Wednesday, October 28, 2015

“အမြင်မကြည်သူများနှင့် ဆွေးနွေးလိုကြောင်း ဦးဝီရသူ ဖိတ်ခေါ်”


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အပေါ် အမြင်မကြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း မဘသ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။
မန္တလေး၊ အောက်တိုဘာ ၂၇
ကျော်ဝေမင်း
မဘသအဖွဲ့နှင့် ၎င်းအပေါ်တွင် အထင်အမြင်လွဲမှားနေသူများ၏ မေးမြန်းမှုအား ဖြေကြားရန် အသင့်ရှိနေကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကျင်းပရန်လည်း အစီအစဉ်ရှိကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
“ဦးဇင်းတို့အပေါ် မေးထားတဲ့ မေးခွန်းတွေ၊ ဦးဇင်းတို့ကို ရေးထားတဲ့ Comment တွေကို နေ့တိုင်းလိုလို ကြားနေ မြင်နေရပါတယ်။ အဲဒါကို ဦးဇင်းအနေနဲ့ အဖြေတွေလည်း ရှိပြီးသားပါ။ ဒါပေမယ့် အကုန်လုံးကို လိုက်ဖြေမပေးဘူး ဆိုတာကလည်း အချိန်မရှိတဲ့အတွက်ပါ။ အဲဒါကြောင့် ဦးဇင်းအနေနဲ့ အခုတော့ ပြည်တွင်းက ရဟန်းရှင်လူတွေရော၊ ပြည်ပက နိုင်ငံရေးတတ်သိနားလည်သူတွေ၊ ပညာရှင်တွေရော အကုန်လုံးနှင့် တွေ့ဆုံဆွေးနွေးတာမျိုးလေး လုပ်ချင်ပါတယ်”ဟု ဆရာတော်ဦးဝီရသူက ဆက်မိန့်သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးလိုက်ခြင်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကြီးအတွက်လည်း အကျိုသက်ရောက်မှု တစ်စုံတစ်ခု ရှိလာနိုင်ကြောင်းလည်း ဆရာတော်က မိန့်သည်။
မဘသအဖွဲ့နှင့် ဆရာတော်ဦးဝီရသူအား အမျိုးဘာသာ သာသနာရေးလုပ်ငန်းများ လုပ်ဆောင်မှုတွင် ဝေဖန်မှုတချို့နှင့် ရင်ဆိုင်နေရပြီး ဘာသာရေးနှင့် နိုင်ငံရေးပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များလည်း ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။
ဆရာတော်ဦးဝီရသူသည် မန်းခရိုင်အတွင်းတွင် ပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အင်တာဗျူးပြုလုပ်၍ မန္တလေးခရိုင်အတွင်းရှိ တစ်မြို့နယ်လျှင် အခွေတစ်ထောင်ခန့် ဖြန့်ဝေမည်ဟု ခန့်မှန်းထားသည်။
28.10.2015 မန္တလေး အလင်း



No comments:

Post a Comment