ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မဟာဝိဇယာရာမ(မြို့လယ်) ကျောင်းတိုက်၌ ရေတာရှည်မြို့ပေါ်ရှိ ဓမ္မစကူးလ်ငါးကျောင်း စုပေါင်း၍ ၁၃၇၇-ခု၊ သီတင်ကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နှင့် ဆီမီးပူဇော်ပွဲ ကျင်းပခဲ့ကြသည်။
အခမ်းအနားအစီအစဉ်များ
၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
၂။ ရေတာရှည်မြို့ မဟာဝိဇယာရာမကျောင်းတိုက် ဆရာတော်ထံ ပရိသတ်များက သရဏဂုဏ် သီလတောင်းခံခြင်း။
၃။ ရေတာရှည်မြို့ ရွှေဝက်တိုးဆရာတော်က အဘိဓမ္မာအခါတော်နေ့ သမိုင်းကြောင်းရှင်းပြခြင်း။
၎။ ရေတာရှည်မြို့ မင်္ဂလာသိရီဆရာတော်က မီးထွန်းပွဲသမိုင်း ရှင်းပြခြင်း။
၅။ အခမ်းအနားတက်ရောက်သော ဓမ္မစကူးလ်ငါးကျောင်းမှ ဆရာတော်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ (၃)ပစ္စည်းကို ကမ္ဘာ့အသံဖြင့် ရွတ်ဖတ်ပူဇော်ကြခြင်း။
၆။ မြို့လယ်ဆရာတော်က ကမ္ဘာ့အသံထွက်အကြောင်း အနည်းငယ်မျှ ရှင်းပြခြင်း။
၅။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊ အဘိဓမ္မဒေသနာ စိရံ တိဋ္ဌတု၊ ပဋ္ဌာနဒေသနာ စိရံ တိဋ္ဌတု-ဟု ရွတ်ဆိုလျက် အခမ်းအနားကို ပြီးဆုံးစေခြင်း။
ဤအစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့ကြသည်။
အရှင်ဝရုဏာလင်္ကာရ (ရေတာရှည်)












No comments:
Post a Comment