Wednesday, October 28, 2015

“ပေါက် မ ဘ သ ၏ မျိုးစောင့်ဥပဒေအောင်ပွဲတွင် ကလေးမြို့ နေသာကျောင်းဆရာတော်မှ မျိုးစောင့်ဥပဒေထောက်ခံသည့် လွှတ်တော်အမတ်လောင်းများကိုသာ မဲပေးဖို့လိုကြောင်း အတိအလင်းမိန့်ကြား”



အောက်တိုဘာ ၂၅ ၊ ၂၀၁၅ ပေါက်မြို့
မ ဘ သ ဗဟို၏ ညွန်ကြားချက်အရ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့ မ ဘ သ ၏ မျိုးစောင့်ဥပဒေအောင်ပဒေ အောင်ပွဲကို
မြို့လည်ဗိမာန်တော်ကြီး၌ အခန်းနားအစီစဉ် ( ၈ ) ရပ်ဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြောင်းသိရသည် ။

အဆိုပါ မျိုးစောင့်ဥပဒေအောင်ပွဲတွင်
အစီစဉ် ၁ အရ နမော တဿ သုံးကြိမ်ရွတ်ဆို၍အခမ်းနားဖွင့်လှစ်ခြင်း ။

အစီစဉ် ၂ အရ ''အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မ ဘ သ (ဗဟို) မှပေးပို့သော ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သဝဏ်လွှာ''ကို ရေပြာခိုတောင်ကျောင်း ဆရာတော် ဦးအရိယဝံသ အရှင်မြတ်မှ ဖတ်ကြားခြင်း ။

အစီစဉ် ၃ အရ အမျိုးစောင့်ဥပဒေ ၄ မျိုးထဲမှ ''ကိုးကွယ်ရာဘာသာကူးပြောင်း
ခြင်းဆိုင်ရာဥပဒေ''ကို ဦးသန်းချိုက မိတ်ဆက်ဖတ်ကြားရန်နှင့် ဖွင့်ဆိုဆွေးနွေးချက်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မ ဘ သ (ဗဟို) အတွင်းရေးမှူး ၄ ကလေးမြို့ နေသာပညာဒါနကျောင်း ဆရာတော်က မိန့်ကြားခြင်း။

အစီစဉ် ၄ အရ အမျိုးစောင့်ဥပဒေ ၄ မျိုးထဲမှ မြန်မာဗုဒ္ဓဘာသာဝင်များ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကို မဆွေမာက မိတ်ဆက်ဖတ်ကြားရန်နှင့် ဖွင့်ဆိုချက်ကို ကလေးမြို့ မဟာသန္တာရုံ ပရိယတ္တိစာသင်တိုက်မှ စာချဆရာတော်
ဘဒ္ဒန္တကိတ္တိသာရ (ဓမ္မာစရိယ)အရှင်သူမြတ်က မိန့်ကြားခြင်း။

အစီစဉ် ၅ အရ အမျိုးစောင့်ဥပဒေ ၄ မျိုးထဲမှ ''လူဦးရေတိုးပွားနှုန်းထိမ်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ''ကို မအိအိဇာက မိတ်ဆက်ဖတ်ကြားရန်နှင့် ဖွင့်ဆိုချက်ကို ကလေးမြို့ သာသနရက္ခိတစာသင်တိုက်မှ စာချဆရာတော် ဘဒ္ဒန္တကုဏ္ဍလ (ဓမ္မာစရိယ) အရှင်သူမြတ်ကမိန့်ကြားခြင်း ။

အစီစဉ် ၆ အရ အမျိုးစောင့်ဥပဒေ ၄ မျိုးထဲမှ ''တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ''ကို ဦးဌေးအောင်က မိတ်ဆက်ဖတ်ကြားရန်နှင့် ဖွင့်ဆိုချက်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မ ဘ သ ဗဟို ဦးဆောင်ဆရာတော် ရေစကြိုမြို့ ရှင်မတောင်ဆရာတော်ကမိန့်ကြားခြင်း ။

