World
View မဂ္ဂဇင်းက တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်ထုတ် မဂ္ဂဇင်းပါ။ တရုတ်ဘာသာဖြင့် နိုင်ငံတကာကို
ဖြန့်ချိကြောင်း သိရပါတယ်။
24.10.2015
ရက်နေ့၊ နေ့လည် 12:00 ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပါတယ်။ မေးမြန်းလျှောက်ထားသူက
World View မဂ္ဂဇင်း သတင်းထောက်ချုပ် ပါမောက္ခ Yin Hongwei ဖြစ်ပါတယ်။
ကြိုတင်ချိတ်ဆက်ထားမှုလည်း
မရှိ၊ အသိအကျွမ်း ဘာသာပြန်သမား(ဂိုက်)လည်းမပါ။ ကြိုတင်ချိတ်ဆက်ထားတဲ့ အခြားအဖွဲ့တွေလည်းရှိလို့
လက်မခံကြောင်း ပြောလိုက်ပါတယ်။ နောက်နေ့တွေလာမယ် ဆိုပြန်တော့လည်း စာဝါနှင့် တရားပွဲက
ရှိနေပြန်တော့ နာရီဝက်လောက်လေးပဲ ဖြေကြားပေးလိုက်ပါတယ်။
ရွေကောက်ပွဲ
တရားမျှတပါ့မလား တို့၊ အေးအေးချမ်းချမ်းနှင့် ကျင်းပနိုင်ပါ့မလား တို့၊ ဆူဆူပူပူဖြစ်လာနိုင်မလား
တို့၊ မဲပေးခွင့်မရသူတွေအကြောင်း၊ တရုတ်စီးပွားရေးသမားတွေ လာရောက်လုပ်ကိုင်သင့်သလား၊
ပြည်တွင်စစ်ငြိမ်းချမ်းရေး၊ အမေရိကန်က မြန်မာ့ရွေးကောက်ပွဲ ပါဝင်ပတ်သက်မှု၊ သမ္မတအသစ်
ဘယ်သူဖြစ်သင့်သလဲ၊ ပြည်တွင်း လူမျိုးရေးအဓိကရုဏ်၊ ငြိမ်းချမ်းရေး စတာတွေ မေးလျှောက်ကြပါတယ်။
ရွေးကောက်ပွဲကာလမှာ
ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ မဖြစ်နိုင်ပါဘူး။ အာဏာလွန်ဆွဲမှုနိုင်ငံရေးပြဿနာတော့ ဖြစ်လာနိုင်ပါတယ်။
ဝ၊
လောက်ကိုင်၊ မိုင်းလား၊ ရခိုင်ဘက်မှာရှိတဲ့သူတွေကတော့ နိုင်ငံသားစိစစ်မှုတွေ မပြီးသေးလို့
မဲပေးခွင့် မရကြတာပါ။ နိုင်ငံသားမှတ်ပုံတင်ရပြီဆိုရင်တော့ မည်သူမဆို မဲပေးခွင့်ရသွားမှာပါ။
လောလောဆယ် သူတို့မပါတာတစ်ခုတည်းနှင့်တော့ ရွေးကောက်ပွဲကို မမျှတဘူးလို့ ပြောလို့မရပါဘူး။
တရားသဖြင့်
မျှမျှတတ စီးပွားရေးလုပ်ကြမယ်ဆိုရင်တော့ တရုတ်တင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက မည်သူမဆို
လာရောက်လုပ်ကိုင်လို့ ရပါတယ်။
ငြိမ်းချမ်းရေးမအောင်မြင်တာကတော့
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ရော အစိုးရနဲ့ရော သက်ဆိုင်ပါတယ်။ ဖုန်ကြားရှင်နဲ့ပတ်သက်တာမျိုးကတော့
တရုတ်အစိုးရမှာ တာဝန်မကင်းပါဘူး။
နောက်ငါးနှစ်သက်တမ်းအတွက်ဆိုရင်
သမ္မတဦးသိန်းစိန်ဟာ ရွေးချယ်စရာအကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။ အောင်မြင်နေတဲ့ လူတစ်ယောက်ကို
ဖြုတ်မပစ်ဘဲနဲ့ ပိုပြီးအောင်မြင်အောင် ထောက်ပံ့သင့်တယ်။ အားပေးသင့်တယ်။
No comments:
Post a Comment