Tuesday, October 13, 2015

“ရှမ်း/မြောက်(မဘသ)နှင့်အမေရိကန်သံအမတ်တွေ့ဆုံခြင်း အပိုင်း(၁)”


အမေရိကန်သံအမတ်-
သံအမတ်ကြီးဖြစ်တဲ့ အတွက် အလုပ်ကတော့နားထောင်တဲ့အလုပ်ပါဘဲ။ အများကြီးနားထောင်ချင်ပါတယ်။ အခုရွေးကောက်ပွဲ အကြောင်း၊ လူမှုဆိုင်ရာစိန်ခေါ်မှုတွေအကြောင်း၊ အဲဒီဟာတွေအားလုံးကိုကြားချင်ပါတယ်။ ဒီလူ့အသိုင်းအ၀ိုင်းတွေမှာ ဒီရွေးကောက်ပွဲ လူမှုစိန်ခေါ်မှုတွေက ဘယ်လို အကျိုးသက်ရောက်မှုရှိကြောင်း ကြားချင်ပါတယ်။ ဒီမှာရှိတဲ့ အရှင်ဘုရားတို့က ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို ကြားချင်ပါတယ်။ လားရှိုးမြို့ရဲ့အခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှု့ အခြေအနေများကို နားထောင်ချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေသိသင့်လဲ သံအမတ်အနေနဲ့ ဘာတွေသိသင့်လဲကြားချင် ပါတယ်။

