24.10.2015
ရက်နေ့။ မွန်းလွဲပိုင်းမှာ ပြင်သစ်နိုင်ငံ လီယွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ကထိက
မစ္စတာဘရူနိုချန်ဘနာ (Bruno Chabanas) လာရောက်မေးလျှောက်ပါတယ်။
မစ္စတာဘရူနိုက
အလွတ်တန်းသတင်းထောက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထူးပြုနိုင်ငံရေးသိပ္ပံ သင်ကြားပို့ချနေသူလည်း
ဖြစ်ပါတယ်။
ဘာသာခြားတွေ
အများကြီးရှိပါလျက် မူဆလင်တွေကိုပဲ အန္တရာယ်အဖြစ် ရှုမြင်ပုံ၊ အဓိကရုဏ်းငြိမ်းချမ်းရေး၊
မူဆလင်အရေးမှာ ဒေါ်စုကိုအားမရကြပုံ၊ တိုင်းမ်မဂ္ဂဇင်းအရေးတော်ပုံ၊ ရွေးကောက်ပွဲမျှော်လင့်ချက်၊
မဘသ သြဇာ၊ မဘသနှင့် အစိုးရအခြေအနေ စတာတွေ မေးလျှောက်ပါတယ်။
မေး- ဒေါ်စုအနေနဲ့
မူဆလင်လူနည်းစုဘက်မှာ ရပ်တည်တာမျိုး မရှိဘူးလို့ ဥရောပက မြင်နေပါတယ်။ ဒေါ်စုက မဘသကို
ထောက်ခံတဲ့သဘောလား။
ဖြေ- အဲဒါက
ဥရောပရဲ့ အမြင်ပေါ့နော်။ ဦးဇင်းတို့ မဘသအဖွဲ့ကျတော့လည်း ဒေါ်စုက မပြတ်သားဘူးလို့ပဲ
မြင်နေတယ်။ မူဆလင်နှင့်ပတ်သက်လာရင် ပြတ်ပြတ်သားသား မရပ်တည်ရဲဘူး။ များသောအားဖြင့် ကြားနေတာလိုလို
တိမ်းရှောင်တာလိုလို လုပ်နေတာပဲ တွေ့ရလို့ ဒေါ်စုအပေါ်မှာ မူဆလင်နှင့် ပတ်သက်လို့ အားမရကြဘူး။
မေး- ဥရောပတိုင်းပြည်တွေမှာဆိုရင်
သမ္မတဦးသိန်းစိန်ထက် အရှင်ဘုရားကိုပဲ မီဒီယာတွေမှာ ထုတ်လွှင့်နေကြတယ်။ အရှင်ဘုရားကိုပဲ
လူသိများကြတယ်။ အဲဒါကို ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ- ကောင်းတာချည်း
လွှင့်နေရင်လည်း စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ မကောင်းတာချည်း လွှင့်နေရင်လည်း စိတ်ဝင်စားကြမှာ
မဟုတ်ဘူး။ ကောင်းတာရော မကောင်းတာရော လွှင့်နေကြလို့ စိတ်ဝင်စားကြတာပါ။
မေး- ရွေးကောက်ပွဲနှင့်ပတ်သက်တဲ့
အရှင်ဘုရားမျှော်လင့်ချက်ကို သိချင်ပါတယ်။
ဖြေ- လွှတ်တော်ထဲ
ပါတီသေးသေးလေးတွေ များများရောက်မှ ပါတီကြီးနှစ်ခုကို ထိန်းကျောင်းနိုင်မှာ။ ပါတီကြီးနှစ်ခုလုံးက
သူ့အားနည်းချက်နှင့်သူ ကိုယ်စီရှိနေတော့ တစ်ခုတည်းကွက်ပြီး လုံးလုံးလျားလျား အင်အားကောင်းလို့
မဖြစ်ဘူး။ ပါတီသေးသေးလေးတွေ အင်အားများများရောက်မှ ပါဝါမျှသွားမှာ။
No comments:
Post a Comment