အစီစဉ် ၇ အရ နိဂုံးချုပ်အမှာစကားကို ''အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မ ဘ သ (ဗဟို) အတွင်းရေးမှူး ၄ ကလေးမြို့နေသာပညာဒါနကျောင်း ဆရာတော်က မိန့်ကြားခြင်း ''။

အစီစဉ် ၈ အရ အခမ်းနားကြီးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆန္ဒပြုပြီး အခမ်းနားကိုသိမ်းဆည်းခြင်း ။

၎င်းအစီစဉ် ( ၈ )ရပ်ထဲ၌ ကလေးမြို့ဆရာတော်က မျိုးစောင့်ဥပဒေလေးရပ်ကိုအခြေခံ၍
မိန့်ကြားသွားသော ဖွင့်ဆိုဆွေးနွေးချက်များထဲတွင်
အဓိကအားဖြင့် '' ငါနှင့်မတူ ငါ့ရန်သူဆိုတာ ဒီမိုကရေစီကျင့်စဉ်မဟုတ်ကြောင်း ၊
နိုင်ငံရေးဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရေးဖြစ်ကြောင်း ၊ မျိုးစောင့်ဥပဒေသည် ဘာသာရေးနှင့် လူမှုရေးတို့ကို တာဝန်ယူမှာဖြစ်ကြောင်း ၊ မျိုးစောင့်ဥပဒေဆိုတဲ့ အုဌ်တံတိုင်းကြီးရှိနေမည်ဆိုလျင် ဆန်ပေး၊ ဆီပေးနှင့် တိုးတိုးတိတ်တိတ် ဘာသာခြားတို့စည်းရုံးခွင့်ရှိတော့မည် မဟုတ်ကြောင်း ၊ ဒီနှစ် ဒီဥပဒေဖြစ်ပေါ်လာတာဟာ ထောက်ခံမဲများလို့သာ နောက်တက်မည့် အစိုးရခေတ်မှာလည်း ကန့်ကွက်မဲတွေများလာရင် ဒီလိုဥပဒေမျိုးဖြစ်ပေါ်လာနိုင်ဖွယ်မရှိ ကြောင်း ၊ ပြည်သူအုပ်ချုပ်မင်းလုပ်ကြမည့် လွှတ်တော်အမတ်လောင်းများကို ဒီမျိုးစောင့်ဥပဒေကို သဘောတူပါသလား? ထောက်ခံပါသလား? ဟု အရင်မေးခွန်းထုတ်ကြရမည်ဖြစ်ကြောင်း၊ ငြင်းပယ်ရင် ကန့်ကွက်ရင် မျိုးစောင့်ဥပဒေစာအုပ်အရင်ပေးဖတ်သင့်ကြောင်း ၊ သဘောတူပါတယ် ထောက်ခံပါတယ်ဆိုမှသာ ထို ပါတီ အမတ်လောင်းများကို မဲပေးသင့်ကြောင်း၊ သို့မဟုတ်ပါက မဲမပေးသင့်ကြောင်း ၊ နိုင်ငံသားကောင်းပီသတယ်ဆိုရင် မျိုးစောင့်ဥပဒေစာအုပ် ဝယ်ဖတ်သင့်ကြောင်း၊  စသည်အတိအလင်း မိန့်ကြားသွားပါသည် ။

၎င်းအောင်ပွဲကြီးသို့တက်ရောက်စာရင်းမှာ ၁၅၀၀၀ တစ်သောင်းခွဲခန့်ရှိပြီး လုံခြုံရေးပိုင်းဆိုင်ရာကူညီအင်အားဖြည့်
ကြသောဌာနဆိုင်ရာများမှာတော့  ပေါက်မြို့ မြို့မရဲစခန်းမှ ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့် ၁၃ ဦး
စုစုပေါင်း ရဲ ၁၅ ဦးဖြစ်ကြောင်းလည်းသိရသည် ။


ဝိဘဇ္ဇသွေး

25.10.2015\


























No comments:

Post a Comment