မန်း မဘသ
အစီအစဉ်ဖြင့် ဖြန့်ချိနေသည့် “ခေါက်ကြည့်ပြီးမှရွေးချယ်ပါ” DVD အောင်မြင်မှုရရှိနေပါတယ်။
အထူးသဖြင့်
အောင်မြေသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွေမှာ အားပေးမှု အားကောင်းကြပါတယ်။
နေ့စဉ် အချပ်ပေါင်းနှစ်ထောင်ကျော်
ကူးပေးနေရလို့ ခွေကူးဌာနနှစ်ခုလုံး မနိုင်မနင်း ဖြစ်သွားရပါတယ်။ အချို့နီးစပ်ရာဌာနမှာပဲ
သွားကူးရပါတယ်။
ပြည်သူတွေက
ချက်ချင်းဖွင့်ကြည့်ကြပါတယ်။ လဘက်ရည်ဆိုင်တွေမှာ အမြဲဖွင့်ထားပါတယ်။
အခုမှသိရတယ်။
ဒီလိုလုပ်ပေးမှ
ဘယ်သူ့ကိုရွေးရမယ်ဆိုတာ သိမှာပေါ့။
နောက်တောင်
နောက်ကျနေပြီ။
တစ်ပတ်လောက်စောရင်
တစ်ဆင့်ပြန်ဖြန့်လို့ရတာပေါ့။ စသည်ဖြင့် ကရုဏာဒေါသောနှင့် ပြည်သူတွေက အပြစ်တင်ကြကြောင်း
သိရပါတယ်။
မန်း မဘသ
ငွေကုန်လူပန်း ကြိုးပမ်းရကျိုး နပ်သွားပါပြီ။
ပြည်သူတွေကတော့
ခေါက်ကြည့်ပြီးမှ ရွေးကြတော့မှာပါ။ ဘယ်အမတ်လောင်း ခေါင်းကောင်းသလဲ ခေါင်းခေါက်စမ်းသပ်ပြီးမှ
ရွေးကြတော့မှာပါ။
အချို့အမတ်လောင်းတွေ
ဖုန်းဆက်ပြီးတော့ အားပေးခံရတာတွေ ရှိကြောင်း သိရလို့ ဝမ်းသာပါတယ်။


No comments:
Post a Comment