနင်းချစ်သူများက စကြ နောက်ကြတာပါ ပြောလိုက်တော့ သဘောပေါက်သွားပါတယ်။

ဝမ်းသာလို့ မျက်ရည်ကျမယ်ဆိုရင် ဦးဇင်းရဲ့မျက်ရည်တွေဟာ ပင်လယ်ကြီးလောက်ကို ဖြစ်နေမှာပါ။
အမျိုးစောင့်ဥပဒေကြီး ရေရှည်တည်တန့်ခိုင်မြဲနေဖို့အတွက် မဘသအဖွဲ့ကြီးက စောင့်ကြည့်နေရမှာပါ။ ဥပဒေကျူးလွန်သူကိုလည်း ဥပဒေဘောင်ထဲကနေ ထိထိရောက်ရောက် အရေးယူနိုင်စေဖို့ ကြိုးစားသွားရမှာပါ။

ဗုဒ္ဓဘာသာက ငြိမ်းချမ်းပြီးသား၊ အနှစ်သာရရှိပြီးသားပါ။ ဒီ အေးချမ်းပြီး အနှစ်သာရရှိတဲ့ သာသနာတော်ကြီး မကွယ်ပျောက်အောင် မျက်စိတွေ ဖွင့်၊ နားတွေ စွန့်ပြီး နိုးနိုးကြားကြားနဲ့ အန္တရာယ်ကို ကာကွယ် စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။




No comments:

Post a Comment