ဦးအကုၤရ-
မ.ဘ.သ အနေနဲ့ဆိုတော့ မ.ဘ.သ ခေါင်းစဉ်အောက်ကနေဘဲပြောပါမယ်။ မ.ဘ.သဟာ ဘယ် လိုရပ်တည်တယ်။ ဘယ်လိုလုပ်ဆောင်တယ်။ ဘယ်လိုမူဝါဒတွေ ဘယ်လိုရည်ရွယ်ချက်တွေ ဘယ်လိုလုပ်ဆောင် ချက်တွေနဲ့ သွားနေတယ်ဆိုတဲ့ အခန်းကဏ္ဍကိုပြောပါ့မယ်။မ.ဘ.သဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်အတွက် ဓမ္မ၀ိနယနှင့်အညီ ဓမ္မ၀ိနယဆိုတာ ဥပဒေဘောင်အတွင်းကနေ အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက် မည်သည့်ပုဂ္ဂိုလ် ပါတီအဖွဲ့ အစည်းကိုမှ ဘက်မလိုက်ဘဲရပ်တည်တယ်။
မ.ဘ.သအဖွဲ့ဖြစ်လာတဲ့ အကြောင်းအရင်းကလည်း အကြမ်းဖက်မှု ပဋိပက္ခပြေငြိမ်းဖို့  မဖြစ်ဖို့(တနည်း) ငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံးလိုလားတောင့်တနေတဲ့ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ဖို့၊ မိမိတို့၏ တိုင်းရင်းသားတွေ ခံစားနေရတဲ့ဒုက္ခတွေကို မျှဝေခံစားပြီး အားပေး ဖေးမ ကူညီ ရပ်တည် စောင့်ရှောက်ပေးဖို့ အတွက်ပါ။
အခုမျိုးစောင့်ဥပဒေက မ.ဘ.သလုပ်ငန်းစဉ်ရှိတဲ့ အထဲကတစ်ခုဖြစ်တယ်။ မတူညီတဲ့ ဘာသာနှစ်ခုကြားထဲ အိမ်ထောင်ပြုမှု ဘာသာကူးပြောင်းမှုတွေကနေစပြီးတော့ တစ်ဖက်ဘာသာထဲ အလိုမတူဘဲ အတင်းအဓမ္မသွတ်သွင်း ကူးပြောင်းစေမှုတွေ ရှိလာတဲ့အတွက် ၁၉၅၄ ဥပဒေကလဲ ပြည့်ပြည့်စုံစုံ ကာကွယ်ပေးမှုမရှိတဲ့အတွက် ဒီအမျိုးစောင့်ဥပဒေကို တစ်နိုင်ငံလုံးအင်အားနဲ့ တောင်းဆိုတာ မ.ဘ.သ လုပ်ငန်းစဉ် တစ်ခုအနေနဲ့ အောင်မြင်ပြီးဆုံးသွားပါပြီ။
ဗုဒ္ဓဘာသာကလွှဲလို့ တစ်ခြားဘာသာသုံးခု ဥပဒေထဲမှာ  သူတို့ဘာသာထဲဝင်မှသာလျှင် သူတို့အမျိုးသ္မီးနဲ့ ယူလို့ရတယ်ဆိုတဲ့ ဟာမျိုးရှိတယ်။ သို့သော် အခုဦးဇင်းတို့ မဘသအဖွဲ့ကဦးဆောင်တောင်းဆိုပြီး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးစောင့်ဥပဒေက အဲ့လို မဟုတ်ဘူး။ မ၀င်လဲယူလို့ရတယ်။ လွတ်လွတ်လပ်လပ်ကိုးကွယ်လို့ရ တယ်ဆိုတဲ့ အပိုင်းမှာ အခြားဘာသာနဲ့ ယှဉ်လိုက်ရင် လူ့အခွင့်အရေးချိုးဖောက်ဖို့ နေနေသာသာ ကိုယ်ဘက်က တောင်ရှုံးနေပါသေးတယ်။အမျိုးစောင့်ဥပဒေ(၄)ရပ်အနေနဲ့ တခန်းတကဏ္ဍအနေနဲ့ ပြီးသွားပြီးဆိုပေမဲ့ လုပ်ငန်းတွေအများကြီးရှိပါသေးတယ်။
မ.ဘ.သ ဆိုတဲ့နေရာမှာ
မ-ဆိုတာ အမျိုး။ တိုင်းရင်းသား၁၃၅မျိုးလုံးကိုဆိုလိုပါတယ်။
ဘ-ဆိုတာ ဘာသာ။
ဘာသာကြီး(၄)လုံးကိုဆိုလိုပါတယ်။
သာသနာဆိုတာ- အဆုံးအမပါ။
ဘာသာကြီး(၄)ခုဆိုတဲ့ အပိုင်းမှာ အခြားဘာသာကိုရော စောင့်ရှောက်သလားဆိုတော့ စောင့်ရှောက်တယ်လို့ ဖြေရမှာဘဲ။ ဘယ်လိုနည်းနဲ့စောင့်ရှောက်သလဲဆိုရင် တခြား ဘာသာ-သသနာကို မဖျက်ဆီး မနှောက်ယှက်ခြင်းသည်ပင်လျှင် စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့ဘာသာအနေနဲ့ အခြားဘာသာကို ဖျက်ဆီးတာ၊ စော်ကားတာ တခုမှမရှိဘူး။ သို့သော် အဲဒီမေးခွန်းကိုဘဲ အခြားဘာသာတွေကို ပြန်မေးချင်ပါတယ်။
တခြားဘာသာတွေကလဲ အဲဒီလိုစောင့်ရှောက်ရင် ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။
ဦးဇင်းတို့က ငြိမ်းချမ်းရေးနဲ့ အမှန်တရားကို အဓိကထားလုပ်ဆောင်တယ် ဦးတည်တယ်ဆိုတဲ့အတွက် တဲ့တဲ့ပြောရရင် မငြိမ်းချမ်းနိုင်တဲ့အချက်တွေကို သင်ကြားနေ ညွှန်ကြားနေ ခိုင်းစေနေ မှိုင်းတိုက်နေတာ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတာကြောင့် သူတို့လုပ်ရပ်တွေကို ထိပ်တိုက်ဆန့်ကျင်မှုလုပ်နေရတာသည် အမှန်တရားအတွက် ငြိမ်းချမ်းဖို့အတွက်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အားလုံးသော ငြိမ်းချမ်းရေး သမားတွေကလည်း အမှန်တကယ်ငြိမ်းချမ်းချင်တယ်ဆိုရင် အဲ့ဒီမငြိမ်းချမ်းတဲ့ တိုက်ဖို့ ခိုက်ဖို့ သတ်ဖို့ ဖြတ်ဖို့ သင်ကြား ညွှန်ကြား ခိုင်းစေ မှိုင်းတိုက်နေတဲ့ အစ္စလာမ်ဝါဒကို ဆန့်ကျင်ရမှာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ လုပ်ငန်းစဉ်က ငြိမ်းချမ်းချင်တဲ့ ပုဂ္ဂိုလ်တိုင်း လုပ်ရမှာဖြစ်ပါတယ်။

                                                  ဦးအကုၤရ(လားရႈိး)



No comments:

Post a Comment